backup og meta

ဆယ်ကျော်သက် တိုင်း စားသင့်တဲ့ အစားအစာ (၇) မျိုး

ဆယ်ကျော်သက် တိုင်း စားသင့်တဲ့ အစားအစာ (၇) မျိုး

ဆယ်ကျော်သက် အရွယ် သားသားမီးမီးတို့ကို အာဟာရ ပြည့်ဝစွာ ကျွေးမှ ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးမှာပါ။ ဒီတော့ ဆယ်ကျော်သက် အရွယ် ကလေးတွေကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးဖို့ ဘာတွေများ ကျွေးရမလဲဆိုပြီး ခေါင်းခြောက်နေတဲ့ မေမေတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေတို့ရဲ့ ခေါင်းခြောက်တဲ့ ပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာပါ။

ဆယ်ကျော်သက် အရွယ် သားသားမီးမီးတို့ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့

ဆယ်ကျော်သက် အရွယ် သားသားမီးမီးတို့ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ဒါတွေပြင်ဆင်ပေးပါ။

(၁) ကြက်ဥ

ကြက်ဥမှာ ခန္ဓာကိုယ် ကျန်းမာဖွံ့ထွားစေဖို့ လိုအပ်တဲ့ ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကြက်ဥတစ်လုံးမှာ ဇင့်၊ ဗီတာမင် A၊ selenium နဲ့ ဗီတာမင် E တို့ ပါဝင်နေပါတယ်။

တစ်နေ့ကို ကြက်ဥ ပြုတ်ပြီးဖြစ်ဖြစ်၊ ဆီနည်းနည်းနဲ့ ကြော်ပြီးဖြစ်ဖြစ် စားပေးပါ။

(၂) ငှက်ပျောသီး

အသီးတွေ အားလုံးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ငှက်ပျောသီးက ပိုပြီး သင့်တော်ပါတယ်။ အကြောင်းကတော့ ငှက်ပျောသီးမှာ ဗီတာမင် B၊ ပိုတက်ဆီယမ်၊ ကာဗိုဟိုက်ဒရိတ် နဲ့ အမျှင်ဓာတ်တို့လိုမျိုး အင်အားဖြစ်စေတဲ့ အာဟာရတွေ ပါဝင်နေလို့ပါပဲ။

ငှက်ပျောသီးက အချိုစာတွေ စားမိနိုင်ခြေကိုလည်း လျှော့ချပေးတာကြောင့် ဆယ်ကျော်သက် တို့အတွက် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ပံ့ပေးနိုင်မှာပါ။

(၃) နို့

နို့မှာ အရိုးနဲ့သွားတွေကို သန်မာစေမယ့် ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါတင် မကသေးပါဘူး။ နို့မှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ မဂ္ဂနီဆီယမ်၊ ပရိုတင်း၊ ဗီတာမင် B12 တို့လည်း ကြွယ်ဝစွာ ပါဝင်နေပါသေးတယ်။ တစ်နေ့ကို ပုံမှန် နို့တစ်ခွက်သောက်ပေးတာက အရိုးတွေကို သန်မာစေသလို ကိုယ်ခံအား ကောင်းစေဖို့ပါ အထောက်အပံ့ပေးနိုင်မှာပါ။

(၄) ဆယ်လ်မွန်ငါး

ငါးစားတာက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဆယ်ကျော်သက်တွေကို ကျန်းမာပျော်ရွှင်နေစေဖို့ဆိုရင် နေ့စဉ်စားသုံးမှုမှာ ငါးပါအောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ ငါးဆိုတဲ့ထဲကမှ omega 3 fatty acids ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါးက အသင့်တော်ဆုံးပါ။

ဆယ်ကျော်သက် တွေကို ကျန်းမာပျော်ရွှင်စေဖို့ဆိုရင် တစ်နေ့ကို ငါး ၁၀၀ ဂရမ် ပါအောင် ကျွေးပေးဖို့ လိုပါမယ်။

(၅) အခွံမာသီးတွေ

ဆယ်ကျော်သက်တွေ အနေနဲ့ အဆာပြေ စားချင်ရင် အချိုစာတွေ ဆီများတဲ့ အစားအစာတွေ အစား အခွံမာသီးတွေ ဖြစ်ကြတဲ့ သစ်ကြားသီး၊ အယ်လ်မွန်စေ့တို့ကို စားပေးသင့်ပါတယ်။

အခွံမာသီးတွေက ဇင့်၊ ဗီတာမင် E၊ပရိုတင်း၊ အမျှင်ဓာတ်တို့ ပြည့်ဝပြီး ကျန်းမာစေသလို ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေမှာပါ။

(၆) ကန်စွန်းဥ

ကန်စွန်းဥက ဆယ်ကျော်သက်တွေအတွက် အကောင်းဆုံး စားစရာတစ်ခုပါ။ အကြောင်းကတော့ ကန်စွန်းဥမှာ ဆယ်ကျော်သက်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ beta carotene၊ ဗီတာမင် A၊ ဗီတာမင် C တို့ ပါဝင်နေလို့ပါ။ အမြင်အာရုံ ကစလို့ ကိုယ်ခံအား အထိ အားပြည့် ကျန်းမာစေမှာပါ။

(၇) အနီရောင် အသား

အဆီမပါတဲ့ အနီရောင်အသားက သံဓာတ် ပြည့်ဝစေပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အာရုံစူးစိုက်နိုင်စွမ်း ကောင်းစေပြီး သင်ယူလေ့လာနိုင်စွမ်းကောင်းစေဖို့လည်း ကူညီပေးပါသေးတယ်။

ပရိုတင်း ကြွယ်ဝမှုက အရိုးနဲ့ ကြွက်သားတွေကို သန်မာစေပြီး ကိုယ်ခံအားကို ပြည့်ဝစေနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Top 10 Healthy Foods For Teens https://www.momjunction.com/articles/healthy-foods-for-your-teen_00348349/ Accessed Date 18 August 2020

ယခုပုံစံ

11/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လူငယ်တွေရဲ့ ကျန်းမာရေးက ဘာလို့အရေးကြီးတာလဲ..ဘယ်လိုဂရုစိုက်ပေးရမလဲ

ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်အနေနဲ့ ဒါတွေသိထားသင့်တယ်နော်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement