backup og meta

Kinesio တိပ်တွေက ခါးနာခြင်းကို ဘယ်လိုကူညီပေးနိုင်သလဲ

Kinesio တိပ်တွေက ခါးနာခြင်းကို ဘယ်လိုကူညီပေးနိုင်သလဲ

Kinesio တိပ်ရဲ့ ကောင်းကျိုးတွေ

Kinesio တိပ်ဆိုတာဟာ ချည်နဲ့အထူးပြုလုပ်ထားတဲ့ တိပ်တမျိုး ဖြစ်ပါတယ်။Kinesio ဟာ အလွယ်တကူ ကျုံ့ဆန့်နိုင်တာကြောင့် သင့်အရေပြားပေါ်မှာ အဆင်ပြေလွယ်ကူစွာ ကပ်နိုင်မှာပဲ ဖြစ်ပါတယ်။Kinesio တိပ်ဟာ နာကျင်ရောင်ရမ်းခြင်းနဲ့ ကြွက်သားတောင့်တင်းခြင်းတွေကို လျော့ပါးသက်သာစေနိုင်ပြီး ထိခိုက်ဒါဏ်ရာတွေကိုလည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်စေတဲ့အပြင် လှုပ်ရှားသွားလာမှုတွေကိုလည်း ပိုမို အဆင်ပြေစေပါတယ်။

Kinesio တိပ်ကို အသုံးပြုခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို လျှော့ချပေးနိုင်ပြီး သင့်လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ အကောင်းမြင်စိတ်တွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အရောင်အသွေးစုံလင်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ Kinesio တိပ်လေးတွေဟာ ဒါဏ်ရာကနေ ပြန်လည်ရုန်းထဖို့ သင့်ကို စိတ်ခွန်အားဖြစ်စေပါလိမ့်မယ်။

Kinesio တိပ်ဟာ သင့်အရေပြားကို ပင့်,မ ပေးနိုင်တာမို့ အရေပြားနဲ့ ကြွက်သားအကြားမှာ နေရာလွတ်လေးတွေကို ဖြစ်လာစေပါတယ်။ နောက်ဆက်တွဲအနေနဲ့ သင့်ခန္ဓါကိုယ်ရဲ့ သွေးလည်ပတ်မှုနဲ့ ပြန်ရည်စီးဆင်းမှုတို့ကို ပိုမိုကောင်းမွန်စေပါလိမ့်မယ်။

Kinesio တိပ်နဲ့ ခါးနာခြင်း

Kinesio တိပ်တွေကို ကပ်လိုက်တဲ့အခါ သူတို့ဟာ နောက်ကျောနဲ့ ခါးမှာရှိတဲ့ ကြွက်သားတွေကို ထောက်မပံ့ပိုးပေးပါတယ်။ ဒါတင်မကသေးပါဖူး၊ Kinesio တိပ်တွေဟာ အရွတ်၊အရွတ်ကြော နဲ့ အဆစ်အမြစ်တွေအပေါ်မှာပါ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ပြင်းထန်စွာ လှုပ်ရှားခြင်း ဒါမှမဟုတ် ဒါဏ်ဖြစ်ခြင်းကြောင့် ခံစားလာရတဲ့ ခါးနာခြင်း၊ကျောအောင့်ခြင်းတွေကို Kinesio တိပ်တွေက လျော့ပါးသက်သာစေနိုင်ပါတယ်။

ခါးနေရာတဝိုက်ဟာ ခန္ဓါကိုယ်ရဲ့ အလေးချိန်ကို ထိန်းသိမ်းခြင်း၊ကြွက်သားများ လှုပ်ရှားခြင်းနဲ့ ပြင်ပက သက်ရောက်တဲ့ အားတွေကို ခုခံခြင်း အစရှိတဲ့ လုပ်ငန်းဆောင်တာတွေအတွက် အင်မတန် အရေးကြီးပါတယ်။

Kinesio တိပ်တွေဟာ ကြွက်သားလှုပ်ရှားမှုတွေကို မှန်ကန်ကောင်းမွန်စေခြင်း၊ခန္ဓါကိုယ်တခုလုံးရဲ့ လှုပ်ရှားနိုင်စွမ်းကို တိုးတက်ကောင်းမွန်အောင် မြှင့်တင်ပေးခြင်း၊သွေးလည်ပတ်မှုနဲ့ ပြန်ရည်စီးဆင်းမှုကို ကောင်းမွန်စေခြင်း၊နောက်ကျောမှာရှိတဲ့ အဆစ်အမြစ်တွေကို နေသားတကျ ရှိစေခြင်း စတဲ့ အကျိုးအာနိသင်တွေကို ပေးစွမ်းနိုင်ပါတယ်။

Kinesio ကို အသုံးပြုခြင်းအားဖြင့် နောက်ကျောနဲ့ ခါးနေရာတဝိုက်ကို ပိုမိုပျော့ပြောင်းပြီး လှုပ်ရှားရလွယ်ကူသက်သာစေတဲ့အတွက် နာကျင်မှုဝေဒနာကို လျော့ပါးစေပါတယ်။

kinesio တိပ်ကို အသုံးပြုတဲ့အခါ ဘယ်အချက်တွေကို သတိထားသင့်သလဲ။

kinesio တိပ်တွေကို အင်္ဂလိပ်အက္ခရာ “I” ဒါမှမဟုတ် “Y” ပုံစံ ကပ်သင့်ပါတယ်။ သင်အရှေ့ကို ခါးကိုင်းပေးထားချိန်မှာ “I” ပုံစံတိပ်ကို ကပ်ရမှာ ဖြစ်ပြီး “Y” ပုံစံကို ကပ်မယ်ဆိုရင် “Y” ရဲ့ အောက်ခြေကို ခါးတလျှောက်ဒေါင်လိုက်ကပ်ရမှာ ဖြစ်ပါတယ်။”Y”ရဲ့ အပေါ်လက်တံနှစ်ခုကိုတော့ ပေါင်တလျှောက် (sciatic အာရုံကြောသွားရာ လမ်းတလျှောက်)ကပ်ရမှာပါ။

ဒါပေမယ့် တတ်ကျွမ်းနားလည်တဲ့ ပုဂ္ဂိုလ်က ကပ်ပေးရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အချိန်ဘယ်လောက်ကြာအောင် တိပ်ကပ်ထားမလဲဆိုတာလည်း သင့်အနေနဲ့ စဉ်းစားရပါမယ်။kinesio တိပ်တွေဟာ ရေစိုခံတဲ့အတွက် သင့်အနေနဲ့ တောက်လျှောက်ကပ်ထားနိုင်တယ်ဆိုသော်ငြား ကပ်ထားတဲ့ အချိန်အတိုင်းအတာဟာ ကုသမှုရဲ့ အကျိုးအာနိသင်အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။

ဒါကြောင့် kinesio တိပ် အသုံးမပြုခင်မှာ သင့်အနေနဲ့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူတွေနဲ့ ဦးစွာ တွေ့ဆုံဆွေးနွေးရမှာပဲ ဖြစ်ပါတယ်။

Kinesio တိပ်တွေဟာ တဖြည်းဖြည်းနဲ့ ပိုပြီး ခေတ်စားလာနေပြီ ဖြစ်ပါတယ်။Kinesio တိပ်တွေရဲ့ အကျိုးအာနိသင်ထိရောက်မှုကို တိကျသေချာစွာ သက်သေပြနိုင်တဲ့ အချက်အလက်တွေ မရှိသေးပေမယ့် လူအတော်များများမှာ အကျိုးရှိထိရောက်နေတဲ့အတွက် သင့်အနေနဲ့ စမ်းသုံးကြည့်တာ အရှုံးမရှိပါဘူး။။ ဒါပေမယ့် အသုံးမပြုခင် ဆရာဝန်နဲ့ ဦးစွာ ဆွေးနွေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Lower Back Pain Symptoms and Causes. http://www.spine-health.com/conditions/lower- back-pain/lower-back- pain-symptoms- and-causes. Accessed January 16, 2017.
  1. Kinesiology athletic tape. http://www.webmd.boots.com/fitness-exercise/guide/kinesiology-athletic-tape. Accessed January 16, 2017.
  1. Lemos TV, Albino ACG, Matheus JPC, Barbosa A de M. The Effect of Kinesio Taping in ForwardBending of the Lumbar Spine. Journal of Physical Therapy Science. 2014;26(9):1371-1375.doi:10.1589/jpts.26.1371.

ယခုပုံစံ

09/01/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement