ကာကွယ်ဆေးထိုးထားရင် မဖြစ်နိုင်တဲ့ရောဂါ ၁၀ မျိုး။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 mins read
Share now

ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတာကို အားလုံးကြားဖူးကြမှာပါ။ ဟိုးအရင်တုန်းက တကယ်ကိုကြောက်ခဲ့ရတဲ့ ပိုလီယို ရောဂါတို့၊ ကျောက်ကြီးရောဂါဆိုတာတွေကို ခုခေတ်ကလေးတွေ ကြားတောင်မကြားတော့တာ ကာကွယ်ဆေးတွေကို ကျေးဇူးတင်ရမှာပါ။ ဒီတော့ ကာကွယ်ဆေးတွေရဲ့ အရေးပါပုံကို ခန့်မှန်းမိကြတော့လောက်ပြီပေါ့။ ဒီဆောင်းပါးထဲမှာတော့ ကာကွယ်ဆေးထိုးထားရင် မဖြစ်နိုင်တဲ့ ရောဂါ ၁၀ မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။

(၁ ) ဝက်သက်ရောဂါ။ ။

ဝက်သက်ကာကွယ်ဆေးဆိုပြီး ကလေးအသက် ၉ လ မှာတစ်ကြိမ် ၁နှစ်ခွဲမှာတစ်ကြိမ် ထိုးပေးကြတာ ကြားဖူးကြမှာပါ။ လေထဲက တစ်ဆင့်ကူးစက်ပြီး အဆုတ်ပွ၊ အဆုတ်ရောင်တာ၊ ဦးနှောက်အမြှေးပါးရောင်တာကနေ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့ ဒီဝက်သက်ရောဂါဟာ ကာကွယ်ဆေးထိုးထားလိုက်ရင် ဖြစ်နိုင်ချေနည်းသွားမယ့် ရောဂါတစ်ခုပါ။

( ၂ ) ရက်တစ်ရာချောင်း ကြက်ညှာချောင်း

Diptheria pertussis ဆိုတဲ့ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်တဲ့ ဒီ အဆုတ်ရောဂါဟာ နာတာရှည်ချောင်းဆိုးခြင်းကို အဓိကဖြစ်စေတဲ့ အရာတစ်ခုပါ။ လေထဲကတစ်ဆင့်၊ ရောဂါရှိသူချောင်းဆိုးတာက တစ်ဆင့် ကူးစက်နိုင်တဲ့ ဒီ ရက်တစ်ရာချောင်းဟာ အဆုတ်ပိုးဝင်တာ၊ တက်တာနဲ့ နောက်ဆုံး ချောင်းဆိုးရလွန်းလို့ အသက်ရှူရကြပ်ပြီး အသက်သေဆုံးတဲ့အထိ ပြင်းထန်တဲ့ရောဂါတစ်ခုပါ။ ဒါပေမယ့် ခုနောက်ပိုင်း ဒီရောဂါနဲ့ ပက်သက်ပြီး သိပ်မကြားရတော့တာ DPT ကာကွယ်ဆေးကို ကျေးဇူးတင်ရမှာပါ။ DPT ကာကွယ်ဆေးကို ကလေး ၂ လ၊ ၄ လ၊ ၆ လနဲ့ ၁ နှစ်ခွဲဆိုပြီး ၄ ကြိမ်ခွဲထိုးရပါမယ်။

( ၃ )ပိုလီယို

ခြေထောက်တွေမသန်စွမ်းတော့တဲ့သူတစ်ယောက်ဖြစ်အောင် လုံးဝလုပ်ပစ်နိုင်တဲ့ ဒီကြောက်စရာ ပိုလီယို ေရာဂါကြီးဟာ ငယ်ငယ်လေးအရွယ် ၂ လ ၄လ ၆ လ နဲ့ ၅ နှစ်အရွယ်တည်းက အစက်ချပိုလီယို ကာကွယ်ဆေးသောက်ထားလိုက်ရင် ကြောက်စရာ မရှိတော့တဲ့ရောဂါတစ်ခုပါ။

( ၄ ) ပြင်းထန်အဆုတ်ရောင်ရောဂါ

နမိုးနီးယားဆိုတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါအကြောင်း အားလုံးကြားဖူးကြမယ်လို့ထင်ပါတယ်။ ဒီရောဂါရှိသူရဲ့ တံတွေး၊ သလိပ်တွေကနေတစ်ဆင့် ကူးစက်တဲ့ ရောဂါဖြစ်ပြီး ဦးနှောက်အမြှေးပါးရောင်၊ ပြင်းထန် အဆုတ်ရောင်ပြီး အသက်သေဆုံးတဲ့အထိပြင်းထန်တဲ့ရောဂါတစ်မျိးပါ။ အရင် ၂၀၀၀ ပြည့်နှစ်တွေတုန်းကတော့နာမည်ကြီးပေမယ့် ခုနောက်ပိုင်း ကျဒီရောဂါကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးထွက်သွားတာကြော့င့် သူ့အကြောင်းပြောတာ သိပ်မကြားရတော့တာဖြစ်ပါတယ်။ နမိုးနီးယားကာကွယ်ဆေးကို ကလေးအရွယ်တည်းက အသက် ၂ လမှာတစ်ကြိမ် ၄လမှာတစ်ကြိမ် ၆ လ မှာတစ်ကြိမ်၊ဆိုပြီး ၃ ကြိမ်ခွဲထိုးရပါတယ်။

