ကျန်းမာစွာနဲ့ဖွံ့ဖြိုးကြီးပြင်းလာမှာလား၊ အာဟာရတွေလိုအပ်ပြီး ချူချာနေမှာလား၊ ဉာဏ်ရည်ထက်မြက်ပြီး သွက်လက်တဲ့ကြယ်ပွင့်လေးတွေဖြစ်မှာလား၊ ဖွံ့ဖြိုးမှုနှေးနေမှာလားဆိုတာ ကလေးတို့ရဲ့ အနာဂတ်ဟာ မေမေတို့ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။
အရင်က အချက်အပြုတ်စိတ်မဝင်စားတဲ့ သူတွေတောင် မေမေဖြစ်လာတာနဲ့ ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်တတ်လာတယ်ဆိုတာ မိခင်မေတ္တာကြောင့်ပါ။ ကိုယ်မကျွမ်းကျင်တာတောင် မေးရင်းမြန်းရင်းနဲ့ ကိုယ်တိုင်အစားအစာပြင်ဆင်ပေးကြတာ မေမေတွေပါပဲ။
ကလေးအတွက် ဘေးဥပါဒ်ကင်းစေဖို့၊ လိုအပ်တဲ့အာဟာရတွေပြည့်ဝစေဖို့က အစားအသောက်တွေကို ဒီလိုမျိုး ကိုယ်တိုင်ပြုလုပ်ဖန်တီးမယ်၊ အရည်အသွေးကောင်းပြီး ကလေးကျန်းမာဖွံ့ဖြိုးမှုအတွက် စိတ်ချရတဲ့အမှတ်တံဆိပ်တွေကိုရွေးချယ်မယ် ဆိုရင် အကောင်းဆုံးပါနော်။ မေမေတို့ စီမံပေးလို့ရမယ့် သရေစာအာဟာရတချို့ကို အကြံပြုပေးလိုက်ပါမယ်။
(၁) ကြက်ဥပူတင်း – အလွယ်ဆုံးနဲ့ အကျွေးများဆုံး သရေစာပါနော်။ ကလေးတွေကို အစာစစားတတ်တဲ့အရွယ်ကနေ အရွယ်ရောက်တဲ့အထိ ကျွေးလို့အကောင်းဆုံးအာဟာရပါ။ ဂျုံမပါရင်တောင် ကြက်ဥ၊ နွားနို့လောက်နဲ့တင် ကလေးအတွက် ကယ်လ်ဆီယမ်၊ ပရိုတင်းအပါအဝင် အာဟာရတွေရရှိစေနိုင်တယ်၊ လုပ်ရလည်းသိပ်လွယ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။