အရွယ်ရောက်လာလို့ ပိုလှလာတတ်ကြတာ မျက်မြင်ပါပဲ။နောက်တစ်ချက်က ပျိုဖော်ဝင်တယ်ဆိုတာ တစ်ချိန်မှာ ပုခက်လွှဲနိုင်တဲ့လက်တစ်စုံဖြစ်လာဖို့ အစပျိုးပေးတဲ့ သဘာဝလက်ဆောင်ပါ။ ဒါမှ အချိန်တန်တဲ့အခါ ကိုယ့်အသွေးအသားနဲ့ ဖြစ်တည်လာမယ့် ကိုယ့်ရင်သွေးလေးတွေ မွေးဖွားပြီး ကိုယ်ချစ်တဲ့မိသားစုတစ်ခုကိုတည်ဆောက်နိုင်မှာလေ။
(၂) ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကို စိတ်မပျက်ပါနဲ့
ပျိုဖော်ဝင်ပြီဆို ရင်သားတွေဖွံ့ဖြိုးလာတာ၊ ခန္ဓာကိုယ်အမွေးအမျှင်တွေ ထွက်လာတာ၊ ဝက်ခြံတွေ ဖြစ်လာတာ စတဲ့ ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေ ဖြစ်လာတာ သဘာဝပါ။ ဒီလိုပြောင်းလဲလာတဲ့အပေါ် ကလေးတွေအနေနဲ့ နေရခက်တာ၊ ရှက်ရွံ့တာတွေ ခံစားရပြီး စိတ်ညစ်ရပါတယ်။
ဒါတွေ ကျင့်သားရဖို့၊ အံဝင်ခွင့်ကျ နေထိုင်ဝတ်စားတတ်ဖို့ ကြိုးစားပါ။ ပျိုဖော်ဝင်တဲ့ အပြောင်းအလဲတွေကို စိတ်ဆင်းရဲနေဖို့ မလိုပါဘူးနော်။ ကိုယ်ပိုလှလာစေဖို့ ပြောင်းလဲလာတဲ့ သဘာဝတရားကို ကြည်ဖြူစွာနဲ့ လက်ခံပေးလိုက်ပါ။
ဒီလိုစပ်ကူးမပ်ကူးကာလမှာ အာဟာရဓာတ်တွေလုံလောက်ပြည့်ဝအောင်ရရှိဖို့၊ အစားစားဖို့ လိုအပ်ပါတယ်။ ဘာလို့ဆို ခန္ဓာကိုယ်က ဆက်လက်ဖွံ့ဖြိုးဖို့အရေးကြီးတဲ့ အကူးအပြောင်းကာလဖြစ်နေလို့ပါ။
ရာသီစလာတဲ့ အရွယ်မို့ သံဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ သွေးအားနည်းတတ်တဲ့သူ ဒါမှမဟုတ် အသားသိပ်မစားတတ်တဲ့သူတွေမှာဆို သံဓာတ်ပြည့်ဝဖို့ဖြည့်စွက်စာလိုအပ်ပါလိမ့်မယ်။
(၄) ကိုယ့်အသွင်အပြင်အပေါ် ယုံကြည်မှုအားမနည်းပါစေနဲ့
နုပျိုတဲ့ ဖူးပွင့်စအလှနဲ့ ဆယ်ကျော်သက်လေးတွေက ကိုယ့်ခန္ဓာကိုယ်နဲ့ အသွင်အပြင်ကို ရွယ်တူချင်းယှဉ်ကြည့်တတ်ကြပါတယ်။ ကိုယ်က သူ့လောက် မထွားဘူး၊ ဝတယ်၊ ပိန်တယ်၊ အသားလှတယ်နဲ့ စိတ်ဖိစီးမှုမခံယူပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။