backup og meta

အာရုံကြော ညပ်ရာကနေ ဘာတွေဖြစ်လာမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 18/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အာရုံကြော ညပ်ရာကနေ ဘာတွေဖြစ်လာမလဲ

    ဦးနှောက်နဲ့ ကျောရိုးမကြီး ကနေ ဖြန့်ထွက် လာတဲ့ အာရုံကြောတွေက ခန္ဓာကိုယ် အတွက် သိပ်ကို အရေးပါ ပါတယ်။ ဒါကြောင့် အာရုံကြောညပ်တဲ့အခါ မပေါ့ဆသင့် တာပါ။ အာရုံကြောညပ်တဲ့အခါ ဖြစ်လာတဲ့ နောက်ဆက်တွဲ ထိခိုက်မှုတွေက ခဏတာပဲ ဖြစ်နိုင်သလို၊ ကာလ တာရှည်လည်း ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ အာရုံကြော ညပ်ရာကနေ ဘာတွေဖြစ်လာမလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။

    အာရုံကြော ညပ်တာက ဘယ်လိုမျိုး ဖြစ်လာတာလဲ

    အာရုံကြော တစ်ခုခု အပေါ်မှာ ဖိမိတာမျိုး ဖြစ်လာခဲ့ရင် ဒီအခြေအနေ ဖြစ်လာနိုင်ပါတယ်။ ဒီလို ဖိမိတာက အကြိမ်ကြိမ် လှုပ်ရှားမှုကြောင့်လည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် အဲဒီ အစိတ်အပိုင်းကို အနေအထား တစ်ခုတည်းမှာ အချိန် ကြာကြာ နေမိစေလို့လည်း ဖြစ်နိုင်တယ်။ ဥပမာ – ညအိပ်ချိန် လက်ကို တစ်ဖက်တည်း ဖိအိပ်မိတာမျိုးပေါ့။ ဒါမှမဟုတ် အာရုံကြောနားမှာ အလုံးအကျိတ်တွေ ပေါ်လာရင်လည်း ဖြစ်နိုင်ပါတယ်။

    အာရုံကြော ညပ်ရာကနေ ဘာတွေဖြစ်လာမလဲ

    ကျောရိုးမကြီးကနေဖြာထွက်တဲ့ အာရုံကြောပေါ်မှာ ဖိမိနေတာ တစ်ခုခု ဒါမှမဟုတ် ရောင်ရမ်းမှု ဖြစ်ရာကနေ ဇက်နာတာ သို့မဟုတ် ခါးနာတာတွေ ဖြစ်လာနိုင်တယ်။ လည်ပင်း ကနေ ပခုံးနဲ့ လက်မောင်းတို့ကို နာကျင်မှု ဖြာထွက်လာတာလည်း ရှိနိုင်တယ်။ ဒါမှမဟုတ် ခြေထောက်နဲ့ ခြေဖဝါးအထိ နာကျင်တာ၊ တောင့်တင်းတာတွေ ရှိလာနိုင်တယ်။ ခါးဆစ်ရိုးပြား ကျွံတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အာရုံကြော ညပ်ရာကနေ ဘာတွေဖြစ်လာမလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    လည်ပင်း သို့မဟုတ် လက်မောင်းမှာ အာရုံကြော ညပ်တဲ့အခါ –

    • တံတောင်ဆစ်
    • လက်ဖျံ
    • လက်ကောက်ဝတ်
    • လက်ချောင်း တို့မှာ လက္ခဏာ ပြတတ်တယ်။

    ဒီလို လက္ခဏာ ပြလာရင် –

    • ထုံတာ၊ ကျင်တာ
    • Carpal tunnel syndrome တို့လို အာရုံကြော နဲ့ဆိုင်တဲ့ ရောဂါ အခြေအနေတွေ ဖြစ်လာပါလိမ့်မယ်။

    အာရုံကြော ညပ်တာကို မကုသဘဲ ကြာလာတဲ့အခါ အာရုံကြော ပတ်လည်က အကာအကွယ်လေးတွေ ပျက်စီးလာ ပါမယ်။ အရည်တွေ စုလာမယ်၊ ပြီးရင် ဖောရောင်တာ၊ ဖိအား ပိုများတာ၊ ဒဏ် ဖြစ်စေတာတွေ ရှိလာနိုင်တယ်။ ဒဏ် ဖြစ်လာတဲ့ အခါ အာရုံကြောရဲ့လုပ်ဆောင်ချက်တွေကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

    အာရုံကြောညပ်တဲ့ လက္ခဏာ

    အာရုံကြော ညပ်တဲ့အခါ တစ်ခါတလေ နာကျင်ကိုက်ခဲမှု တစ်ခုတည်း ဖြစ်တတ်ပေမယ့် နာကျင်မှု မဟုတ်တဲ့ တခြား လက္ခဏာတွေလည်း ရှိတတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေက –

  • ဇက်နာတာ၊ ခါးနာတာလိုမျိုး အာရုံကြော ဖိမိတဲ့ နေရာ တဝိုက် နာကျင်တာ၊
  • ဖြာထွက်တဲ့ နာကျင်ကိုက်ခဲမှု( ဥပမာ စိုင်ယာတီကာ အကြောနာ လိုမျိုး ပေါင်အထိ တန်းစေတာ)၊
  • ခြေလက်တွေ ထုံတာ၊
  • စူးခနဲ ကျဉ်တာ၊ ပူတာ မျိုး ခံစားရတာ၊
  • အားနည်းတာ (တစ်ခုခု လုပ်ရင် အရင်လို မသန်တာ၊ လက်မမြဲတာ လိုမျိုး)
  • တစ်ခါတလေ ခေါင်းကို လှည့်လိုက်တာ၊ လည်ပင်း စောင်းလိုက်တာ လိုမျိုး လှုပ်ရှားမှုလောက်နဲ့ လက္ခဏာ ပိုဆိုးသွားနိုင်ပါတယ်။

    ဖြစ်လာတဲ့အခါ သက်သာစေဖို့ –

    • ပိုအိပ်၊ ပိုနားပါ။
    • အပေါ့စားလေ့ကျင့်ခန်းတွေ လုပ်ပါ။
    • ကိုယ်နေဟန်ထား ပြောင်းလဲပါ။
    • ခြေထောက်ကို မြှင့်ထားပါ။
    • ရေခဲကပ်၊ ရေနွေးအိတ်ကပ်ပါ။
    • နေထိုင်မှုပုံစံပြောင်းလဲပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 18/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement