မွေးစကလေး တွေနဲ့ ပတ်သက်ပြီး မေမေတို့ မထင်ထားတဲ့ အလွဲများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 3, 2020 . 2 mins read
Share now

မွေးစကလေး ကို စောင့်ရှောက်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမှ မဟုတ်တာ။ ဒီသေးသေးလေးတွေကို ဘယ်နည်းနဲ့မှ အမှားမခံနိုင်ဘူးဟုတ်။ ဒါပေမယ့် ကိုယ်က ခုမှ သားဦး ဖြစ်တယ်ဆိုရင် ဘေးပတ်ဝန်းကျင်ရဲ့ အကူအညီကိုလည်း ယူရတာပဲ မလား။ ဒီအခါမှာ မှန်တာတွေရော မမှန်တာတွေရော ပါလာနိုင်ပါတယ်။ ဘယ်လိုအရာတွေက မေမေတို့ သိထားတဲ့ အလွဲလေးတွေလဲဆိုတာ ပြောပြပေးပါ့မယ်။

မွေးစကလေး နဲ့ မေမေတို့ရဲ့ အလွဲလေးများ

ကလေးကို နေ့တိုင်းချိုးပေးစရာ မလိုပါဘူး။ အထူးသဖြင့် မွေးကင်းစမှာပါ။ ကလေးရဲ့ အရေပြားမှာ မွေးစဆိုရင် အဖြူဖတ်လေးတွေ ကပ်နေတတ်ပါတယ်။ အဲ့ဒါကို အတင်းမခွာပစ်ရပါဘူးနော်။ အဲ့ဒါ ကလေးအရေပြားကနေတဆင့် ရောဂါပိုး မဝင်အောင် သဘာဝက ကာကွယ်ပေးထားတာပါ။

ကလေးကို တစ်နှစ်ပြည့်တဲ့အထိ တစ်ပတ်ကို ၂ခေါက် ၃ခေါက်လောက် ရေချိုးပေးရင် လုံလောက်ပါတယ်။ ကျန်တဲ့ရက်တွေမှာ ရေပတ်တိုက်ပေးရုံပါပဲ။ ရေချိုးရင်လည်း ကလေးသုံး ဆပ်ပြာအပျော့စားနဲ့ပဲ ချိုးပေးပါ။

  • ကလေးငိုရင် သွားမချီနဲ့။ လက်ကြိုက်တတ်တယ်။

လူကြီးတွေ ပြောနေကြစကားပေါ့။ ဘာလို့ သွားသွားချီနေတာလဲ။ လက်ကြိုက်ရင် အမေနားရမှာ မဟုတ်ဘူးနော်။ တကယ်တော့ ကလေးငိုတယ်ဆိုတာ ဗိုက်ဆာလို့လည်း ဖြစ်နိုင်သလို၊ သေးစိုနေလို့လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ ဘာအကြောင်းမှ မရှိဘဲ ငိုတတ်ပါတယ်။

ဒါပေမယ့် မေမေတို့ ပစ်မထားပါနဲ့နော်။ သူတို့လေးတွေကို ချီလိုက်ရင်၊ အသံပြုလိုက်ရင် အငိုတိတ်သွားပါတယ်။ သူတို့ကို ဂရုစိုက်မယ့်လူမရှိဘူးဆိုပြီး အထီးကျန်လို့ ငိုတာပါ။ မေမေတို့ချီလိုက်ရင် စိတ်ထဲမှာ လုံခြုံမှု ရသွားပါတယ်။

မေမေတို့ ချီနိုင်တုန်း ချီထားကြပါနော်။ နောက်ပိုင်း ကြီးလာရင် ချီချင်လို့တောင် ချီမရတော့ပါဘူး။ ဒါကြောင့် ဒီအချိန်လေးကို တန်ဖိုးထားပြီး ကလေးငိုတိုင်း ထကြည့်ပေးပါ။

မေမေတို့ စစချင်းမှာတော့ နို့အများကြီးထွက်မှာ မဟုတ်သလို ကလေးကလည်း ကောင်းကောင်း စို့တတ်မှာ မဟုတ်ပါဘူး။ မေမေရော ကလေးရော သင်ယူဆဲ ကာလမို့လို့ပါ။ ၆ပတ်လောက်ဆို တော်တော်လေး အသားကျသွားပါပြီ။ ဒါကြောင့် လက်မလျှော့ပါနဲ့။

မိခင်နို့ရဲ့ သဘောတရားက ကလေးစို့လေ ထွက်လေပါ။ ဒါကြောင့် ကလေးကို ကြိုးစားပြီး တိုက်ကြည့်ပါ။ တစ်ဖက်မရရင် တစ်ဖက် ပြောင်းပြောင်းပြီး တိုက်ကြည့်ပါ။ အမြွာမေမေတွေတောင် လောက်သေးတာ မေမေတို့လည်း လောက်မှာပါ။ စိတ်ရှည်ရှည်ထားပြီး တိုက်ကြည့်ပါ။

  • ချက်ကြိုးကို အရက်ပြန်နဲ့ သန့်ရှင်းရေးလုပ်ရတယ်။

ချက်ကြိုးကို မေမေတို့ ဘာမှလုပ်စရာ မလိုပါဘူးနော်။ ဘာမှမလုပ်တာအကောင်းဆုံးပါပဲ။ မေမေတို့ လုပ်ပေးနိုင်တာက ကလေးကို သေးခံလဲတိုင်းမှာ ချက်ကြိုးကို ရေစိုဂွမ်းလေးနဲ့ အသာအယာ သုတ်ပေးရုံပါပဲ။

အရက်ပြန်၊ ဆေးနီ၊ မီးသွေးမှုန့်၊ သနပ်ခါး၊ ဆေးတို့ဖတ် ဘာမှအုံစရာ မလိုပါဘူး။ ဒါတွေ လုပ်မှ အနာကျက်နှေးတာ၊ ပိုးဝင်တာ ဖြစ်တတ်လို့ ဘာမှမလုပ်တာ အကောင်းဆုံးပါပဲ။

  • ကလေးက နေ့တိုင်း အင်းအင်းပါရမယ်။

ကလေးက နေ့တိုင်း ပါချင်မှ ပါမှာပါ။ ကလေးက ဝမ်းပျော့ပျော့ပဲ သွားနေတယ်ဆိုရင် စိုးရိမ်စရာ မရှိပါဘူး။ ပြီးတော့ နို့ဘူးသောက်တဲ့ ကလေးတွေက အမေနို့စို့တဲ့ ကလေးတွေထက် ဝမ်းပိုချုပ်တတ်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ ကလေးကို ကွမ်းရိုးနဲ့ ဝမ်းချူတာ၊ ဘောလုံးထည့်တာတွေ မလုပ်ပါနဲ့နော်။

  • ကလေးချက်စူနေရင် အကြွေစေ့နဲ့ ဖိပေးရတယ်။

ကလေးချက်စူတယ်ဆိုတာ သူ့ဝမ်းဗိုက်က ကြွက်သားတွေ ကောင်းကောင်း မဖွံ့ဖြိုးသေးလို့ပါ။ ချက်ကြိုးကို ဆွဲပြီး ဖြတ်လိုက်တာကြောင့် မဟုတ်ပါဘူး။ ကလေးအသက် တစ်နှစ်လောက်ဆိုရင် အလိုလို ကောင်းသွားတတ်ပါတယ်။ ဒါကြောင့် ကလေးချက်ကို အကြွေစေ့နဲ့ ဖိတာ၊ မှောက်အိပ်ခိုင်းတာ လုပ်စရာ မလိုပါဘူး။

  • ကလေးကို မွေးကတည်းက အကျင့်လုပ်ပေးရမယ်။

ကလေးကို ဒီအချိန်ရောက်မှ နို့တိုက်မယ်၊ ဒီအချိန်ရောက်ရင်တော့ ကလေးက အိပ်ကို အိပ်ရမယ် စသဖြင့် အတင်း အကျင့်မလုပ်ပါနဲ့။ တချို့မေမေတွေဆို နေ့ခင်းမှာ ကလေးက အိပ်နေရင် ညမအိပ်မှာ စိုးလို့ ကလေးကို အတင်းနှိုးထားတာတွေ ရှိပါတယ်။

ဒီလို မလုပ်ရပါဘူး။ မွေးစကလေးက ခုမှ အပြင်လောကကြီးနဲ့ သဟဇာတဖြစ်အောင် နေနေရတုန်းပါ။ သူ့ကို ဖိအားမပေးပါနဲ့။ သူ့အနေနဲ့ ခဏခဏ အိပ်ဖို့ လိုပြီး ခဏခဏလည်း နို့စို့ဖို့ လိုပါတယ်။ ဒါမှ ကျန်းကျန်းမာမာနဲ့ ကြီးထွားလာမှာပါ။ နေ့နဲ့ ညမှားတာက နောက်ပိုင်း ပြင်ပေးလို့ရပါတယ်။ မွေးစမှာတော့ သူ့သဘောအတိုင်း နေပါစေလား မေမေတို့။

ဒါတွေက မေမေတို့ ပတ်ဝန်းကျင်မှာ ကြားကြားနေရတဲ့ အကြောင်းတွေပါပဲ။ ဘယ်ဟာ အမှန် ဘယ်ဟာ အမှားဆိုတာ မေမေတို့ ဆုံးဖြတ်နိုင်ကြပါစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ

ကလေးတွေဟာ မွေးကင်းစအချိန်ကနေ အသက်တစ်နှစ်ပြည့်တဲ့အချိန်ထိ မိဘတွေအနေနဲ့ သေချာအနီးကပ်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဘေဘီလေးကို ဘယ်အချိန်မှာ ချိစ် စကျွေးမလဲ။

ချိစ်က နို့ထွက်ပစ္စည်းတစ်မျိုးပါ။ ကယ်လ်ဆီယမ်၊ ပရိုတင်းနဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးတွေကို ချိစ်ကျွေးလို့ရလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

ဒီရောဂါနဲ့ အသက်ရှင်ဖို့ဆိုတာက လွယ်တာတော့ မဟုတ်ပါဘူး။ လူကောင်းလို ဟန်မပျက် သွားလာလှုပ်ရှားနိုင်ပေမယ့် စိတ်ထင့်ရတဲ့ အချိန်တွေ ရှိခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

မွေးစကလေး တွေ နေ့နဲ့ ညမှားနေရင်

မွေးစကလေး မေမေ မယ်လတိုနင်ဟော်မုန်း နေ့နဲ့ညမှား အလင်းရောင် နို့ဆာ ဂျီကျ အိပ်ချိန် ဇီဝနာရီ အိပ်ပျော် ခဏခဏနိုး ကလေးသိပ်ရခက် သေးခံစို

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 3 mins read
မေမေတစ်ယောက်အတွက် ဂုဏ်ယူစရာအကောင်းဆုံးက ဘာလဲ...................

မေမေတစ်ယောက်အတွက် ဂုဏ်ယူစရာအကောင်းဆုံးက ဘာလဲ……………….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 24, 2020 . 2 mins read
ဘေဘီလေးနဲ့ ဆန်ပြုတ်

ဘေဘီလေးနဲ့ ဆန်ပြုတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read