အကျိုးပြုဘက်တီးရီးယားတွေ က ဘေဘီလေးအတွက် ဘာတွေလုပ်ပေးလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဘေဘီလေးတစ်ယောက် ပျော်ရွှင်ကျန်းမာစွာ နဲ့ အရွယ်ရောက်လာစေဖို့ အရေးပါတဲ့အချက်တစ်ခုက ဘာလို့ထင်လဲ။ သူတို့ ဝမ်းဗိုက်လေး ကျန်းမာနေစေဖို့ပါ။ ကလေးလေးတွေ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာကြီးပြင်းလာစေဖို့လိုအပ်တာက ကျန်းမာတဲ့အစာခြေစနစ်ပိုင်ဆိုင်ဖို့ပေါ့။ အစာခြေစနစ်ကျန်းမာပြီဆိုတာနဲ့ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုက အကောင်းဆုံးဖြစ်လာမှာပါ။ အရပ်အမောင်းကစလို့  ဉာဏ်ရည်ဖွံ့ဖြိုးတာအထိ အကုန်လုံးက မေမေတို့ဆန္ဒရှိတဲ့အတိုင်း အကောင်းဆုံးဖြစ်လာမှာပါ။

အကျိုးပြုဘက်တီးရီးယား ဆိုတာ ဘာလဲ………

ရှေ့က အကျိုးပြုဆိုတဲ့စကားလုံးထက် ဘက်တီးရီးယားဆိုတဲ့ စကားလုံးကို အရင်တွေးမိတယ်ဟုတ်။ ဘက်တီးရီးယားဆိုတာကို အမြဲလိုလို သိထားခဲ့တာက ကူးစက်တတ်တယ်။ ခန္ဓာကိုယ်ကို ထိခိုက်စေတယ်လို့ပေါ့။ ဒီနေရာမှာ ပြောပြပေးချင်တာက ဘက်တီးရီးယားတိုင်းဆိုးတာမဟုတ်ပါဘူး။ အခုပြောတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေက ဘေဘီလေးတွေရဲ့ ကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးမယ့် အကျိုးပြုဘက်တီးရီယားလေးတွေပါ။ ဒါကြောင့်လည်း အကျိုးပြုဘက်တီးရီးယားလို့ခေါ်တာပေါ့။

ဘေဘီလေးတွေအတွက် ဘာလုပ်ပေးလဲ……….

အကျိုးပြုဘက်တီးရီးယားလေးတွေက ဘေဘီ​လေးတွေအတွက် အကျိုးဖြစ်တာအများကြီးပါ။ ဘာလုပ်ပေးလဲဆိုတော့ ဘေဘီလေးကျန်းမာစေဖို့ အစစအရာရာတာဝန်ယူပေးပါတယ်။ ဘာတွေများဖြစ်မလဲ ဆက်ကြည့်လိုက်ရအောင်လား…

အစာခြေစနစ် ကျန်းမာစေနိုင်တယ်

အစာခြေစနစ်ထဲမှာ အကျိုးပြုဘက်တီးရီးယားတွေရော အကျိုးမပြုတဲ့ဘက်တီးရီးယားတွေရောရှိနေပါတယ်။ ဒီဘက်တီးရီးယားတွေရဲ့ ပမာဏက မျှခြေဖြစ်နေမှ အစာခြေစနစ်ကျန်းမာမှာပါ။ အကျိုးပြုဘက်တီးရီးယားလေးတွေက ဘေဘီလေးတွေကို လေနာ၊ စားချဉ့်ရည်ပြန်ဆန်တက်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဝမ်းချုပ်တာတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒါတင်လားဆို​တော့ မဟုတ်ပြန်ပါဘူး။ အကျိုးပြုဘက်တီးရီးယားလေးတွေက ဘေဘီလေးကို ပြင်းထန်အစာခြေစနစ်ပြဿနာတွေဖြစ်ကြတဲ့ နာတာရှည် အူလမ်းကြောင်းဆိုင်ရာပြဿနာစု (IBS) မဖြစ်အောင်ကာကွယ်ပေးပါတယ်။ စားလိုက်တဲ့အစားအစားတိုင်းကို အာဟာရဖြစ်စေဖို့လည်းကူညီပေးပါတယ်။ အူနံရံတွေက အာဟာရဓာတ်တွေကိုလည်း အကောင်းဆုံး စုပ်ယူနိုင်စေပါသေးတယ်။

ကိုယ်ခံအားကောင်းစေနိုင်တယ်

ကိုယ်ခံအားစနစ်ကောင်းစေဖို့ ၈၀ ရာခိုင်နှုန်းလောက် အစာခြေစနစ်ပေါ်မှာ မူတည်နေတာပါ။ အစာခြေစနစ်ကျန်းမာစေဖို့ကို အဓိကပံ့ပိုးပေးတာက အကျိုးပြုဘက်တီးရီးယားလေးတွေပါ။ ဘေဘီလေးရဲ့ အစာခြေစနစ်ထဲမှာ အကျိုးပြုဘက်တီးရီးယားတွေလုံလောက်အောင်ရှိနေမယ်ဆိုရင် ကလေးက ဖျားတာတုပ်ကွေးဖြစ်တာအပါအဝင် အခြားသော နာမကျန်းမှုတွေကနေ ကင်းဝေးစေမှာပါ။

စိတ်ခံစားမှု ကောင်းစေတယ်

အစာခြေစနစ်က ဦးနှောက်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းတွေထွက်ရှိလာစေဖို့ အခန်းကဏ္ဍမှာလည်း အကျိုးပြုဘက်တီးရီးယားလေးတွေက ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းလောက်အထိတာဝန်ယူထားပေးပါတယ်။ ဒါကြောင့် ဘေဘီလေးကို  စိတ်ဖိစီးမှုကင်းကင်း၊ စိတ်ဓာတ်ကျမှုကင်းကင်းနဲ့ အာရုံစူးစိုက်မှုကောင်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးတဲ့ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာစေချင်တယ်ဆိုရင် အကျိုးပြုဘက်တီးရီးယားလေးတွေကို အားကိုးလိုက်ပါ။

ကိုယ်အလေးချိန်ထိန်းညှိပေးတယ်

ကလေးကို အဝလွန်တာ၊ အရမ်းညှက်တာမျိုးမဖြစ်စေချင်ဘူး။ သင့်တင့်တဲ့ကိုယ်အလေးချိန်ရှိပြီး ကျန်းကျန်းမာမာကြီးပြင်းစေချင်တယ်။ အဝလွန်တာရဲ့ နောက်ဆက်တွဲ အနေနဲ့ဖြစ်လာတဲ့ ဆီးချို၊ အသည်းအဆီဖုံးတဲ့ ပြဿနာတွေက ကင်းစေချင်တယ်ဆိုရင် ငယ်ငယ်ကတည်း က အကျိုးပြုဘက်တီးရီးယား လုံလောက်အောင်ကျွေးပေးပါ။

အရေပြားကျန်းမာစေတယ်

ဘေဘီလေးတွေရဲ့ အရေပြားက နူးညံ့သလို ထိခိုက်တုံ့ပြန်လွယ်ကြပါတယ်။ ဘေဘီလေးတွေဟာ အသားခြောက်တာကနေစလို့ နို့ပွေး၊ ဝက်ခြံ၊ အရေပြား ဓာတ်မတည့်မှုစတဲ့ အရေပြား ပြဿနာတော်တော်များများကို ခံစားကြရပါတယ်။ ဒီအရေပြားပြဿနာကို ကင်းစေဖို့ဆိုရင်တော့ အကျိုးပြုဘက်တီးရီးယားလုံလောက်အောင်ကျွေးပေးဖို့လိုပါမယ်။ မိခင်ဝမ်းထဲမှာ ရှိကတည်းက မေမေက အကျိုးပြုဘက်တီးရီးယားလုံလောက်စွာ ရရှိအောင် စားသုံးပေးမယ်ဆိုရင် ဘေဘီလေးက အရေပြားပြဿနာကင်းတဲ့ ကလေးလေးအဖြစ်မွေးဖွားလာမှာပါ။

ဘာတွေကနေရနိုင်လဲ………

ဘေဘီလေးတွေအတွက် အကျိုးပြုဘက်တီးရီးယားတွေကိုရရှိစေနိုင်မယ့် အစားအစာအရင်းအမြစ်တွေကတော့

  • မိခင်နို့
  • ဒိန်ချဉ်
  • အကျိုးပြုဘက်တီးရီးယားဖြည့်စွက်ထားတဲ့ အာဟာရမှုန့်တွေကနေရရှိနိုင်ပါတယ်။

ဘေဘီလေးတစ်ယောက်အတွက် လိုအပ်တဲ့ပမာဏကို ပြည့်မီအောင်ဖြည့်ဆည်းပေးမှုက ကလေးကို အစာခြေစနစ်ကျန်းမာစေပြီး အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေမှာဖြစ်သလို ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာတဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေချင်တဲ့ မေမေရဲ့ စိတ်ကူးအိပ်မက်ကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်မှာပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မြေပဲထောပတ် စားပေးပါ

မြေပဲထောပတ် အချိုပွဲ အာဟာရ ကြွက်သား အရိုး မဂ္ဂနီဆီယမ် ကယ်လ်ဆီယမ် phosphorus ဇင့် အမျှင်ဓာတ် ဗီတာမင် B6 ပိုတက်စီယမ် ဗီတာမင် E

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon

ပါပီလေးနဲ့အတူ လမ်းလျှောက်ထွက်ပါ

ခွေးလေးတွေ လေ့ကျင့်ခန်း လမ်းလျှောက် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ တက်ကြွလန်းဆန်း အကျိုးကျေးဇူးတွေ လေကောင်းလေသန့် အဆုတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးတွေကို ပေးကလိုက်ပါ

ဘေဘီလေးတွေ အက ကခြင်း လမ်းလျှောက်တတ်စ သားသားမီးမီးလေး ရုပ်ပိုင်းဆိုင်ရာ သီချင်းသံ ယုံကြည်မှု လွတ်လွတ်လပ်လပ် ပေါင်းသင်းဆက်ဆံရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon

အာရုံစူးစိုက်မှု မပြုနိုင်ခြင်းအကြောင်း

အာရုံစူးစိုက်မှု လက္ခဏာများ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတွေ အိပ်ရေးဝအောင်အိပ်ခြင်း ပရိုတင်းဓာတ် ရောဂါလက္ခဏာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ဆွမ်းမွှေးရွက် ရဲ့ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ

ဆွမ်းမွှေးရွက် ရဲ့ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 7, 2020 . 2 mins read
ဆန်ကပေးတဲ့ အသားအရေ လှပမှု

ဆန်ကပေးတဲ့ အသားအရေ လှပမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 7, 2020 . 2 mins read
လိပ်ခေါင်းရောဂါရဲ့ နောက်ဆက်တွဲပြသနာများ

လိပ်ခေါင်းရောဂါရဲ့ နောက်ဆက်တွဲပြသနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 7, 2020 . 3 mins read
ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read