home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အပျိုဖော်ဝင်စ သမီးလေးကို ဒါတွေကျွေးပါ

အပျိုဖော်ဝင်စ သမီးလေးကို ဒါတွေကျွေးပါ

အပျိုဖော်ဝင်လာတဲ့ သမီးငယ်လေးကို အကောင်းမွန်ဆုံးကျွေးမွေးဖို့ကမေမေတစ်ယောက် မဖြစ်မနေထမ်းဆောင်ရမယ့် တာဝန်တစ်ခုပါ။ ဒီတာဝန်ကိုမေမေက အကောင်းဆုံးလုပ်ဆောင်ပေးနိုင်မှ သမီးလေးက ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါနော်။ ဒီတစ်ခေါက်တော့ ကိုယ့်ရဲ့ သမီးလေးကို အပျိုဖော်ဝင်ချိန်မှာ ကြီးထွားဖွံ့ဖြိုးလှပတဲ့ သမီးလေးအဖြစ်ကြီးပြင်းလာစေဖို့မေမေတို့အနေနဲ့ ဘယ်လိုမျိုးကျွေးမွေးရမလဲဆိုတာကိုပြောပြပေးပါရစေ။

အပျိုဖော်ဝင်တယ်ဆိုတာ

အပျိုးဖော်ဝင်တယ်ဆိုတာက ကလေးတစ်ယောက်ရဲ့ အရွယ်ရောက်ပြောင်းလဲမှုပါ။ ဒီအချိန်က အလျင်အမြန်ဖွံ့ဖြိုးကြီးထွားတဲ့ အရွယ်ဖြစ်တာကြောင့် အာဟာရလိုအပ်ချက်ကလည်း ပုံမှန်ထက်ပိုများနိုင်ပါတယ်။ ဒီအချိန်မှာ ကလေးက ခန္ဓါကိုယ် အခြေအနေ၊ စိတ်နေစိတ်ထားနဲ့တွေးခေါ်မှုတွေကအစအရာရာ စတင်ပြောင်းလဲနေတာပါ။ ကြီးထွားဖွံ့ဖြိုးလာပြီး ခန္ဓါကိုယ်ရဲ့ပြောင်းလဲမှုအတွက် လိုအပ်တဲ့ အာဟာရတွေကိုပြည့်စုံအောင်ကျွေးမွေးနိုင်မှလည်း ကလေးက ရွယ်တူတွေထဲမှာ ညှက်နေတာမျိုးမဖြစ်မှာပါ။ ကိုယ့်ရဲ့ သမီးလေးကို လှပကြော့ရှင်းတဲ့လေဒီလေးဖြစ်အောင် အကောင်းဆုံး ပုံသွင်းပေးနိုင်မယ့် အချိန်ဆိုလည် မမှားပါဘူး။

ဘာတွေကျွေးမလဲ

ပြောင်းလဲမှုတွေကိုပြည့်မီအောင် အာဟာရဖြည့်တင်းပေးမယ်ဆိုရင် ကလေးကို နေ့စဉ်စားသောက်မှုတိုင်းမှာ ဒါတွေပါအောင်ကျွေးသင့်ပါတယ်။

အဆီမပါတဲ့အသား

ကြွက်သားနဲ့ အရိုးတွေကြီးဖွားဖွံ့ဖြိုးဖို့အတွက်လိုအပ်တဲ့ ပရိုတင်းဓါတ်ရရှိစေဖို့ ကလေးကို အသားကျွေးဖို့လိုပါမယ်။ ဒါ့အပြင် အပျိုဖော်ဝင်စ သမီးလေးအတွက် သံဓါတ်လိုအပ်ချက်မဖြစ်အောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်ဖို့အတွက်လည်း အနီရောင်အသားတွေကျွေးပေးဖို့လိုပါမယ်။ တစ်ပတ်ကို ၃ ကြိမ်လောက်ကျွေးပေးဖို့လိုပါမယ်။

ပဲအမျိုးမျိုး

ပြောင်းလဲလာမယ့် ခန္ဓါကိုယ်ကြီးထွားမှု၊ သံဓါတ်အားနည်းချက်ကြောင့်သွေးအားနည်းရောဂြါဖစ်တာမျိုးမဖြစ်စေဖို့အတွက် အရိုးနဲ့ ခန္ဓါကိုယ်က တစ်ရှုးတွေ ကျန်းမာနေစေဖို့ လိုအပ်တဲ့ ပရိုတင်းဓါတ်နဲ့ သံဓါတ်၊ ဗီတာမင် နဲ့ သတ္တုဓါတ်တွေရရှိစေဖို့ပါ။

ဥအမျိုးမျိုး

အရိုးနဲ့ သွားတွေကြံ့ခိုင်စေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ်စုပ်ယူမှုကောင်းစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင် D ပမာဏကိုဖြည့်ဆည်းပေးနိုင်စေဖို့ သံဓါတ်ရရှိစေဖို့အတွက် တစ်ပတ်ကို ၃ ကြိမ်လောက်ကျွေးပေးသင့်ပါတယ်။

နို့နဲ့နို့ထွက်ပစ္စည်း

အရိုးနဲ့သွားတွေကြံ့ခိုင်စေဖို့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ လစဉ်ရာသီလာတာကြောင့် သံဓါတ်ဆုံးရှုံးမှုမဖြစ်စေဖို့အတွက်လိုအပ်တဲ့ သံဓါတ်၊ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အခြား ဗီတာမင် နဲ့ သတ္တုဓါတ်တွေရရှိစေဖို့အတွက် တစ်နေ့ကို နို့တစ်ခွက် ဒါမှမဟုတ် ဒိန်ချဉ်တစ်ခွက်လောက် တိုက်ပေးသင့်ပါတယ်။

ရေ

သဘာဝတရားကြီးကပေးထားတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့သောက်စရာကလည်း အပျိုးဖော်ဝင်စ သမီးငယ်လေးတွေ ကျန်းမာစေဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ကျောင်းစာတွေနဲ့ ပင်ပန်းနေမ်ယသမီးလေး အင်အားပြည့်ပြီး လန်းဆန်းနေစေဖို့ရော၊ ကိုယ်တွင်းကအဆိပ်အတောက်တွေကိုပါ ဖယ်ရှားဖို့အတွက်ပါ။ တစ်နေ့ကိုရေ ၇ ခွက်ကနေ ၈ ခွက်အထိပုံမှန်တိုက်ပေးပါ။

ဟင်းနုနွယ်

ဆဲလ်တွေကြီးထွားဖို့နဲ့သွေးအားနည်းရောဂါတွေမဖြစ်စေဖို့အတွက် လိုအပ်တဲ့ဖောလိတ်ဓါတ်နဲ့ ဗီတာမင် B တို့ပါဝင်နေပါတယ်။

ဒီအချက်လေးတွေ လိုက်နာပေးပါ

ဒီအချိန်မှာ ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ ကျန်းမာပြီး တက်ကြွတဲ့ မိန်းမပျိုလေးဖြစ်စေဖို့အတွက် ဒီအချက်လေးတွေကို လိုက်နာပေးဖို့လည်း မမေ့ပါနဲ့မေမေတို့ရေ။

  • အမျှင်ဓါတ်များများစားကျွေးပါ။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ အုတ်ဂျုံ စတဲ့ အစားအစာတွေကို စားပေးပါ။
  • တစ်နေ့တာမှာရေလုံလောက်အောင်သောက်ပြီးရေဓါတ်ပြည့်ဝအောင်ဖြည့်ပေးပါ။
  • အဆီများတာတွေမကျွေးပါနဲ့။ အာလူးကြော် အပါအဝင် ဆီများတဲ့ အစားအစာတွေ မကျွေးပါနဲ့။
  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့သရေစာတွေပြင်ဆင်ပေးပါ။ သစ်သီးတွေကျွေးပေးပါ။
  • တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပေးပါ။
  • ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိဖို့ဂရုစိုက်ပါ။

အပျိုဖော်ဝင်စသမီးငယ်လေးတွေရှိတဲ့မေမေတို့အနေနဲ့ အခုပြောခဲ့တဲ့အချက်လေးတွေကို ဂရုစိုက်လို့ သမီးလေးကို စမတ်ကျတဲ့ သမီးလေးအဖြစ် ပျိုးထောင်လိုက်ပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 22/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။