မီးညောင်လေးတွေ မေးစေ့ကို ကုတ်ပေးတဲ့အခါ၊ ပွတ်သပ်ပေးတဲ့အခါ သူတို့တွေဇိမ်ကျလို့ထွက်လာတဲ့ ဂရူးဂရူးသံလေးကို ညောင်သခင်တိုင်းသိတယ်ဟုတ်။ အဲဒီကျေနပ်နေတဲ့အသံလေးက သခင်တွေမှာဖြစ်နေတဲ့ အရိုးနဲ့ကြွက်သား နာကျင်မှုတွေ၊ ဝေဒနာတွေကို သက်သာစေနိုင်တဲ့ ကုထုံးအာနိသင်ဆက်နွှယ်မှု ရှိတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ သူတို့ကို ပျော်ရွှင်ကျေနပ်အောင် ထားလေ၊ အဲအသံထွက်လေ၊ သခင်တွေ ကျန်းမာလေပဲနော်။
အဲဒီ Purr သံက ကြိမ်နှုန်း 20-140 HZ အတွင်းရှိတယ်လို့ သိရပါတယ်။ ဆေးသိပ္ပံပညာအရ 18-35 HZ အတွင်းရှိတဲ့ ကြိမ်နှုန်းက အရိုးအဆစ်လှုပ်ရှားနိုင်စွမ်းအပေါ် ကောင်းကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။
Mayo Clinic ရဲ့ Sleep Medicine စင်တာ လေ့လာတွေ့ရှိမှုတစ်ခုအရ ကြောင်လေးတွေနဲ့ အတူအိပ်တဲ့သခင်တွေဟာ အိပ်စက်မှုပြဿနာတွေနည်းပြီး နှစ်နှစ်ခြိုက်ခြိုက်ပိုအိပ်ပျော်တယ်လို့ သိရပါတယ်။
(၅) ကိုယ်ခံအား ကောင်းစေတယ်။
အိမ်ထဲမှာရှိနေတဲ့ ကြောင်အမွေးနဲ့ထိတွေ့တာ၊ ကြောင်နဲ့ထိတွေ့တာတွေက ကိုယ်ခံအားပိုကောင်းစေနိုင်တယ်၊ ဓာတ်မတည့်မှုတွေကို ခံနိုင်ရည်ပိုရှိစေပြီး ဓာတ်မတည့်တာ၊ ပန်းနာရင်ကျပ်တို့ကို ဖြစ်နိုင်ခြေနည်းစေပါတယ်။
(၆) သွေးတိုးကိုကျစေတယ်။
ညောင်သခင်တွေဟာ ညောင်မမွေးသူတွေထက် သွေးတိုးဖြစ်တာပိုနည်းတယ်လို့ တွေ့ရှိရပါတယ်။ လေ့လာမှုတချို့မှာဆို ကြောင်ကိုထိန်းဖို့ အော်ဟစ်ပြောဆိုရတဲ့ သခင်တွေမှာတောင်မှ သွေးပေါင်တက် မနေတာ တွေ့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။