( ၅ ) မေးခိုင်ကာကွယ်ဆေး

သံစူးရင်ပဲဖြစ်ဖြစ်၊ ဖုန်တွေသဲတွေပေနေတဲ့ အရာတစ်ခုနဲ့ ထိခိုက်မိတာဖြစ်ဖြစ်၊ အနာထဲ သဲတွေဖုန်တွေဝင်တာဖြစ်ဖြစ် ဖြစ်သွားနိုင်တဲ့ ဒီမေးခိုင်ရောဂါဟာ နာမည်အတိုင်း မေးကိုခိုင်သွားစေပြီး စကားပြောလို့မရတော့မယ့်အပြင် နောက်ပိုင်း အသက်ရှူကြွက်သားတွေ ပျော့စေပြီး အသက်ရှူရပ်သွားတတ်စေတာကြောင့် အင်မတန်မှ ကြောက်ဖို့ကောင်းတဲ့ ရောဂါကြီးတစ်ခုပါ။ ဒါပေမယ့် ဒီကြောက်ဖို့ကောင်းတဲ့ ရောဂါကြီးကို မေးခိုင်ကာကွယ်ဆေးလေးက အပြတ်အသတ်အနိုင်ယူနိုင်ပါတယ်။ မေးခိုင်ကာကွယ်ဆေးကို ကလေးအရွယ် အသက် ၂လ ၄လ ၆လ နဲ့ ၅ နှစ်အရွယ်ဆိုပြီး ၄ ကြိမ်ခွဲထိုးပြီး နောက်ပိုင်း ထိခိုက်ဒဏ်ရာရပြီးချင်းနဲ့ ကိုယ်ဝန်ဆောင်အချိန်တို့မှာ ကာကွယ်ဆေးထပ်ထိုးလေးရှိပါတယ်။

( ၆ ) အသည်းရောင် အ သားဝါ ဘီပိုး

အသည်းရောင်အသားဝါ ဘီပိုးဆိုတာ အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာစတဲ့ ရောဂါဆိုးကြီးတွေကိုဖြစ်စေတဲ့ ရောဂါတစ်ခုပါ။ ပိုးရှိသူရဲ့ သွေး၊ တံတွေး၊ ချွေး စတာတွေကနေ ကူးစက်နိုင်တဲ့ ဒီ အသည်းရောင်အသားဝါ ဘီပိုးကို ကာကွယ်ဆေးထိုးထားလိုက်ရုံနဲ့ ကာကွယ်လို့ရတယ်ဆိုတာ သင်သိပါသဘား။ ဘီပိုးကာကွယ်ဆေးထိုးရင် ၃ ကြိမ်ထိုးပေးရမှာဖြစ်ပြီး ၅နှစ်တစ်ကြိမ် Booster ပြန်ထိုးပေးဖို့လိုအပ်ပါတယ်။

( ၇ ) ပါးကျိတ်ရောင်၊ ဂျိုက်သိုး ရောဂါ

ပါးကျိတ်ရောင်ရောဂါ၊ ဂျိုက်သိုးရောဂါနဲ့ ဝက်သက်ရောဂါ သုံးမျိုးအတွက် MMR vaccine ရှိပါတယ်။ MMR ကာကွယ်ဆေးကို ကလေးအရွယ် ၉လမှာတစ်ကြိမ် ၁ နှစ်ခွဲမှာ တစ်ကြိမ် ၂ ကြိမ်ထိုးရုံနဲ့ ဒီရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

( ၈ ) Haemophilus Influenzae Type B

ဒီ တုပ်ကွေးဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ Haemophilus Influenzae Type B ဟာ မွေးကင်းစကလေးတွေနဲ့ ခုခံအားနည်းတဲ့ သက်ကြီးရွယ်အိုတွေကို အများဆုံး ဒုက္ခပေးနိုင်တဲ့ ဗိုင်းရပ်စ်ဖြစ်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို အများဆုံး ဖြစ်စေပါတယ်။ ဒီရောဂါကို ကာကွယ်ဖို့အတွက် hib vaccine ကို ကလေးအရွယ် ၂လ ၄လ ၆ လ တို့မှာ ၃ ကြိမ်ခွဲထိုးလေ့ရှိပါတယ်။

(၉ ) တီဘီဦးနှောက်အမြှေးရောင်ရောဂါ

ခုခံအားနည်းသေးတဲ့ မွေးကင်းကလေးတွေအတွက် တီဘီရောဂါဆိုတာ အင်မတန်ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုပါ။ တီဘီထဲမှာမှ အဆုတ်တီဘီထက် ဦးနှောက်အမြှေးရောင်တီဘီရောဂါက ပိုကြောက်စရာကောင်းတာကြောင့် မွေးကင်းစကလေးတွေ မွေးမွေးပြီးချင်း BCG ကာကွယ်ဆေးကိုလက်မောင်းမှာ ထိုးပေးကြတာဖြစ်ပါတယ်။ BCG ကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးရမယ့် ကာကွယ်ဆေးတစ်ခုပါ။ တစ်ခုသိရမှာက BCG ကာကွယ်ဆေးက ဦးနှောက်အမြှေးပါးတီဘီကို ကာကွယ်ပေးတာဖြစ်ပြီး အခြား အဆုတ်တီဘီတို့၊ အရိုးတီဘီတို့ အူတီဘီစတာတွေကို မကာကွယ်ပေးနိုင်ပါဘူး။ ။

( ၁၀ ) သားအိမ်ခေါင်းကင်ဆာ

ကင်ဆာတွေထဲမှာမှ ရှားရှားပါးပါး HPV ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာဟာ ကာကွယ်ဆေးထိုးထားလိုက်ရုံနဲ့ ကာကွယ်လို့ရတဲ့ကင်ဆာတစ်ခုပါ။

ဒါတွေကတော့ ကာကွယ်ဆေးထိုးထားရုံနဲ့ တစ်သက်လုံး မဖြစ်တော့မယ့်ရောဂါတွေအကြောင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးအရွယ်တည်းက ကာကွယ်ဆေးတွေကို အချိန်မှန်မှန်ထိုးသင့်ပြီး ကြီးလာတဲ့ အရွယ်ကျရင်လည်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို မမေ့ဘဲ ထိုးပေးဖို့လိုအပ်တယ်နော် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး

ကမ္ဘာတစ်လွှားမှာ ကိုဗစ်ကြောင့် စီးပွားရေးတွေ ထိခိုက်နေရသလို ဆုံးရှုံးနေရတဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဒီဇင်ဘာမှာ စတင်ဖြန့်ချိတော့မယ် COVID-19 ကာကွယ်ဆေးများ

ကိုဗစ်ကာကွယ်ဆေးတွေကို ဈေးကွက်ထဲကို စတင်ဖြန့်ချိနိုင်ဖို့ စီစဉ်နေပြီဖြစ်ပြီး ဒီဇင်ဘာလအတွင်းမှာတင် စတင်ဖြန့်ချိသွားမယ်လို့ ဆိုနေကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကာကွယ်ဆေး တွေအတွက် သိုလှောင်အပူချိန်က ဘယ်လောက်ထိအရေးကြီးသလဲ။

ကာကွယ်ဆေး တွေအတွက် သိုလှောင်အပူချိန်က ကာကွယ်နိုင်စွမ်းနဲ့ ဘေးကင်းမှုတို့လိုပဲ အရေးကြီးပါတယ်။ သင့်တော်တဲ့ အပူချိန်မှာ အမြဲသိမ်းဆည်းထားဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
စပွန်ဆာ
ကာကွယ်ဆေး တွေအတွက် သိုလှောင်အပူချိန်က ဘယ်လောက်ထိအရေးကြီးသလဲ။

Pfizer ကာကွယ်ဆေးနဲ့ Moderna ကာကွယ်ဆေး ဘာကွာသလဲ။

pfizer ကာကွယ်ဆေးနဲ့ moderna ကာကွယ်ဆေးက ရလဒ်ကောင်းပြီး အပြိုင်အဆိုင်ဖြစ်နေပေမယ့် တစ်ခုစီမှာ အားသာချက်၊ အားနည်းချက်တွေ ကိုယ်စီရှိနေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ရုရှရဲ့ ကိုဗစ်ကာကွယ်ဆေးက ဆိုထားသလိုစွမ်းရဲ့လား

ရုရှရဲ့ ကိုဗစ်ကာကွယ်ဆေးက ဆိုထားသလိုစွမ်းရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
ကာကွယ်ဆေးထိုးခြင်းကို ဆန့်ကျင်ကြသူများ

ကာကွယ်ဆေးထိုးခြင်းကို ဆန့်ကျင်ကြသူများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read
ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အမှတ်မှားနေတဲ့အယူအဆများ

ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အမှတ်မှားနေတဲ့အယူအဆများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read
ကူးစက်တတ်တဲ့ ရောဂါများအကြောင်း

ကူးစက်တတ်တဲ့ ရောဂါများအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read