backup og meta

ဘေဘီလေးမှာဖြစ်တဲ့ အင်ပျဉ် သက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးမှာဖြစ်တဲ့ အင်ပျဉ် သက်သာစေဖို့

    ဘေဘီလေးတွေရဲ့ နုနယ်တဲ့ အရေပြားက ထိခိုက်လွယ်ပါတယ်။ ဒီလို ထိခိုက်လွယ်တဲ့ အရေပြားလေးမှာ အင်ပျဉ် ဖြစ်တဲ့အခါ သက်သာစေဖို့ ဘာလုပ်ပေးရမလဲ ဆိုပြီး အကြံအိုက်နေတဲ့ မေမေတွေ ရှိလား……….. ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက ဘေဘီလေးမှာ ဖြစ်တဲ့ အင်ပျဉ်ကို သက်သာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

    ဘေဘီလေးမှာ ဖြစ်တဲ့ အင်ပျဉ် သက်သာစေဖို့

    အင်ပျဉ် ဖြစ်တဲ့အခါ ဘေဘီလေးမှာ ယားယံတာနဲ့ နာကျင်တာကို ခံစားရစေနိုင်ပါ။ ဒီ အရေပြား ပြဿနာကို သက်သာစေဖို့ဆိုရင်

    အင်ပျဉ်ကို သက်သာစေဖို့ အလွယ်ကူဆုံးနဲ့ အမြန်ဆန်ဆုံး နည်းလမ်းက ရေအေးဝတ် ဒါမှမဟုတ် ရေခဲကပ်တာပါ။ ရေအေးဝတ် ကပ်တာက ရောင်ရမ်းမှုကိုရော ယားယံမှုကိုပါ သက်သာစေမှာပါ။

    ဒါကြောင့် တဘက်စ သန့်သန့်လေးထဲမှာ ရေခဲတုံးလေးတွေ ထည့်ပြီး ကပ်ပေးပါ။ ကလေးခံနိုင်ရုံလောက်ပဲ အေးပါစေ၊၊ ၅ မိနစ် ကြာတိုင်း ခဏ နားပေးပါ။ အအေးကြောင့် အရေပြား မလောင်စေဖို့ပါ။

  • ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ
  • အင်ပျဉ် ဖြစ်တဲ့အခါ ဘေဘီလေးကို ရေနွေးနွေးလေးနဲ့ ချိုးပေးပါ။ ဒီလို ချိုးပေးတာက ယားယံမှု နဲ့ မအီမသာ ဖြစ်တာကို သက်သာစေနိုင် ပါတယ်။ ကြက်သီးနွေးရေဖြစ်ရင် ရပါပြီ၊၊ ရေပူဖြစ်ရန် မလိုပါ၊၊

    ဒိန်ချဉ်က အရေပြားက အင်ပျဉ်ကို သက်သာ စေနိုင်ပြီး ကိုယ်ခံအား ကိုပါ အားဖြည့်ပေး ပါတယ်။ ဒိန်ချဉ် မှာပါတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေက အင်ပျဉ်ကြောင့် ယားယံမှုကို သက်သာစေနိုင် ပါတယ်။

    ဒါကြောင့် ဘေဘီလေးမှာ အင်ပျဉ်ဖြစ်တဲ့အခါ ဒိန်ချဉ် အသုံးပြုပေးလို့ ရပါတယ်။

  • သခွားသီး
  • သခွားသီးက အင်ပျဉ်တွေကို သက်သာစေပြီး နာကျင် ရောင်ရမ်းမှုကို သက်သာ စေနိုင်ပါတယ်။ သခွားသီးကို အုတ်ဂျုံနဲ့ ရောကြိတ်ပြီး အနှစ်လေး ဖြစ်အောင် လုပ်ပါ။ ဒီ အနှစ်ကို ဘေဘီလေး အရေပြားပေါ်မှာ လိမ်းပေးတာက အင်ပျဉ်ကို သက်သာစေမှာပါ။

    သံလွင်ဆီက အရေပြားကို အစိုဓာတ် ဖြည့်ပေးသလို အရေပြားက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေး ပါတယ်။ ဒါကြောင့် ဘေဘီလေးက အင်ပျဉ် ဖြစ်တဲ့အခါ ဗီတာမင် E နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်နေတဲ့ သံလွင်ဆီ လိမ်းပေးလို့ ရပါတယ်။

    ငှက်ပျောခွံက အရေပြားက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ရေဓာတ် ဖြည့်ပေးပါတယ်။ ငှက်ပျောခွံကို အင်ပျဉ်ဖြစ်တဲ့နေရာကို ကပ်ပေးရုံပါ။

    • ရှားစောင်းလက်ပပ်

    ရှားစောင်းလက်ပပ်က အရေပြားအတွက် စွယ်စုံရဆေးတစ်မျိုးပါ၊၊ ပိုးသေစေတာ၊ အရောင်ကျစေတာ၊ အစိုဓာတ်ဖြည့်ပေးတဲ့ အာနိသင်တွေ ရှိတဲ့အတွက် အင်ပျဉ်ကိုလည်း သက်သာစေပါတယ်၊၊ ရှားစောင်းလက်ပပ်ကို အစေးထုတ်ပြီးတဲ့အခါ အတွင်းက အနှစ်ကို ယူပြီး အင်ပျဉ်ပေါ်ကို တိုက်ရိုက်လိမ်းပေးနိုင်ပါတယ်၊၊

    ဒါတွေအပြင် အုန်းဆီ လိမ်းပေးတာ၊ မိခင်နို့ရည် လိမ်းပေးတာတွေကလည်း ဘေဘီလေးရဲ့ အင်ပျဉ်ကို သက်သာစေမှာပါ။

    သဘာဝပစ္စည်းလေးတွေကို အသုံးပြုရတဲ့ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို သုံးပြီး ဘေဘီလေးတွေကို အင်ပျဉ်သက်သာစေဖို့ လုပ်ဆောင်ပေးလိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement