backup og meta

ဘေဘီလေးတွေ ကြောင်လေးတွေကြောင့် ထိခိုက်မှု ကင်းစေဖို့

ဘေဘီလေးတွေ ကြောင်လေးတွေကြောင့် ထိခိုက်မှု ကင်းစေဖို့

ဘေဘီလေး အန္တရာယ်ဖြစ်မှာလည်း စိုးတယ်။ ကြောင်လေးတွေကိုလည်း ချစ်တယ်။ နှစ်ခုလုံး အဆင်ပြေတာ ရှိပါ့မလား ဆိုပြီး စိတ်ညစ်နေတယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဘေဘီလေးတွေ ကြောင်လေးတွေကြောင့် ထိခိုက်မှု ကင်းစေဖို့ နည်းလမ်းလေးတွေကို ဝေမျှပေးထားပါတယ်။

တချို့တွေ အိမ်မှာ ကြောင်လေးတွေကို ချစ်လို့ မွေးထားတတ်ကြပါတယ်။ ဒါပေမဲ့ ဘေဘီလေးကလည်း ရလာတော့မယ်ဆိုတော့ ကြောင်မွေးတွေက ဘေဘီလေးတွေကို ဒုက္ခပေးမှာလား။ အတူတူ ထားလို့ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိတတ်ကြပါတယ်။ ဘေးပတ်ဝန်းကျင်ကလည်း ကလေးတွေနဲ့ ကြောင်တွေနဲ့ဆို ရောဂါတွေ ရကုန်မယ်။ သူများကို ပေးရင်လည်း ပေး၊ ပစ်ရင်လည်း ပစ်ဆိုပြီး ဖိအားတွေ ပေးတဲ့အခါမှာ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘဲ ဗျာများပြီး ကိုယ်ချစ်တဲ့ ကြောင်လေးတွေနဲ့ ခွဲရဖို့အရေး အသည်းကွဲကြရသူတွေလည်း ဒုနဲ့ဒေးပေါ့။ ဒါကြောင့် ကြောင်လေးတွေ မွေးထားရင် ဘေဘီလေးတွေအတွက် အန္တရာယ်မဖြစ်အောင် ဘယ်လို ထားကြမလဲဆိုတဲ့ အကြောင်းလေးတွေ တင်ဆက်ပေးလိုက်ပါတယ်။

ဘေဘီလေးတွေ ကြောင်လေးတွေကြောင့် ထိခိုက်မှု ကင်းစေဖို့

ဘေဘီလေး အန္တရာယ်ဖြစ်မှာလည်း စိုးတယ်။ ကြောင်လေးတွေကိုလည်း ချစ်တယ်။ နှစ်ခုလုံး အဆင်ပြေတာ ရှိပါ့မလား ဆိုတော့

၁။ပထမဆုံးအနေနဲ့ အိမ်က ကြောင်လေးတွေကို ကာကွယ်ဆေး ထိုးထားပြီးတာ ကျိန်းသေပါစေနော်။

၂။ကြောင်လေးတွေနဲ့ ဘေဘီလေးကို သေချာ မိတ်ဆက်ပေးဖို့ အရေးကြီးပါတယ်။

ဘာလို့လဲဆိုတော့ ကြောင်လေးတွေအတွက်က ဘေဘီလေးဟာ သူမမြင်ဖူးတဲ့ ဂြိုဟ်သားတစ်ကောင်လည်း ဖြစ်နေနိုင်လို့ပါ။ ဘေဘီလေးရဲ့ အနံ့၊ ကီးအမြင့်နဲ့ အော်တဲ့ အသံတွေက သူ့အတွက် ထူးဆန်းနေမှာ ဖြစ်သလို ဘေဘီလေးရဲ့ လှုပ်ရှားမှုတွေကလည်း ကြောင်လေးတွေကို ကြောက်ရွံ့စေပါတယ်။ ကြောက်ကြောက်နဲ့ လုပ်မိလုပ်ရာ လုပ်လိုက်ရင် ကိုယ်ပဲ ရင်ကွဲရမှာ မဟုတ်လား။ ဒီတော့

၃။ကြောင်လေးတွေကို ဘေဘီလေး ရောက်လာရင် ရှိလာမယ့် အပြင်အဆင်တွေနဲ့ အရင် မိတ်ဆက်ပေးထားပါ။

၄။ကလေးငိုသံလေးတွေကို မကြာ မကြာဖွင့်ထားပါ။

ကြောင်လေးတွေဟာလည်း အသံနဲ့ ဆက်သွယ်ပြောဆိုတတ်တဲ့ အမျိုးပါ။ ကလေးငိုသံဟာ ကြောင်ပိစိလေးတွေ စိတ်ပင်ပန်းကြီးစွာ ငိုတဲ့ အသံနဲ့ တူတတ်တာကြောင့် ဒါကို နားထောင်ရင် ကြောင်လေးတွေလည်း စိတ်ဆင်းရဲတတ်ပါတယ်။ ဒါပေမဲ့ အကျင့်လုပ်ထားပေးလိုက်ပါ။ ဒီ အသံကို သေချာ စူးစမ်းပြီးချိန်မှာတော့ သူတို့ကို စိတ်အေးစေမယ့် အရာလေးတွေ ဖွင့်ပြပေါ့။ သူတို့ ကြိုက်တဲ့ ကစားနည်းကို သူတို့နဲ့အတူ ဆော့ပေးပြီးမှ ဒါလေးတွေ ဖွင့်ပြမယ်ဆိုရင် ကြောင်လေးတွေ နားယဉ်သွားမှာပါ။

၅။အနံ့သစ်တွေနဲ့ မိတ်ဆက်ပေးပါ။

ကြောင်လေးတွေရဲ့ အနံ့ခံ အာရုံကောင်းတာ သိကြတယ် မဟုတ်လား။ ဆိုတော့ ဘေဘီလေးကို သုံးပေးမယ့် အနံ့အသစ်တွေနဲ့ ကြောင်လေးကို အရင် မိတ်ဆက်ပေးထားပါ။ ဆိုလိုတာက ဘေဘီပေါင်ဒါ နဲ့ ဘေဘီ လိုးရှင်းတွေကို လက်မှာ လိမ်းပြီး ကြောင်လေးနဲ့ အရင်ထိတွေ့ပေးတာမျိုး၊ ဘေဘီလေးရဲ့ အနံ့ပါတဲ့ စောင်လေးတွေနဲ့ ထိတွေ့ခိုင်းတာမျိုး လုပ်ပေးပါ။

ပြီးတော့ ဘေဘီလေး မွေးရင် သုံးဖို့ ထားထားတဲ့ ခြေအိတ်လေးတွေနဲ့ ကြောင်လေးတွေကို ပွေ့ဖက်ပေးတာ၊ ပွတ်ပေးတာမျိုး လုပ်ပေးပါ။ ဘေဘီလေးကို အိမ်ခေါ်လာရင် အဲဒီ ခြေအိတ်လေးတွေ ဝတ်လာခဲ့ပေးပါ။ ဒီခြေအိတ်လေးမှာ သူ့အနံ့ ကျန်နေခဲ့မှာမို့ ကြောင်လေးက သူ့ မိသားစုဝင်အဖြစ် တစ်ခါတည်း အသိအမှတ်ပြုမှာပါ။

၆။ဘေဘီလေးကို အိမ်ခေါ်လာပြီးရင် ကြောင်လေးနဲ့ သီးသန့် တွေ့ပေးပါ။

တစ်ကောင် နဲ့ တစ်ယောက်တည်း ဒီတိုင်း ထားလိုက်ဖို့ ပြောတာ မဟုတ်ပါဘူး။ ဘေဘီလေးကို ချီပြီး သူ့ခြေထောက်လေးတွေကို ကြောင်လေးကို ပေးနမ်းတာမျိုး၊ သေချာစူးစမ်းစေတာမျိုး လုပ်ပါစေ။ ဒီအချိန်မှာလည်း ကြောင်လေးရဲ့ အနံ့ပါတဲ့ ပစ္စည်းလေးတွေ ဆင်ထားပေးဖို့ မမေ့နဲ့နော်။

ပြီးတော့ ကြောင်လေးကို သေချာ ချီးကျူးပေးပါ။ သူကြိုက်တတ်တာလေးတွေ ကျွေးပါ။ ဒါဆိုရင်တော့ ဘေဘီလေးကို နူးနူးညံ့ညံ့ ဆက်ဆံတာကို သခင်တွေ ကြိုက်မှန်း သိပြီး ကြောင်လေးကလည်း နောက်ပိုင်း ဂရုတစိုက် ဆက်ဆံပါလိမ့်မယ်။

အိုး.. နောက်ဆုံးတစ်ချက်က

၇။ကြောင်လေးတွေကိုလည်း ကိုယ်ပိုင်နေရာလေး ပေးလိုက်ပါ။

ဆိုလိုတာက ဘေဘီလေးတွေ၊ တွားသွားတတ်ခါစ ကလေးတွေ လက်လှမ်းမီတဲ့ နေရာမှာ ထားလိုက်ရင် ကလေးတွေက ဆွဲမိဆွဲရာ လိုက်ဆွဲမှာကြောင့် သူတို့လေးတွေ နာသွားတတ်ပါတယ်။ ဘယ်နေရာမှာမဆို အပြန်အလှန် လေးစားမှုက အရေးပါတယ် မဟုတ်လား။

ဒါကြောင့် ကြောင်လေးတွေနဲ့ ဘေဘီလေးတွေနားမှာ အမြဲ ဂရုတစိုက် စောင့်ကြည့်ပါ။ ကြောင်လေးတွေကိုလည်း ပေးမနမ်းပါနဲ့နော်။ ပြီးတော့ ကိုယ်တိုင်လည်း ကလေးအတွက် ပြင်ပေးဆင်ပေးစရာတွေ ရှိရင် အမြဲ လက်ဆေးဖို့ သတိရပါ။

ဒါဆိုရင်တော့ ကြောင်လေးတွေနဲ့ ကလေးလေးတွေကို အန္တရာယ်ကင်းကင်း အတူတူ ထားလို့ ရပါပြီ။ ပျော်ရွှင်စရာ မိသားစုဘဝလေး ပိုင်ဆိုင်နိုင်ပါစေ။

ရေးသားသူ – Wathun Myet Chal

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.cdc.gov/healthypets/specific-groups/children.html

https://www.thesprucepets.com/introducing-cats-and-babies-553952

https://pets.webmd.com/cats/guide/new-baby-cat-safety#2

ယခုပုံစံ

01/02/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မီးညောင်လေးတွေ မွေးထားရင် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၇) ခု

ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ အိမ်မွေးကြောင်လေးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 01/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement