backup og meta

မိတ်ဖုလေးတွေ ပျောက်ကင်းစေမယ့် သဘာဝ နည်းလမ်းတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိတ်ဖုလေးတွေ ပျောက်ကင်းစေမယ့် သဘာဝ နည်းလမ်းတွေ

    နွေရာသီ ပူပြင်းလှတဲ့ကာလမျိုးမှာ မိတ်ဖုထွက်တာက ဖြစ်နေကြလို ကိစ္စမျိုးပါ။ လူတော်တော်များများ နွေရာသီဆိုရင် မိတ်ထွက်တာမျိုး ကြုံရတတ်ပါတယ်။ မိတ်ဖုတွေဟာ အဝတ်နဲ့ဖုံးကွယ်ထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အများအားဖြင့် ဖြစ်ပေါ်တတ်ပါတယ်။ မိတ်တွေ ထွက်လာရတဲ့အကြောင်းအရင်းကတော့ ချွေးပေါက်တွေ ပိတ်ဆို့မှုကြောင့် ဖြစ်ပါတယ်။ ပူနွေးစွတ်စိုတဲ့ရာသီဥတုမှာ နေထိုင်သူတွေမှာ အဖြစ်များတဲ့ အရေပြားဝေဒနာတစ်မျိုးဖြစ်ပါတယ်။ လည်ပင်း၊ တံတောင်၊ ကျောကုန်းနဲ့ လက်မောင်းတွေမှာ အပေါက်များတတ်ပါတယ်။ မိတ်ဖုလေးတွေ ပျောက်ကင်းစေမယ့် သဘာဝ နည်းလမ်းတွေ မျှဝေပေးလိုက်ပါတယ်။

    မိတ်ဖုလေးတွေ ပျောက်ကင်းစေမယ့် သဘာဝ နည်းလမ်းတွေ

    မိတ်ထွက်တာဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာမျိုးမဟုတ်ပေမယ့် မိတ်ဖုတွေကြောင့်ဖြစ်ပေါ်လာတဲ့ ယားယံတဲ့ဝေဒနာကတော့ အတော် ခံရခက်ပါတယ်။ ကုတ်ရင်းဖဲ့ရင်း ပွန်းပဲ့တာမျိုးတောင် ကြုံရတတ်ပါသေးတယ်။ ခံစားရခက်တဲ့ ဝေဒနာမျိုးမို့ လူတိုင်းကတော့ ခပ်မြန်မြန်ပျောက်ကင်းချင်တတ်ကြပါတယ်။ မိတ်ဖုထွက်တာကို သက်သာပျောက်ကင်းစေနိုင်တဲ့ သဘာဝ နည်းလမ်းတွေလည်း ရှိပါတယ်။

    မိတ်ဖုလေးတွေ ပျောက်ကင်းစေမယ့် သဘာဝ နည်းလမ်းတွေ ကတော့

  • မိတ်ဖု ထွက်လာချိန်တွေမှာ အဲ့ဒီနေရာကို ခြောက်သွေ့အေးမြအောင်ထားပြီး သက်သာအောင် လုပ်နိုင်ပါတယ်။ ဒီလိုထားနိုင်မယ်ဆိုရင် အကြမ်းဖျဉ်းအားဖြင့် ရက်အနည်းငယ်အကြာမှာ သူ့အလိုလို ပျောက်သွားလေ့ရှိပါတယ်။
  • ရင်သွေးငယ်တွေနဲ့ ကလေးတွေမှာ မိတ်ပေါက်ရင်တော့ အဝတ်အစားတွေ ဖယ်ရှားတာမျိုး၊ အဝတ်ပွပွဝတ်ပေးပြီး အေးမြတဲ့နေရာမှာထားတာမျိုး ပြုလုပ်ပြီး သက်သာအောင်ထားပေးဖို့ သင့်ပါတယ်။
  • Air-Con အခန်းထဲနေတာ၊ ပန်ကာဖွင့်တာ၊ ရေအေးအေးနဲ့ ရေချိုးတာ၊ လေတိုက်တဲ့ဘက်ကို လှည့်ပြီး သာမန်လေဖြင့် အရေပြားခြောက်သွေ့စေတာတွေလိုမျိုး အရေပြားကို သဘာဝအတိုင်း ခြောက်သွေ့စေတဲ့ နည်းလမ်းဟာ မိတ်ပျောက်စေဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။
  • ပေါ့ပါးပြီး ပွယောင်းတဲ့ အဝတ်အထည်တွေဝတ်ဆင်တာက မိတ်ဖုပေါက်နေသူတွေကို ယားယံမှု သက်သာစေနိုင်ပါတယ်။
  • ရေခဲအိတ်ကပ်တာကလည်း မိတ်ဖုပျောက်စေနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုပါ။ တစ်ခုရှိတာက ကပ်တဲ့အိတ်ဟာ စိုရွှဲနေလို့တော့ မဖြစ်ပါဘူး။
  • အုတ်ဂျုံမှုန့် (Oatmeal) ကို အသုံးပြုပေးတာကလည်း မိတ်ဖု ပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ အနောက်တိုင်း အယူအဆတွေအရဆိုရင်တော့ အုတ်ဂျုံဟာ အရေပြားနဲ့ သက်ဆိုင်တဲ့ ဝေဒနာအတော်များများကို ကုသပေးနိုင်တဲ့အစွမ်းရှိပါတယ်။ မိတ်ဖုပေါက်ရင် အုတ်ဂျုံကို ရေနွေးနဲ့ ဖျော်ပြီး မိနစ် ၂၀ လောက် ပွတ်တိုက်ပေးတာ၊ စိမ်ပေးတာမျိုးလုပ်ရင်လည်း ရောဂါပျောက်ကင်းနိုင်ပါတယ်။
  • နံ့သာဖြူကလည်း မိတ်ဖုပျောက်ကင်းစေတဲ့ အရာတစ်မျိုးဖြစ်ပါတယ်။ နံ့သာဖြူသား၊ အမှုန့် ဒါမှမဟုတ် အနှစ်ကို သွေးလူးပေးတာက မိတ်ဖုတွေကို သက်သာစေနိုင်ပါတယ်။ နံ့သာဖြူဟာ အရှေ့တိုင်းမှာတော့ အရေပြားအလှအပနဲ့ ပတ်သက်လာရင် ဆရာတစ်ဆူလို့ ဆိုကြပါတယ်။
  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၃ ဇွန်းကနေ ၅ ဇွန်းလောက်ကို ရေကြက်သီးနွေးလောက်နဲ့ ဖျော်ပြီး မိန်စ ၂၀ လောက် စိမ်ပေးတာမျိုး၊ သုတ်လိမ်းပေးတာမျိုး လုပ်ပေးရင်လည်း သက်သာစေနိုင်ပါတယ်။
  • ရှားစောင်းလတ်ပတ်ကတော့ အရေပြားကျန်းမာရေးအတွက် မရှိမဖြစ် သဘာဝထုတ်ကုန်တစ်မျိုးပါ။ အရေပြားကို ပိုးကူးစက်တာမျိုးတွေ ကာကွယ်ပေးနိုင်သလို နာကျင်မှုနဲ့ ယားယံမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ မိတ်ပေါက်တဲ့နေရာတွေကို ရှားစောင်းလတ်ပတ် အစေးနဲ့ သုတ်လိမ်းပေးနိုင်ပါတယ်။
  • ဒါတွေကိုလည်း သိထားပါ

    မိတ်ဖုတွေ ထွက်လာတာဟာ မသန့်ရှင်းတဲ့ အဝတ်အထည်တွေ၊ ပူပြင်းတဲ့ ရာသီဥတုတွေနဲ့ ချွေးပေါက်တွေ ပိတ်ဆို့မှုတွေကြောင့်ဖြစ်တာပါ။ ဒါကြောင့် အဝတ်အစားသန့်သန့်တွေ၊ အေးမြအောင် ပြင်ဆင်ထားတာတွေ ပြုလုပ်ထားသင့်ပါတယ်။

    ကလေးငယ်လေးတွေကို တတ်နိုင်သမျှ အဝတ်အစားပါးပါးပဲ ဝတ်ပေးသင့်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုတွေမှာဆိုရင် ပေါ့ပါးပြီး ချွေးထွက်မှုကို သက်သာစေမယ့် အဝတ်အစားမျိုးသာ ဝတ်ဆင်သင့်တယ်။ အရေပြားမခြောက်စေမယ့် ဆပ်ပြာမျိုးတွေ သုံးဖို့၊ ရေချိုးတဲ့အခါမှာ ရေအေးအေးနဲ့ ရေချိုးတာမျိုး၊ ရေချိုးပြီးချိန်မှာ ပဝါနဲ့ ရေသုတ်မယ့်အစား သာမန်အတိုင်းပဲခြောက်သွေ့စေတာမျိုးတွေ ပြုလုပ်ဖို့ လမ်းညွှန်ပါရစေ။

    မိတ်ဖုဆိုတာ ရက်အနည်းငယ်အတွင်းကောင်းသွားမယ့် ဝေဒနာအသေးစားလေးပါ။ ဒါပေမယ့် ခဏခဏဖြစ်နေမယ်၊ တခြားကြီးမားတဲ့ပြဿနာတွေဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement