ကလေး စကားပြောတယ်ဆိုတာ သူ့ရဲ့ ဖွံ့ဖြိုးမှုမှတ်တိုင်တွေထဲက တစ်ခုပါပဲ။ ကလေးရဲ့ ဦးနှောက်က မွေးစကနေ ၃နှစ်အတွင်းမှာ ခပ်မြန်မြန်ပဲ ဖွံ့ဖြိုးလာပါတယ်။ ဒါကြောင့် ကလေးက ၂နှစ်လောက်ဆို စကားစပြောနိုင်နေပါပြီ။ တကယ်တော့ ကလေးက မွေးစကတည်းက သူ့နည်းသူ့ဟန်နဲ့ မိဘတွေနဲ့ ဆက်သွယ်ပြောဆိုနေတာပါ။ သူဗိုက်ဆာတာ၊ အိပ်ချင်တာကို သူ့နည်းသူ့ဟန်နဲ့ ဖေဖေ၊ မေမေတို့ သိအောင် ပြောပြပေးနိုင်ပါတယ်။