backup og meta

အဖြစ်များတဲ့ အရိုးအဆစ်ပြဿနာ များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဖြစ်များတဲ့ အရိုးအဆစ်ပြဿနာ များ

    အရိုးအဆစ်ပြဿနာဆိုတာ လူတိုင်းခံစားဖူးပါတယ်။ သာမန်ညောင်းတာကိုက်တာကစလို့ ဒူးနာ၊ ခါးနာအလယ် အရိုးကျိုးတဲ့အထိ မျိုးစုံဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်ကို အရိုးတွေ၊ ကြွက်သားတွေနဲ့ ဝန်းရံထားတာကြောင့် သူတို့နဲ့ ဆိုင်တဲ့ ရောဂါတွေကလည်း အများကြီးပါပဲ။ ဒီထဲကမှ အဖြစ်အများဆုံး ပြဿနာတွေကို ပြောပြပေးပါမယ်။

    အဖြစ်အများဆုံး အရိုးအဆစ်ပြဿနာများ

    ဒါအများဆုံးပါပဲ။ ချော်လဲတာက စလို့ ပြုတ်ကျတာအလယ် ကားတိုက်၊ ဆိုင်ကယ်မှောက်၊ စက်ဘီးလဲ နေ့စဉ်နဲ့ အမျှ ဖြစ်နေပါတယ်။ အရိုးကျိုးတာ၊ အဆစ်လွဲတာတွေ ဖြစ်တတ်ပါတယ်။

    အဆစ်ရောင်တာကလည်း အဖြစ်များတဲ့ ပြဿနာ တစ်ခုပါပဲ။ အရိုးနုလေးတွေ ပွန်းပြီး ဒူးဆစ်ရောင်တာက စလို့ ဂေါက်၊ ဆိုရီယေးစစ် လေးဖက်နာ ၊ သွေးလေးဖက်နာ အဆစ်ရောင် စသဖြင့် အမျိုးပေါင်း ၁၀၀လောက်ရှိတယ်လို့ ဆိုပါတယ်။

    ဘာဆာဆိုတာက အရိုးနဲ့ ကြွက်သား၊ အရွတ်တွေကြားမှာ ခံထားတဲ့ အရည်အိတ်လေးပါ။ ဒီအိတ်လေးခံထားတာကြောင့် ပွတ်တိုက်မှုနည်းပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတာပါ။ ဒီဘာဆာအိတ်လေးကလည်း အခန့်မသင့်ရင် ရောင်ရမ်းတတ်ပါသေးတယ်။

  • ကြွက်သားသိမ်လှီတာ 
  • ကြွက်သားဆိုတာ ပုံမှန်သုံးနေမှ ပုံစံမပျက်တာပါ။ ထိခိုက်ဒဏ်ရာရလို့ မလှုပ်ရှားတာ၊ လေဖြတ်လို့ အိပ်ရာထဲမှာ အကြာကြီး လှဲနေရတာ၊ ကြွက်သားကို ထောက်ပံ့ထားတဲ့ အာရုံကြော ပျက်စီးသွားလို့ မလှုပ်နိုင်တာ စတဲ့ ပြဿနာတွေမှာ ကြွက်သားလှုပ်ရှားမှု မရှိတာကြောင့် သိမ်လှီလာပါတယ်။

    • ကင်ဆာ

    အရိုး၊ အရိုးနုနဲ့ ကြွက်သားတွေမှာလည်း ကင်ဆာဖြစ်တတ်ပါတယ်။

    • ခုခံအားကမောက်ကမဖြစ်တာ

    Autoimmuneလို့ ခေါ်တဲ့ ခုခံအားကမောက်ကမဖြစ်တဲ့ ရောဂါတွေမှာ အရိုးအဆစ်တွေလည်း ထိခိုက်တတ်ပါတယ်။ ဥပမာ ဆိုရီယေးစစ် လေးဖက်နာ၊ သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာ စသဖြင့် အများကြီး ရှိပါတယ်။

    ဗီတာမင်ဒီ ချို့တဲ့ရင် ဖြစ်တတ်ပါတယ်။ အရိုးပျော့တာအပြင် ကြွက်သားတွေ အားနည်းတာ၊ အရိုးနာတာ၊ အရိုးကျိုးလွယ်တာတွေ ဖြစ်တတ်ပါတယ်။

    အရိုးသိပ်သည်းဆနည်းပြီး ပွယောင်းယောင်း ဖြစ်လာပါတယ်။ အရိုးကျိုးနိုင်ခြေ သိပ်များပါတယ်။

    • အာရုံကြောပိတာ

    အရိုးအဆစ်နှစ်ခုကြား အာရုံကြောပိတာမျိုးပါ။ ကျော်ရိုးဆစ်တွေမှာ အဆစ်ပြားကျွံထွက်ပြီး အာရုံကြောပိတာ အဖြစ်များပါတယ်။

    အရွတ်တွေ မခံနိုင်လောက်တဲ့အထိ အလွန်အကျွံအသုံးပြုတဲ့အခါ အရွတ်ရောင်လာတတ်ပါတယ်။

    • အရွတ်ဖုံးရောင်တာ

    အရွတ်တွေ အရိုးကြားမှာ နေတဲ့အခါ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရအောင် အရွတ်ဖုံးက ကူညီပေးပါတယ်။ ဒီအရွတ်ဖုံးလေးတွေကလည်း အခန့်မသင့်ရင် ရောင်ရမ်းတတ်ပါတယ်။

    လက္ခဏာများ

    အရိုးအဆစ်ပြဿနာတွေမှာ အောက်ကလက္ခဏာတွေ အတွေ့ရများပါတယ်။

    • အဆစ်ပုံပျက်တာ
    • အဆစ်တွေ ရောင်ရမ်းနာကျင်တာ
    • အဆစ်တွေ တောင့်တင်းနေပြီး လှုပ်လို့မရတာ
    • ကြွက်သားတွေ တောင့်တင်းတာ
    • ထုံတာ၊ ကျဉ်တာ
    • နာတာ (ရိုးရိုးနာတာက စလို့ တဆစ်ဆစ်ကိုက်တာ၊ စူးခနဲနာတာ မျိုးစုံဖြစ်နိုင်ပါတယ်)
    • ထိခိုက်ဒဏ်ရာရတဲ့ နေရာ ဖောင်းလာတာ၊ ပူပြီး နီလာတာ

    ဘယ်လိုအချိန်မှာ ဆေးရုံသွားသင့်လဲ။

    အရိုးကျိုးတာ၊ အဆစ်လွဲတာတွေက အရေးပေါ်အခြေအနေမို့လို့ ချက်ချင်းဆေးကုသမှု ခံယူသင့်ပါတယ်။ အထူးသဖြင့်

    • အရိုးအဆစ်ပုံပျက်သွားတာ
    • လှုပ်လို့မရတော့တာ
    • ထိခိုက်ဒဏ်ရာရတဲ့အချိန်မှာ ကျိုးသွားတဲ့၊ ပြုတ်သွားတဲ့ အသံတစ်ခုခုကြားလိုက်တာ
    • ဒဏ်ရာပြဲပြီး အရိုးကို မြင်နေရတာ
    • မခံနိုင်လောက်အောင် နာပြီး ဒဏ်ရာရတဲ့ နေရာက ဖောင်းနေတာမျိုးဆို ဆေးရုံကို အမြန်သွားသင့်ပါတယ်။

    အရိုးအဆစ်ပြဿနာက ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

    လူတော်တော်များများမှာဖြစ်နိုင်ပေမယ့်

    • အသက်ကြီးတဲ့သူတွေ
    • အဝလွန်ပြီး အရိုးပေါ်ကို ဖိအားများတဲ့သူတွေ
    • နာတာရှည်ရောဂါ (ဥပမာ ဆီးချို ) ရှိတဲ့သူတွေ
    • တွန်းတွန်းတိုက်တိုက် ဆော့ရပြီး ထိခိုက်လွယ်တဲ့ အားကစာနည်းဆော့သူတွေ
    • ဆေးလိပ်သောက်တဲ့သူတွေ
    • ခန္ဓာကိုယ်အားနဲ့ အလုပ်လုပ်ရသူတွေ
    • စနစ်မကျတဲ့နည်းလမ်းတဲ့ အလေးအပင်မတဲ့သူတွေ
    • ပုံစံမပြောင်းဘဲ နေ့တိုင်း ဒီပုံစံအတိုင်းပဲ လုပ်ရတဲ့အလုပ်တွေ (ဥပမာ စက်ချုပ်တယ်ဆိုရင် နေ့တိုင်း ခေါင်းကြီးငုံ့၊ တစ်နေကုန်ထိုင်ပြီး တကုတ်ကုတ် ချုပ်ရတာမျိုးပါ။ ဒါဆို ကြာလာရင် ဇက်ကြောတွေ တက်လာပါမယ်။)

    အရိုးအဆစ်ပြဿနာကို ဘယ်လိုကုသကြသလဲ။

    ရောဂါအခြေအနေပေါ်မူတည်ပြီး ကုသနည်းတွေ ကွဲနိုင်ပါတယ်။ လူနာရဲ့ ရောဂါရာဇဝင်၊ စမ်းသပ်မှုအဖြေ၊ ဆေးစစ်ချက်တွေ အပေါ်မူတည်ပြီး ရောဂါသတ်မှတ်ကာ ကုသပေးပါတယ်။ ရည်ရွယ်ချက်ကတော့ လူနာပြန်လှုပ်ရှားနိုင်ဖို့၊ ခံစားရတဲ့ ဝေဒနာသက်သာဖို့၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ နည်းဖို့ ရည်ရွယ်ပါတယ်။

    ကုသနည်းတွေကတော့

  • အိမ်မှာတင်လုပ်နိုင်တဲ့ (RICE– Rest, Ice, Compress, Elevate) အနားယူ၊ ရေခဲကပ်၊ ပတ်တီးလေးနဲ့ ဖိ၊ ထိတဲ့နေရာကို နည်းနည်းမြှင့်ထား စတဲ့ နည်းလမ်း
  • ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ သောက်ဆေးတွေ သောက်တာ
  • ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ဆေးတွေ သောက်တာ
  • အဆစ်ထဲ ဆေးထိုးတာ
  • ခွဲစိတ်ကုသတာ
  • နောက်ဆုံး ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်း လုပ်တာ အားလုံး အကျုံးဝင်ပါတယ်။
  • အရိုးအဆစ်ပြဿနာတွေက ဘယ်လိုကာကွယ်မလဲ။

    အောက်ကနည်းလမ်းတွေနဲ့ဆိုရင် အရိုးအဆစ်ပြဿနာတွေ ဖြစ်မလာအောင် အတန်အသင့် လျှော့ချနိုင်မှာပါ။

    • ကိုယ်အလေးချိန်ထိန်းပါ။
    • ဆေးလိပ်ဖြတ်ပါ။
    • ပြင်းထန်တဲ့ လှုပ်ရှားမှုမလုပ်ခင် အကြောလျှော့ပါ။
    • ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။ (တစ်နေ့ကို မိနစ် ၃၀နဲ့ တစ်ပတ် ၅ရက်လောက် လုပ်ပါ။)
    • ရောဂါအခံ ( ဥပမာ သွေးလေးဖက်နာ၊ ဆိုရီယေးစစ် လေးဖက်နာ) ရှိရင် ဆရာဝန်နဲ့ သေချာကုသထားပါ။
    • ကိုယ်နေဟန်ထား မှန်အောင်နေပါ။ အလေးအပင်မရင် အရိုးမထိခိုက်အောင် စနစ်တကျမပါ။
    • အရိုးအဆစ်တွေ သန်မာအောင် ကယ်ဆီယမ်နဲ့ ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအစာတွေ စားပေးပါ။ ဖြည့်စွက်အားဆေးသောက်ဖို့ လိုမလို ဆရာဝန်နဲ့ တိုင်ပင်ပါ။
    • ထိခိုက်နိုင်တဲ့ အားကစားနည်းတွေ လေ့ကျင့်တဲ့အခါ အကာအကွယ်ဝတ်ပါ။

    အရိုးအဆစ်ပြဿနာတွေ ခံစားနေရရင် စောစောစီးစီးကုသတာ ကောင်းပါတယ်။ သေသေချာချာ မကုသလို့ အရှင်းမပျောက်ဘူးဆိုရင် နောက်ပိုင်းမှာ မသန်စွမ်းတာ၊ နာတာရှည် ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အရိုးအဆစ်ပြဿနာတွေ ဖြစ်လာပြီဆိုရင် တတ်ကျွမ်းသူနဲ့ စနစ်တကျကုသဖို့ အကြံပေးလိုပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement