နို့စို့ကလေး ဝမ်းချုပ်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့စို့ကလေး ဝမ်းချုပ်ခြင်း

    မိမိချစ်ရတဲ့ ဘေဘီလေး ဝမ်းမကောင်းလို့ ခေါင်းခဲနေရတဲ့ မေမေတွေများရှိလား။ နို့စို့ကလေး လေးတွေ တစ်ခုခုဆိုတိုင်း အရင်ဆုံး စိတ်ပူစိတ်ညစ်တတ်တာက မေမေတွေပါနော်။ အချို့ကိစ္စတွေက ဖြစ်လေ့ဖြစ်ထရှိတာမို့ စိတ်ပူစရာမလိုပေမယ့် ဖြစ်လေ့ဖြစ်ထမရှိတာတွေအတွက်ကတော့ စိတ်ပူဖို့လိုမှာပါ။ ကလေးလေးတွေက မွေးကာစအရွယ်မှာ ခဏခဏဝမ်းသွားနိုင်ပါတယ်။ ကလေးကို ဝမ်းချုပ်တယ်လို့ ပြောဖို့ဆိုရင် အရင်ဆုံးသိထားရမှာက ကလေးဟာ တစ်နေ့ကို ဘယ်နှကြိမ်လောက် ဝမ်းသွားတတ်လဲဆိုတဲ့အချက်ပါ။ ဒီအချက်ကလည်း ကလေးတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ သူတို့လေးတွေရဲ့ စားသောက်နေထိုင်မှု ကွာခြားချက်အရ ဝမ်းသွားတာကလည်း ကွာခြားနိုင်ပါတယ်။

    ဘယ်လိုအခြေအနေမျိုးဆို ဝမ်းချုပ်တယ်လို့ ပြောလို့ရလဲ

    • ကလေးက တစ်နေ့တစ်ကြိမ် ဝမ်းသွားနေကျကနေ နှစ်ရက်တစ်ခါလောက်မှ ဝမ်းသွားတာ
    • သုံးရက်တစ်ကြိမ်လောက် မဝမ်းသွားတော့တာ
    • တစ်ပတ်တစ်ကြိမ်လောက်ပဲ ဝမ်းသွားတာ
    • အရင်ကထက် ဝမ်းသွားတဲ့ ပမာဏနည်းသွားတာ
    • ဝမ်းသွားတဲ့အခါ ကလေးက ငိုတာ၊ ဂျီကျတာ
    • ကလေးက ဝမ်းသွားတဲ့အခါတိုင်း ဝမ်းတွေက မာပြီးခြောက်နေတာမျိုးဆိုရင် ကလေးက ဝမ်းချုပ်နေတာပါ။

    နို့စို့ကလေး ဝမ်းချုပ်ခြင်း

    ဒီအချက်တွေကြောင့် ဝမ်းချုပ်နိုင်ပါတယ်

    နို့စို့ကလေး တွေကို ဝမ်းချုပ်စေနိုင်တဲ့ အကြောင်းအရင်းတွေက တော်တော်လေးများပါတယ်။

    • ကလေးက ရေဓာတ်လုံလောက်အောင် မရရှိတာ
    • နို့မှုန့်သောက်နေတာ
    • မိခင်ရဲ့ စားသောက်တဲ့အစားအသောက်ကြောင့်ဖြစ်တာ
    • ဖြည့်စွက်စာ စစားတဲ့အခါမျိုးတွေမှာ ဘေဘီလေးတွေအနေနဲ့ ဝမ်းချုပ်နိုင်ပါတယ်။

    နို့စို့ကလေး ဝမ်းချုပ်တာ သက်သာစေဖို့

    • ကလေးက ၅ လ ဒါမှမဟုတ် ၆ လသားအရွယ်ဆိုရင်တော့ ကလေးက ရေဓာတ်မလုံလောက်တာကြောင့် ဝမ်းချုပ်တာဖြစ်နိုင်တဲ့အတွက် ကလေးကို ရေလုံလောက်အောင် ဂရုစိုက်တိုက်ပေးပါ။ ၆လအောက် ဆိုရင်တော့ ရေလုံးဝမတိုက်ဘဲ မိခင်နို့ကိုသာ များများတိုက်ပေးပါ။
    • ကလေးက မိခင်နို့စို့နေတယ်ဆိုရင်တော့ မေမေတို့က အမျှင်ဓာတ်ပါတဲ့ အသီးအနှံတွေ များများစားပေးပါ။
    • ကလေးရဲ့ စအိုတဝိုက်မှာ petroleum jelly အနည်းငယ်လူးပေးပြီး ပက်လက်အနေအထားနဲ့ ကလေးရဲ့ခြေထောက်လေးနှစ်ဖက်ကို စက်ဘီးစီးသလို ပုံစံလေ့ကျင့်ခန်းလုပ်ပေးပါ။
    • ကလေးရဲ့ နို့ဘူးထဲကို စားလို့ရတဲ့ သံလွင်ဆီ ၂ စက် ကနေ ၄ စက်လောက်အထိထည့်ပြီး တိုက်ပေးပါ။
    • နို့မှုန့်တိုက်နေတာဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး နို့မှုန့်တံဆိပ်နောက်တစ်မျိုး ပြောင်းတိုက်ကြည့်ပါ။

    နို့စို့ကလေး ဝမ်းချုပ်ခြင်း

    • ကလေးကို ပေါင်ပေါ်မှာ မှောက်ရက်အနေအထား ထားပေးပြီး ကျောရိုးတလျှောက်နဲ့ ခါးအောက်ပိုင်းကို နှိပ်နယ်ပေးပါ။
    • ကလေးကို ရေဓာတ်ပြည့်ဝနေအောင် နို့တိုက်တာနဲ့ ကလေးက ၅ လကျော် ၆ လလောက်ရောက်လာပြီဆိုရင် ရေတိုက်တာ၊ သစ်သီးဖျော်ရည်နည်းနည်းလောက်တိုက်ပေးလို့ရပါတယ်။ မတိုက်ခင်မှာ ဆရာဝန်နဲ့သေချာတိုင်ပင်ဖို့တော့လိုပါမယ်။

    ကလေးကို အခုပြောခဲ့တဲ့ နည်းလမ်းတွေထဲက နှစ်ချက်လောက်လုပ်ပေးပေမယ့် ကလေးက ဝမ်းချုပ်နေတုန်းပဲဆိုရင်တော့ ကလေးဆရာဝန်နဲ့ပြသကြည့်ပြီး လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ပြောပါရစေ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement