backup og meta

ကလေးနို့ဘူး ဘယ်လိုဖျော်မလဲ

အာဟာရနို့မှုန့်တွေဟာ ကလေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေကိုဖြည့်ဆည်းပေးဖို့ စီမံထုတ်လုပ်ထားတာဖြစ်ပါတယ်။ မိခင်နို့မသောက်သုံးရတဲ့ကလေးတွေ ဒါမှမဟုတ် မိခင်နို့အဓိကတိုက်ကျွေးပေမယ့် အလုပ်များတဲ့အချိန် နို့ဘူးနဲ့ထားခဲ့ရတဲ့ ကလေးတွေအတွက် အထူးသဖြင့် တိုက်ကျွေးကြပါတယ်။ ဒါပေမယ့် နို့မှုန့်ကို ရေနဲ့ဖျော်၊ နို့ဘူးထဲထည့်ပြီး ကလေးကို တိုက်လိုက်ရုံနဲ့ ရပြီလား။ မဟုတ်ပါဘူးနော်။ နုနယ်တဲ့ကလေးတွေအတွက်က အသေးစိတ်ဂရုမစိုက်ဘဲဆိုရင် အာဟာရအပြည့်အဝမရနိုင်တဲ့အပြင် မလိုလားအပ်တဲ့ရောဂါပိုးတွေကိုပါ အပိုဆုအဖြစ် ရသွားနိုင်ပါတယ်။

နို့ဘူးဖျော်ဖို့၊ နို့ဘူးတိုက်ဖို့နဲ့ပတ်သက်ပြီး ကလေးကျန်းမာရေးအတွက် သိထားသင့်တဲ့အချက်တွေကို ဒီမှာဖော်ပြပေးချင်ပါတယ်။ နို့ဘူးဖျော်နည်းအဆင့်ဆင့်လည်း ပါတာပေါ့လေ။ အခုမှ သားဦး သမီးဦးမွေးဖွားထားတဲ့မေမေတို့အတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ထင်ပါတယ်။

အဆင့် (၁)။ ။နို့ဘူးဖျော်ဖို့ရေနွေးအရင်တည်ပါ (ဆူထားပြီးသားရေနွေးအဟောင်းတွေ မသုံးပါနဲ့)။

အဆင့် (၂)။ ။ဆူပြီးရင်ရေနွေးကို မိနစ် ၃၀လောက်ပဲ ခပ်နွေးနွေးအနေအထားထိ အအေးခံပါ။

အဆင့် (၃)။ ။ဘာမှ မလုပ်ခင်လက်ကို စင်အောင်ဆေးပါ။

အဆင့် (၄)။ ။နို့ဘူး၊ နို့သီးခေါင်း၊ အဖုံး စတာတွေကို နို့ဘူးပေါင်းစက်ထဲ ၅ မိနစ်လောက်အရင်ပိုးသတ်ပါ။ မရှိရင် သမားရိုးကျအတိုင်းရေနွေးနဲ့ပြုတ်ပါ။

အဆင့် (၅)။ ။ နို့မှုန့်ဘူးမှာပါတဲ့ အညွှန်းအတိုင်းရေပမာဏကို နို့ဘူးထဲထည့်ပါ။ရေပမာဏကို မပို၊မလိုစေဖို့သေချာဂရုစိုက်ပါ။

အဆင့် (၆)။ ။ဘူးမှာပါတဲ့ အညွှန်းအတိုင်းပဲ နို့မှုန့်ကိုခပ်ထည့်ပါ။ သူ့ဘူးထဲက ဇွန်းခွက်လေးကိုသာသုံးပါ။ အချင်အတွယ် ပမာဏ မှန်ကန်စေဖို့ပါ။

အဆင့် (၇)။ ။နို့ဘူးမှာ နို့သီးခေါင်းတပ်ပြီးတဲ့အခါ အဖုံးအုပ်ပြီး နို့မှုန့်တွေပျော်ဝင်တဲ့အထိ ဘူးကိုလှုပ်ခါ(ခလောက်)ပါ။ဖျော်ထားတဲ့နို့ကို သောက်လို့ရတဲ့အနေအထားအထိ အအေးခံဖို့အရေးကြီးပါတယ်။ အမြန်အေးချင်ရင်ရေအေးထဲမှာ နို့ဘူးကို တဝက်နှစ်ပြီးမွှေခါပေးပါ။

အဆင့်(၈)။ ။ကလေးကိုမတိုက်ခင် ကိုယ့်လက်မှာ အစက်ချပြီး အပူချိန်ကို တခေါက်ပြန်စစ်ဖို့လိုပါတယ်။ မပူ၊ မအေးတဲ့နွေးနွေးလေး အနေအထားကအတော်ပါပဲ။ မိခင်နို့ရည်လိုမျိုး ခန္ဓါကိုယ်အပူချိန်လောက်ပဲဖြစ်သင့်ပါတယ်။

သတိထားရမယ့်အချက်တွေရှိပါတယ်

နို့ဘူးဖျော်တဲ့အပိုင်းကပြီးပြီဆိုတော့ အရေးကြီးတဲ့အချက်လေးတွေကို ဆက်ပြောပြမယ်နော်။ ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးတွေဖြစ်စေချင်ရင်တော့ ဒါတွေ မမေ့ဖို့ သတိပေးချင်ပါတယ်။

  • နို့မှုန့်တွေက ထုတ်လုပ်တဲ့ကုမ္ပဏီမတူကြသလို နို့မှုန့်နဲ့ရေအချိုးအစားအညွှန်းတွေလည်း ကွဲပြားနိုင်တာကြောင့် ဘူးမှာပါတဲ့အညွှန်းကိုသေချာဖတ်ပါ။
  • နို့ဘူးဖျော်တဲ့အခါ နို့မှုန့်ကို ပိုလည်းမထည့်ပါနဲ့၊ ကလေးကိုဝမ်းချုပ်စေနိုင်တယ်၊ရေဓါတ်ခန်းခြောက်စေနိုင်တယ်။ အညွှန်းထက်လည်း လျှော့မထည့်ပါနဲ့၊ လိုအပ်တဲ့အာဟာရဓါတ်ေတွအလုံအလောက်မရဘဲရေတွေချည်းသောက်သလိုဖြစ်နေပါလိမ့်မယ်။
  • ကလေးနို့ဘူးထဲမှာ သကြားတွေ၊ တခြားအရာတွေ ထပ်မထည့်ပါနဲ့။
  • နို့ဘူးကို မိုက်ခရိုဝေ့ဖ်ထဲမှာ ဘယ်တော့မှ မနွှေးပါနဲ့။ တိုက်ရိုက်အပူမပေးဘဲ ရေနွေးထဲ ခဏစိမ်ပြီး နွှေးလို့ရပါတယ်။
  • ဖျော်ပြီးသားနို့ဘူးကို ပြင်ပမှာ တစ်နာရီထက်ကျော်ရင် မတိုက်သင့်ပါဘူး။ရေခဲသေတ္တာထဲထည့်သိမ်းလို့ရတယ်ဆိုပေမယ့်သောက်ပြီးသားလက်ကျန်ဆိုရင် ကပ်ငြိသွားနိုင်တဲ့ဘက်တီးရီးယားတွေကရေခဲသေတ္တာထဲမှာဆို ပွားများလာနိုင်လို့ စွန့်ပစ်လိုက်တာကောင်းပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.nhs.uk/conditions/pregnancy-and-baby/making-up-infant-formula/

Accessed Nov 28, 2018.

https://kidshealth.org/en/parents/formulafeed-storing.html

Accessed Nov 28, 2018.

https://www.babycentre.co.uk/a555284/making-up-a-bottle

Accessed Nov 28, 2018.

https://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/infant-formula/art-20045791

Accessed Nov 28, 2018.

ယခုပုံစံ

20/07/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေအတွက် အရေးကြီးတဲ့ အာဟာရပြည့်ဝမှု

ကလေးနို့တိုက်နေတဲ့မေမေတိုင်း သိသင့်တဲ့ ရှောင်ရန် ဆောင်ရန် အချက်တွေ။ ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement