backup og meta

ခါးဆစ်ချော်ခြင်း၏ ရောဂါလက္ခဏာများ


Dr. K Zin Thwe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခါးဆစ်ချော်ခြင်း၏ ရောဂါလက္ခဏာများ

    ခါးဆစ်ချော်သော ဝေဒနာရှိသူအများစုသည် ရောဂါလက္ခဏာပြလေ့မရှိခြင်း၊ ရောဂါလက္ခဏာများ အမြဲရှိမနေခြင်းတို့ကြောင့် သူတို့ကိုယ်သူတို့ ရောဂါရှိမှန်း သတိပြုမိခဲပါသည်။ သို့သော် ရောဂါလက္ခဏာများပြင်းထန်လာသောအခါ ခံစားရသော ဝေဒနာများသည် လူတယောက်နှင့် တယောက်မတူညီပါ။

    ခါးဆစ်ချော်ခြင်း အမျိုးအစားများ

    ခါးဆစ်ချော်ခြင်း အမျိုးအစားများစွာ ရှိသည့် အနက် အဖြစ်များသော အမျိုးအစားများကို ဖော်ပြလိုက်ရပါသည်။

    • ခါးအရိုးဆစ်များ ပျက်စီယိုယွင်းလာခြင်း

    ယင်းသည် အဖြစ်အများဆုံးသော ပုံစံဖြစ်ပြီး အသက်ကြီးလာသည်နှင့် အမျှ ခါးအရိုးဆစ်များကြားတွင်ရှိသော ချောဆီများခမ်းခြောက်လာသည့် သဘောကြောင့် ဖြစ်ရသည်။ ခါးအရိုးဆစ်များကြားရှိ ကြားခံများသည် ယခင်လောက်မကောင်းမွန်တော့သည့် အခါ လှုပ်ရှားမှုများပြုလုပ်တိုင်း နာကျင်ရခြင်းဖြစ်ပါသည်။

    • ခါးအဆစ်အလယ်နေရာ ချော်ခြင်း

    ယင်းသည် ခါးအရိုးကို ဒဏ်ဖြစ်ခြင်း၊ အနည်းငယ်အက်ကွဲမှုများဖြစ်ခြင်းတို့ စုပေါင်းလာကာ ကြာလာသောအခါ ခါးအရိုးဆစ်များ အားနည်းလာပြီး နေရာချော်လာခြင်းဖြစ်ပေသည်။

  • မွေးရာပါ ခါးဆစ်ချော်ခြင်း
  • ယင်းဖြစ်စဉ်သည် မွေးကတည်းက အရိုးများဖြစ်တည်မှု မူမမှန်ခြင်းကြောင့်ဖြစ်ရခြင်းဖြစ်သည်။ အရိုးများဖြစ်တည်မှု အနေအထားမမှန်ခြင်းသည် ခါးရိုးနေရာများလွဲပြီး အဆစ်ချော်နိုင်ချေများလာစေသော အချက်ဖြစ်သည်။

    အဖြစ်နည်းသော ခါးဆစ်ချော်ခြင်း အမျိုးအစားများမှာ အောက်ပါတို့ဖြစ်ပါသည်။

    • ထိခိုက်မိခြင်းကြောင့် ခါးဆစ်ချော်ခြင်း

    ထိုသို့ဖြစ်ခြင်းသည် ခါးအရိုးကျိုးသွားခြင်းနှင့် ခါးကျောရိုးခွဲစိတ်မှုများ အပြီး တွင် ဖြစ်တတ်ပါသည်။

    • ခွဲစိတ်ပြီးနောက် ခါးဆစ်ချော်ခြင်း

    ယင်းသည် ခွဲစိတ်ပြီးချိန်တွင် ခါးဆစ်များ နေရာချော်သွားခြင်းကြောင့် ပိုဆိုးလာသော အနေအထားမျိုးကို ဆိုလိုပါသည်။

    • ရောဂါကြောင့် ခါးဆစ်ချော်ခြင်း

    ယင်းသည် အရိုးပွခြင်း ကဲ့သို့သော ရောဂါများကြောင့် ကျီးပေါင်းဖြစ်ခြင်းဖြစ်ပါသည်။

    ခါးဆစ်ချော်ခြင်း ၏ ရောဂါလက္ခဏာများ

    • ခါးအရိုးဆစ်များ ပျက်စီယိုယွင်းလာခြင်း

    ခါးအောက်ပိုင်းနေရာတွင် နာကျင်ခြင်း၊ ကိုက်ခဲခြင်းများဖြစ်လာပြီး တခါတရံတွင် ပေါင်အနောက်ပိုင်းနေရာများတွင်ပါ နာကျင်တတ်သည်။ အာရုံကျောများထိခိုက်ခြင်းကြောင့် ခြေထောက်ထော့နဲ့ခြင်းဖြစ်ခြင်းဖြစ်သည်။ ခြေဖျားများတွင် ကျဉ်ခြင်း၊ နာခြင်းများကိုခံစားရပြီး အထူးသဖြင့် လှုပ်ရှားမှုများပြုလုပ်နေချိန်တွင် ပိုဆိုးတတ်ပြီး နားလိုက်လျှင် သက်သာသွားတတ်သည်။

    • ခါးအဆစ်အလယ်နေရာ ချော်ခြင်း

    ခါးကျီးပေါင်းသည် ရောဂါလက္ခဏာများ မပြဘဲပိုဆိုးလာတတ်ပါသည်။ သို့သော် အချို့သူများသည် လှုပ်ရှားမှုများပြုလုပ်ချိန်တွင် ခါးနေရာတွင် နာကျင်ခြင်း ၊ ခါးဆန့်လိုက်ချိန်တွင် နာကျင်ခြင်း စသည့် လက္ခဏာများပြလေ့ရှိပြီး နာကျင်မှုသည် တင်ပါး၊ ပေါင်များထိ ဆက်ပြီးနာကျင်ကြောင်းပြောလေ့ရှိပါသည်။

    ပိုဆိုးသော ကျီးပေါင်းများသည် ရောဂါလက္ခဏာများ ပိုသိသာပြီး နာကျင်မှုများလည်း ပိုသိသာလာတတ်ပါသည်။ အထူးသဖြင့် ထို ရောဂါလက္ခဏာများသည် အရွယ်ရောက်ခါစ ကြီးထွားဖွံ့ဖြိုးမှုများဖြစ်နေသော အချိန်ကာလဝန်းကျင်တွင် ပိုဆိုးလာတတ်ကြောင်းတွေ့ရသည်။

    • ထိခိုက်မိခြင်းကြောင့် ခါးဆစ်ချော်ခြင်း

    ခါးကို ထိခိုက်မိသည်နှင့် မရှေးမနှောင်းတွင် နာကျင်မှုများ ခံစားရမည်ဖြစ်ပြီး ပိုဆိုးလာပါက မြှီးညှောင့်ရိုးတွင်ရှိသော အာရုံးကြောများကို ထိခိုက်မှုကြောင့် ဆီးအိမ်၏လုပ်ငန်းဆောင်တာများ မူမမှန်ခြင်း၊ နာကျင်မှုများ ပြန့်နှံ့သွားခြင်း နှင့် အာရုံကြောများထိခိုက်ခြင်းကြောင့် ခြေထောက်တော့နဲ့သွားခြင်းတို့ဖြစ်နိုင်ပါသည်။

    • ရောဂါကြောင့် ခါးဆစ်ချော်ခြင်း

    ယင်းသည် နာကျင်မှုများကို တဖြေးဖြေးဖြစ်လာသော ပုံစံဖြစ်ပြီး နာကျင်မှုများ ပြန့်နှံ့သွားခြင်း နှင့် အာရုံကြောများထိခိုက်ခြင်းကြောင့် ခြေထောက်ထော့နဲ့သွားခြင်းတို့ဖြစ်နိုင်ပါသည်။

    အချုပ်ဆိုရသော် ခါးဆစ်ချော်ခြင်းကို ခါးကျောရိုးကို ရိုးရိုး ဓါတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓါတ်မှန်ရုက်ခြင်းဖြင့် သိရှိနိုင်ပါသည်။ အကယ်၍သင်သည် ခါး၊ ပေါင် နှင့် တင်ပါးနေရာများတင်းခြင်း၊ နာခြင်း နှင့် ခါးအကွေးအဆန့် လှုပ်ရှားမှုများပြုလုပ်သောအခါ နာကျင်မှုများ ခံစားနေရပါက ဆရာဝန်နှင့် တိုင်ပင်ပြီး လိုအပ်သော စစ်ဆေးကုသမှုများ ခံယူသင့်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement