ညဘက်မှာ သိပ်ရခက်နေရင် မိုးလည်း ချုပ်နေပြီ၊ ချီပြီး လမ်းလျှောက်ရတာလည်း ပုခုံးတွေတောင် နာလာပြီ။ ကလေးက မအိပ်သေးဘူးဆိုရင် စိတ်မပျက်ပါနဲ့။ ကလေးကို အိပ်ရာပေါ်မှာ အသာအယာချ၊ မီးလေးပိတ်၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကလေးကို ဖင်လေးပုတ်ပေးပါ။ တဖြည်းဖြည်းနဲ့ ငိုက်ပြီး အိပ်ပျော်သွားပါလိမ့်မယ်။ ငိုနေရင်တော့ ပြန်ချီရမှာပေါ့လေ။
ကလေးတွေက ၃-၄နာရီတစ်ခါ နို့ဆာတတ်ပါတယ်။ ညဘက်မှာလည်း ဒီလိုပါပဲ။ ဒါကြောင့် သေချာပေါက်ထပြီး နို့ထတိုက်ရမှာပါ။ ဒါကြောင့် ခဏခဏ မထရအောင် ကလေးပုခက်ကို အခန်းထဲရွှေ့ထားလိုက်ပါ။ (အမေနဲ့တော့ တစ်ကုတင်တည်း မသိပ်ပါနဲ့။ အခန့်မသင့်ရင် ကလေးကို ဖိမိတတ်ပါတယ်။ အမေလည်း သတိထားနေရတာနဲ့ ကောင်းကောင်း အိပ်ရမှာ မဟုတ်ပါဘူး။)
နောက်တစ်ခုက ဖေဖေနဲ့ ဂျူတီခွဲထားပါ။ ဘယ်အချိန်ကနေ ဘယ်အချိန် ဘယ်သူထဆိုပြီးတော့ပေါ့။ တစ်ခါတလေ ကလေးထလာတာ ဗိုက်ဆာတာကြောင့် မဟုတ်ဘဲ သေးခံစိုနေလို့လည်း ဖြစ်နိုင်ပါတယ်။ တချို့ကျလည်း ဒီတိုင်း နိုးလာပြီး ဖင်လေးပုတ်ပေးလိုက်ရင် ပြန်အိပ်သွားတာပါပဲ။ ဒါကြောင့် ကလေးငိုတိုင်း မေမေထစရာ မလိုပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။