လက်ကို ရေဆေးဖန်များလာတဲ့အခါ အရေပြားက ပါးလာတတ်ပါတယ်။ ဒီလို ပါးလာတာကြောင့် အမာ၊ အချွန်အထက် ပစ္စည်းတွေ၊ အလေးအပင်တွေ မရတဲ့အခါ အရေပြား ပိုပြီး ပျက်စီးလာတတ်ပါတယ်။ ဒါကို ကာကွယ်ပေးဖို့အတွက် လက်အိတ်ကို စွပ်ပေးရတာပါ။ နောက်တစ်ချက်ကတော့ အစိုဓာတ်တွေ ခမ်းခြောက်တာ နှေးစေဖို့ပါ။ Moisturizer လိမ်းပြီး လက်အိတ်စွပ်လိုက်တဲ့အခါ ရေဓာတ်နဲ့ အစိုဓာတ်ကို လက်အိတ်ထဲမှာ သိမ်းဆည်းထားလိုက်သလို ဖြစ်ပြီး လွယ်လွယ်နဲ့ ခြောက်မသွားတော့ပါဘူး။ ညအိပ်ခါနီး လက်ကို အစိုဓာတ်ထိန်းဖို့ Moisturizer တစ်ခုခုလိမ်း၊ ပြီးသွားရင် လက်အိတ်စွပ်ပြီး တစ်ညလုံး ထားထားနိုင်ရင် မနက်နိုးလာတဲ့အခါ ကိုယ့်လက်အရေပြား နူးအိအိလေး ဖြစ်နေတာကို ခံစားမိမှာပါ။
၄။ အဝတ်ကြမ်းကြမ်းတွေနဲ့ လက်မသုတ်ပါနဲ့။
လက်ကို ရေဆေးပြီးလို့ ခြောက်အောင် သုတ်ဖို့ တစ်ရှူး သို့မဟုတ် အဝတ်ပါးပါးလေးတွေ ထားထားပေးဖို့ လိုပါတယ်။ သုတ်တဲ့အခါမှာလည်း လက်ကို ပွတ်ဆွဲပြီး သုတ်တာမျိုးထက် ဖြည်းဖြည်းချင်း ဖွဖွလေး သုတ်ပေးပါ။
၅။ သဘာဝအဆီတွေ လိမ်းပေးပါ။
အိပ်ခါနီး အချိန်ဖြစ်ဖြစ်၊ ဒါမှမဟုတ် နေ့လည်နေ့ခင်း အချိန်တွေမှာ ကိုယ့်လက်ကို အုန်းဆီ၊ သံလွင်ဆီ၊ လာဗင်ဒါ အဆီ၊ ပန်းအဆီ စတဲ့ သဘာဝဆီသန့်တွေနဲ့လည်း လိမ်းပေးလို့ ရပါတယ်။ လိမ်းပြီးသွားရင်တော့ ခဏလေးခြောက်အောင် ထားပြီးမှ လက်အိတ်စွပ်ပေးဖို့ မမေ့နဲ့နော်။
၆။ Skin Care ပုံမှန်လုပ်ပေးပါ။
ကျန်းမာရေးက အရေးကြီးတယ် ဆိုပေမယ့် ကိုယ့်အသားအရေနဲ့ အလှအပကိုတော့ လုံးဝ ပစ်ပယ်ထားလိုက်စရာ မလိုပါဘူးနော်။ ကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို နားလည်ထားပြီး လိုက်နာနိုင်ရင် ကိုယ့်အတွက် ဘေးကင်းသလို ကျန်တဲ့အချိန်တွေမှာလည်း ကိုယ်ပုံမှန်လုပ်နေကျ Skin Care မျိုးတွေ လုပ်ပေးဖို့ မမေ့သင့်ပါဘူး။
တစ်ပတ်ကို တစ်ကြိမ်လောက် ဓာတုဗေဒပစ္စည်း (Chemical) မပါဝင်တဲ့ အိမ်သုံးပစ္စည်းတွေနဲ့ Scrub လုပ်ပြီး အရေပြားကို ပွတ်တိုက်တာမျိုး၊ အဲ့လိုမဟုတ်လည်း ရှားစောင်းလက်ပပ်၊ ပျားရည်တွေနဲ့ လက်အရေပြားကို ကပ်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။
အရေပြားကို ဂရုမစိုက်ဘဲ ပစ်ထားလိုက်ရင် ဝက်ခြံ၊ နှင်းခူ၊ ညှင်း၊ ပွေး၊ ဝဲအပြင် အရေပြားကင်ဆာထိပါ ဖြစ်လာနိုင်တယ်ဆိုတာလည်း မမေ့ပါနဲ့။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။