backup og meta

ကလေးအတွက် အကောင်းဆုံးနို့မှုန့် ရွေးချယ်မယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးအတွက် အကောင်းဆုံးနို့မှုန့် ရွေးချယ်မယ်

    ဆရာဝန်တွေကတော့ မေမေတွေကို ရင်သွေးကို မိခင်နို့တိုက်ကျွေးတာက အကောင်းဆုံးလို့ပြောမှာပါပဲ။ ဒါမှန်ပါတယ်။ ကလေးအတွက် မိခင်နို့သာ အကောင်းဆုံးနဲ့ အာဟာရအပြည့်ဆုံး ဖြစ်တာကြောင့် အနည်းဆုံး ၆လအထိ မိခင်နို့ကို တိုက်ပေးရမှာပါ။ ဒါ‌ပေမဲ့ မိခင်ရဲ့ ကျန်းမာရေးအခြေအနေ၊ ‌သောက်နေတဲ့ ဆေးဝါးတွေကြောင့် မိခင်နို့ တိုက်လို့ မရတဲ့အခြေအနေတွေလည်း ရှိပါတယ်။ ဒါဆိုရင်တော့ နို့မှုန့် တိုက်ရမှာပါ။ ဒါဆိုရင် ကလေးအတွက် အကောင်းဆုံးနို့မှုန့် ကို ဘယ်လိုရွေးချယ်ရမလဲဆိုတာ သိထားသင့်ပါတယ်။

    နို့မှုန့်အမျိုးအစားတွေက ဘာတွေလဲ

    နို့မှုန့်တွေက အဓိကအားဖြင့်တော့ ၄ မျိုးရှိနေပါတယ်။ ဒါတွေကတော့

    • နွားနို့ကို အခြေခံပြီးထုတ်ထားတဲ့ နို့မှုန့်
    • ဆိတ်နို့ကို အခြေခံပြီးထုတ်ထားတဲ့ နို့မှုန့်
    • hydrolysed protein ကို အခြေခံပြီးထုတ်ထားတဲ့ နို့မှုန့်
    • ပဲနို့ကို အခြေခံပြီးထုတ်ထားတဲ့ နို့မှုန့် တို့ပဲဖြစ်ပါတယ်။

    ဒါ့ပြင် လက်တို့စ်မပါ နို့မှုန့်၊ အော်ဂဲနစ်နို့မှုန့် စသဖြင့် အစားစား ရှိပါသေးတယ်။

    နွားနို့ကိုအခြေခံပြီး ထုတ်ထားတဲ့နို့မှုန့် – ကလေးနို့မှုန့်တော်တော်များများက နွားနို့ကနေရတဲ့ ပရိုတင်းပေါ်မှာ အခြေခံပြီးထုတ်ထားတာပါ။ အဲ့မှာမှ Wheyလား၊ Caesinလားဆိုပြီး ထပ်ခွဲထားပါသေးတယ်။ ဒါ့ပြင် သံဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ထပ်ထည့်ထားပါသေးတယ်။

    ဆိတ်နို့ကိုအခြေခံပြီး ထုတ်ထားတဲ့နို့မှုန့် – ဆိတ်နို့ကနေ ထုတ်ထားတဲ့နို့မှုန့်က နွားနို့ကနေ ထုတ်ထားတဲ့ နို့မှုန့်နဲ့ ဆင်တူပါတယ်။ ဒါကြောင့် နွားနို့နဲ့ ဓာတ်မတည့်တဲ့ ကလေးငယ်တွေကို ဆိတ်နို့ကိုအခြေခံပြီးထုတ်ထားတဲ့ နို့မှုန့်ကိုလည်း မတိုက်သင့်ပါဘူး။ ဓာတ်မတည့်မှု ခံစားရနိုင်ပါတယ်။

    Hydrolysed protein ကိုအခြေခံပြီးထုတ်ထားတဲ့ နို့မှုန့် – ဒီနို့မှုန့်မှာ အစာကြေလွယ်စေဖို့အတွက် ပရိုတင်းတွေကို ပုံမှန်ထက် ချေဖျက်ရလွယ်စေမယ့် ပုံစံနဲ့ ပြုလုပ်ပေးထားပါတယ်။ အစာကြေခဲတဲ့ ကလေးငယ်တွေအတွက် သင့်တော်ပါတယ်။ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေလည်း နည်းတယ်လို့ ဆိုပါတယ်။

    ပဲနို့ကို အခြေခံပြီးထုတ်ထားတဲ့နို့မှုန့် – ဒီအမျိုးအစားကတော့ အပင်ကရတဲ့ ပရိုတင်းပေါ်မှာ အခြေခံပြီးထုတ်ထားတာပါ။ နွားနို့ကို အခြေခံပြီးထုတ်ထားတဲ့ နို့မှုန့်တွေမှာပါတဲ့ CMP လို့ခေါ်တဲ့ ပရိုတင်းမပါဝင်သလို lactose လည်းမပါဝင်ပါဘူး။ ဒါကြောင့် ပဲနို့ကို အခြေခံပြီးထုတ်ထားတဲ့ နို့မှုန့်က နွားနို့မှာပါတဲ့ ပရိုတင်းနဲ့ ဓာတ်မတည့်တဲ့ ကလေးတွေ၊ လက်တို့စ်နဲ့ ဓာတ်မတည့်တဲ့ ကလေးတွေအတွက် သင့်တော်ပါတယ်။

    ကလေးအတွက် အကောင်းဆုံးနို့မှုန့် ရွေးချယ်တဲ့အခါ ဒီအချက်တွေကို သတိထားပါ

    နို့မှုန့်က မိခင်နို့လောက်တော့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ပဋိပစ္စည်းတွေ မပါဝင်တာ မှန်ပေမယ့် မဖြစ်မနေတိုက်ဖို့လိုလာပြီဆိုရင်တော့ ကလေးအတွက် လိုအပ်တဲ့ အာဟာရ‌တွေ ပါဝင်တာကို ဝယ်ဖို့ လိုပါတယ်။ ဘာတွေပါသင့်လဲဆိုတော့

    ကလေးအတွက် နို့မှုန့်ရွေးတဲ့အခါ သံဓာတ်ပါတာကိုရွေးချယ်ဖို့လိုပါတယ်။ မိခင်နို့ကနေ သံဓာတ်ကိုရနိုင်ပေမယ့် နို့မှုန့်တိုင်းမှာ သံဓာတ်ပါဝင်ဖို့ကတော့ နည်းနည်းခက်ပါတယ်။ သံဓာတ်က ကလေးကို သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တာကြောင့် နို့မှုန့်ရွေးချယ်တဲ့အခါ သံဓာတ်ပါဝင်တာကိုရွေးချယ်ပေးပါ။

  • Omega 3
  • Omega 3က ကလေးငယ်တွေရဲ့ နှလုံးကို ကျန်းမာစေနိုင်သလို အရိုးတွေကိုလည်း သန်မာစေပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ပေးပြီး မျက်လုံးနဲ့ အာရုံကြောစနစ်ဖွံ့ဖြိုးဖို့လည်း လိုအပ်ပါတယ်။

  • Docosahexaenoic acid (DHA)
  • ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေ ကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်စေဖို့အတွက်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ Fatty Acid တစ်မျိုးပါ။ ဒါကြောင့် သားသားမီးမီးလေးတွေကို ဦးနှောက်ဖွံ့ဖြိုးစေဖို့အတွက် DHA ပါတဲ့ နို့မှုန့်ရွေးဖို့ မေမေ့ပါနဲ့။

    ဒီဓာတ်က ကလေးငယ်တွေကျန်းမာစေဖို့ အထောက်အပံ့ပေးပါတယ်။ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု၊ ဦးနှောက်နဲ့ အမြင်အာရုံဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ Fatty acid တစ်မျိုးဖြစ်ပါတယ်။

    ကလေးကို နို့မှုန့်တိုက်မယ်ဆိုရင်  ဒီအချက်တွေကို သတိထားပါ။

    မိခင်နို့ တိုက်ဖို့ မဖြစ်နိုင်လို့ ကလေးကို နို့မှုန့်တိုက်ရပြီဆိုရင် အစစအရာရာ သတိထားဖို့ လိုပါတယ်။ နို့မှုန့်တိုက်ရတာ မိခင်နို့တိုက်ရတာလောက် မလွယ်ကူပါဘူး။

    • ကလေးအတွက် ထုတ်ထားတဲ့ ဖော်မြူလာ နို့မှုန့်ကိုပဲ တိုက်ပါ။ ကော်ဖီဖျော်တဲ့ နို့မှုန့်တွေ၊ creamyတွေ မရပါဘူး။
    • နွားနို့ကို အခြေခံထားတဲ့ နို့မှုန့်ကို တိုက်လို့ ရပေမဲ့ နွားနို့ကို ကျိုပြီး တိုက်လို့ မရပါ။ ကလေးက နွားနို့ကို ကောင်းကောင်း မချေဖျက်နိုင်ပါဘူး။
    • ဖော်မြူလာနို့မှုန့်ကို တိုက်မယ်ဆိုရင် မယ်လမင်း ပါမပါ သေချာစစ်ပါ။ Melamine ဓာတ်က ကျောက်ကပ်နဲ့ သည်းခြေကျောက်တည်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနဲ့ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
    • ဖော်မြူလာနို့မှုန့်တွေကို ဖျော်တဲ့အခါ နို့မှုန့်နဲ့ ရေနဲ့ အချိုးအဆကို ဘူးမှာ ပြထားတဲ့အတိုင်းပဲ ဖျော်ပါ။ ‌မဟုတ်ရင် ကလေးချွဲကျပ်တာ၊ ဝမ်းသွားတာတွေ ဖြစ်တတ်ပါတယ်။
    • နို့မှုန့်ဖျော်ခါနီးတိုင်း လက်ဆေးပါ။ နို့ဘူးတွေ၊ နို့သီးခေါင်းတွေကို သေချာပိုးသတ်ပါ။
    • ကလေးအတွက် ဘယ်နို့မှုန့်က သင့်တော်တယ်၊ ဘယ်လောက်တိုက်သင့်တယ်ဆိုတာကို သိဖို့ lactation consultant ဒါမှမဟုတ် အာဟာရဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement