အရိုးကျိုးခြင်း

အရိုးကျိုးခြင်း သည် အဖြစ်များသည့် အရိုးအကြောပြဿနာဖြစ်တဲ့အတွက် လက္ခဏာတွေ၊ ကုသနည်းတွေ၊ ကာကွယ်နည်းတွေ၊ ဆောင်ရန်ရှောင်ရန်တွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးကျိုးခြင်း

အရိုးကျိုးသွားတဲ့အခါ မြန်မြန်ပြန်ဆက်စေဖို့

ချော်လဲတာကြောင့်ဖြစ်ဖြစ်၊ မတော်တဆထိခိုက်မိတာတွေကြောင့်ဖြစ်ဖြစ် အရိုးကျိုးတာမျိုးတွေဖြစ်နိုင်ပါတယ်။ အရိုးကျိုးတာက သာမန်မျက်စိနဲ့ မြင်ဖို့ခက်သလို သေချာလေးဂရုစိုက်ပေးဖို့လည်း လိုပါတယ်။ အရိုးပြန်ဆက်တဲ့အချိန်မျာ အစားအသောက်၊ အနေအထိုင်ကို သေချာလေးဂရုစိုက်ပေးမှာ အရိုးက အကောင်းဆုံးပြန်ဆက်နိုင်မှာပါ။ ဒီတော့ အကြောင်းအရင်းတစ်ခုခုကြောင့် အရိုးကျိုးသွားတဲ့အခါ အရိုးမြန်မြန်ဆန်ဆန်ပြန်ဆက်စေဖို့ ဘာတွေလိုက်နာဖို့လိုမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ မျှဝေပါရစေ။ ခန္ဓာကိုယ်ရဲ့ ငြမ်းဖြစ်တဲ့အရိုးတွေကို ဘယ်လိုဖွဲ့စည်းထားတာလဲ............ ခန္ဓာကိုယ်ရဲ့ အခြေခံကျတဲ့ ငြမ်းတွေဖြစ်တဲ့ အရိုးတွေကို ကော်လာဂျင်လို့ ခေါ်တဲ့ (ပရိုတင်း) နဲ့ဖွဲ့စည်းထားပြီး အပေါ်ကနေမှ သတ္တုဓာတ်တွေဖြစ်ကြတဲ့ ကယ်လ်ဆီယမ်နဲ့ ဖော့စဖရိတ်တို့က ကြံ့ခိုင်မှုကို အားဖြည့်ပေးထားကြပါတယ်။ ဒါကြောင့် အရိုးတွေကျန်းမာနေစေဖို့ ထိခိုက်သွားတဲ့အခါ အမြန်ဆုံးပြန်ကျန်းမာလာစေဖို့အတွက် အာဟာရတွေကို ပြည့်ဝမျှတအောင်စားသုံးပေးဖို့ လိုပါမယ်။ ကျိုးသွားတဲ့အရိုး မြန်မြန်ပြန်ဆက်စေဖို့ အရိုးတွေကျိုးသွားတဲ့အခါ ပြန်ဆက်ပြီး အမြန်ဆုံးအကောင်းပကတိပြန်ဖြစ်စေဖို့ဆိုရင် ပုံမှန်ထက် အာဟာရဓာတ်တွေကို ပိုမိုစားသုံးပေးဖို့လိုအပ်ပါမယ်။ ဒီတော့ ဘာတွေစားမလဲ......... ကယ်လ်ဆီယမ် အရိုးတွေနဲ့သွားတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ မရှိမဖြစ်လိုအပ်မယ့်ဓာတ်တစ်မျိုးပါ။ အရိုးရဲ့ သိပ်သည်းဆကို […]

အရိုးကျိုးခြင်း ကို ရှာဖွေမည်။

အရိုးကျိုးခြင်း

Bone bruise (အရိုးတွင် ဒဏ်ရာရခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Bone bruise (အရိုးတွင် ဒဏ်ရာရခြင်း ) ကဘာလဲ။ အရိုးကြေတယ် အက်တယ်ဆိုတာ အရိုးရဲ့မျက်နှာပြင်မှာ ဒဏ်ရာအသေးစားတစ်ခုရတာကြောင့်ဖြစ်ပါတယ်။ သွေးနဲ့ အခြားအရည်တွေ စုမိတဲ့အခါ အရောင်ပြောင်းတတ်ပါတယ်။ ကျိုးတာကတော့ အရိုးရဲ့ နက်ရှိုင်းတဲ့နေရာအထိ ထိခိုက်မှုဖြစ်နိုင်ပါတယ်။   အရိုးထိခိုက်မှုဟာ အရိုးတိုင်းဖြစ်နိုင်ပေမယ့် အရေပြားနဲ့နီးတဲ့ အရိုးတွေမှာ ဖြစ်တာပိုများပါတယ်။ Bone bruise (အရိုးတွင် ဒဏ်ရာရခြင်း ) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များတတ်ပြီး လူတိုင်းတစ်ခါတော့ တွေ့ရနိုင်ပါတယ်။ ဖြစ်နိုင်ချေများတဲ့ အရိုးတွေကတော့ ဒူးဆစ်နဲ့ ခြေဖနှောင့်တို့ဖြစ်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ လက္ခဏာများBone bruise (အရိုးတွင် ဒဏ်ရာရခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ အရိုးအက်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ? အဖြစ်များတဲ့ ရောဂါလက္ခဏာများကတော့ – တောင့်တင်းခြင်း – အဆစ်နေရာမှာဖောင်းကြွနေခြင်း – နာကျင်မှုက ပုံ မှန်ထက်ပိုပြီး ကြာနေခြင်း – လှုပ်ရှားရခက်ခဲခြင်း စတာတွေဖြစ်ပါတယ်။   ဒူးဆစ်မှာဖြစ်တဲ့ ဒဏ်ရာတွေက အရည်တွေစုလာစေတတ်ပြီး နာကျင်စေတတ်ပါတယ်။ ဖြစ်လာတဲ့ […]


အရိုးကျိုးခြင်း

Spinal Fracture ( ကျောရိုးဆစ်ကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Spinal Fracture ( ကျောရိုးဆစ်ကျိုးခြင်း) ကဘာလဲ။ ကျောရိုးမကြီးတလျှောက်မှ အရိုးတစ်ခုကျိုးခြင်းဖြစ်တယ်။ ကျောရိုးမကြီးဟာ ကျောရိုးဆစ်တွေတစ်ခုနဲ့တစ်ခုဆင့်ပြီး တည်ဆောင်ထားတာဖြစ်ပြီး တခြားအရိုးတွေလိုပဲ ကျိုးတတ်ပါတယ်။ ဒါပေမယ့် ထိုအရိုးများကျိုးပါက အာရုံကြောမကြီးကို ထိခိုက်နိုင်တာကြောင့် တခြားအရိုးတွေကျိုးတာထက် ပိုပြင်းထန်နိုင်ပါတယ်။ Spinal Fracture ( ကျောရိုးဆစ်ကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ အရွယ်မရွေးဖြစ်နိုင်ပြီး ဖြစ်နိုင်ချေရှိသောအချက်များကို ရှောင်ခြင်းဖြင့်ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။ လက္ခဏာများSpinal Fracture ( ကျောရိုးဆစ်ကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက္ခဏာတွေက ထိခိုက်မှုတည်နေရာ၊ ဘယ်လောက်ပြင်းလဲပေါ်မှာမူတည်ပါတယ်။ လည်ပင်းနာခြင်း၊ ခါးနာခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်း၊ ကြွက်သားများအကြောဆွဲခြင်း၊ တောင့်ခြင်း၊ အားနည်းခြင်း၊ ဆီးဝမ်းသွားမှုပြောင်းလဲခြင်း၊ လေဖြတ်ခြင်း တို့ဖြစ်နိုင်ပါတယ်။ ခြေလက်များ လှုပ်၇ှားမရဘဲ လေဖြတ်သွားခြင်းဟာ အာရုံကြောမကြီးထိခိုက်မှုကို ဖော်ပြနေခြင်းဖြစ်နိုင်တယ်။ ကျောရိုးကျိုးမှုအားလုံးကတော့ အာရုံကြောမကြီးမထိခိုက်စေပါဘူး။ ဖော်ပြထားသောလက္ခဏာတွေအပြင်ရှိနိုင်တာကြောင့် အသေးစိတ်အတွက်ဆရာဝန်ကိုမေးမြန်းနိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်တွင်ဖော်ပြထားသောလက္ခဏာတွေခံစားရရင် သို့မဟုတ် သိရှိလိုသည်များရှိပါက ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ်။ […]


အရိုးကျိုးခြင်း

အရိုးတွင် ဒဏ်ရာရခြင်း

အရိုးအက်တယ်ဆိုတာ ဘာလဲ? အရိုးကြေတယ် အက်တယ်ဆိုတာ အရိုးရဲ့မျက်နှာပြင်မှာ ဒဏ်ရာအသေးစားတစ်ခုရတာကြောင့်ဖြစ်ပါတယ်။ သွေးနဲ့ အခြားအရည်တွေ စုမိတဲ့အခါ အရောင်ပြောင်းတတ်ပါတယ်။ ကျိုးတာကတော့ အရိုးရဲ့ နက်ရှိုင်းတဲ့နေရာအထိ ထိခိုက်မှုဖြစ်နိုင်ပါတယ်။   အရိုးထိခိုက်မှုဟာ အရိုးတိုင်းဖြစ်နိုင်ပေမယ့် အရေပြားနဲ့နီးတဲ့ အရိုးတွေမှာ ဖြစ်တာပိုများပါတယ်။   အရိုးထိခိုက်မှုဟာ ဘယ်လောက်အဖြစ်များသလဲ? အဖြစ်များတတ်ပြီး လူတိုင်းတစ်ခါတော့ တွေ့ရနိုင်ပါတယ်။ ဖြစ်နိုင်ချေများတဲ့ အရိုးတွေကတော့ ဒူးဆစ်နဲ့ ခြေဖနှောင့်တို့ဖြစ်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။     ရောဂါလက္ခဏာများ အရိုးအက်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ? အဖြစ်များတဲ့ ရောဂါလက္ခဏာများကတော့ - တောင့်တင်းခြင်း - အဆစ်နေရာမှာဖောင်းကြွနေခြင်း - နာကျင်မှုက ပုံ မှန်ထက်ပိုပြီး ကြာနေခြင်း - လှုပ်ရှားရခက်ခဲခြင်း စတာတွေဖြစ်ပါတယ်။   ဒူးဆစ်မှာဖြစ်တဲ့ ဒဏ်ရာတွေက အရည်တွေစုလာစေတတ်ပြီး နာကျင်စေတတ်ပါတယ်။ ဖြစ်လာတဲ့ ထိခိုက်မှုပုံစံပေါ်မူတည်ပြီး အနားမှာရှိတဲ့ အရွတ်အနည်းငယ်ပြဲတာမျိုးလည်း ရှိတတ်ပါတယ်။ အရိုးဒဏ်ရာဟာ နေ့အနည်းငယ်ကနေ လချီပြီးကြာနိုင်ပါတယ်။ အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ? အထက်ဖော်ပြပါ လက္ခဏာတွေထဲက […]


အရိုးကျိုးခြင်း

Shoulder Dislocation (ပုခုံးဆစ်လွဲခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Shoulder Dislocation (ပုခုံးဆစ်လွဲခြင်း ) ကဘာလဲ။ ပုခုံးဆစ်သည် အရိုးခေါင်းလုံးနှင့် ခွက်ပါသော အဆစ်ဖြစ်သည်။ ဆိုလိုသည်မှာ လက်မောင်းရိုးမှ လုံးဝန်းသောထိပ်ပိုင်း (အရိုးခေါင်းလုံး)သည် ညှပ်ရိုးကြားမှမြှောင်း (ခွက်)နှင့် အံခွင်ကျဖြစ်နေခြင်း ဖြစ်သည်။ ပုခုံးဆစ်လွဲခြင်းဆိုသည် လက်မောင်းရိုးထိပ်ပိုင်းသည် ပုခုံးခွက်မှ ချော်ထွက်သွားခြင်းဖြစ်သည်။ ပုခုံးသည် ခန္ဓါကိုယ်၏ လှုပ်ရှားမှုအများဆုံး အဆစ်ဖြစ်သောကြောင့် အဆစ်လွဲရန် ဖြစ်နိုင်ချေပိုများ၏။ Shoulder Dislocation (ပုခုံးဆစ်လွဲခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန့်အလွန်အဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများShoulder Dislocation (ပုခုံးဆစ်လွဲခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ ပုခုံးဆစ်လွဲခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ- ပုခုံးပုံစံ ပုံမှန်မဟုတ်ခြင်း သို့ နေရာလွဲနေခြင်း ရောင်ခြင်း ညိုမည်းနေခြင်း အလွန်နာကျင်ခြင်း အဆစ်မလှုပ်နိုင်ခြင်း ထုံခြင်း ကျင်ခြင်း သို့ လက်မောင် လက် နှင့် လက်ချောင်းများတွင် အားနည်းသလိုခံစားရခြင်း ပုခုံးဆစ်လွဲခြင်းသည် […]


အရိုးကျိုးခြင်း

Bone Fracture (အရိုးကျိုးခြင်း)

Fracture ဆိုတာဘာလဲ။ Fracture ဆိုတာ အရိုးကျိုးခြင်း ကို ဆိုလိုပါတယ်။ အရိုးကျိုးခြင်း လေးမျိုးရှိပါတယ်။ နေရာရွေ့ခြင်း(Displaced)၊နေရာမရွေ့ခြင်း (Non-displaced)၊ အပွင့် (Open)၊ အပိတ်(closed) ဆိုပြီးဖြစ်ပါတယ်။ Displaced နဲ့ Non-displaced fractures တွေဟာ အရိုးကျိုးပုံကို ဆိုလိုတာဖြစ်ပါတယ်။ Displaced fracture မှာဆိုရင် အရိုးဟာ နှစ်ပိုင်း (သို့) ထက်ပိုပြီး ကျိုးသွားခြင်းဖြစ်ကာ ကအစွန်းနှစ်ဖက်ဟာ ဖြောင့်တန်းခြင်း မရှိတော့ပါဘူး။ Non-displaced fracture မှာတော့ အရိုးဟာ တစ်စိတ်တစ်ပိုင်း (သို့) လုံးဝကျိုးသွားခြင်းဖြစ်ပြီး သူ့နဂိုပုံစံအတိုင်းသာ ရှိနေပါတယ်။ Closed fracture မှာတော့ အရိုးဟာ ကျိုးပေမယ့် အရေပြားကို ပေါက်လာခြင်းမရှိပါဘူး။ Open fracture ကတော့ အရိုးဟာ အရေပြားကို ဖောက်လာတာဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာတော့ သူဟာ အနာထဲပြန်ဝင်သွားတာမို့ […]


အရိုးကျိုးခြင်း

Rib Fracture (နံရိုးကျိုးခြင်း)

Rib Fracture ဆိုတာဘာလဲ။ နံရိုးကျိုးခြင်းဟာ နံရိုးတစ်ချောင်းချောင်းကျိုးခြင်း၊ အက်ခြင်းကို ခေါ်ပါတယ်။ အဖြစ်အများဆုံးအကြာင်းရင်းကတော့ ရင်ဘတ်ပိုင်း ဒဏ်ရာရရှိမှုတွေဖြစ်တဲ့ ပြုတ်ကျခြင်း၊ ကား၊ ဆိုင်ကယ် မတော်တဆဖြစ်ခြင်းနဲ့ ကိုယ်ချင်းထိတွေ့ရတဲ့ အားကစားတွေရဲ့ ရလဒ်ပဲဖြစ်ပါတယ်။ နံရိုးအတော်များများက အက်ကွဲရုံသာဖြစ်ကြပါတယ်။ ဒါဟာ နာကျင်မှုကိုဖြစ်စေပေမယ့် တစ်စစီ ကျိုးသွားတဲ့ အရိုးတွေလောက်အန္တရာယ် မရှိပါဘူး။ ကျိုးသွားတဲ့ အရိုးရဲ့ အစွန်းဟာ သွေးကြောတွေနဲ့ ကိုယ်အင်္ဂါတွေဖြစ်တဲ့ အဆုတ်ကို ထိခိုက်နိုင်ပါတယ်။ အခြေအနေအတော်များများမှာ အရိုးကျိုးခြင်းဟာ သူကိုယ်တိုင် တစ်လ၊ နှစ်လအတွင်းမှာ ပြန်ကောင်းသွားတတ်ပါတယ်။ နာကျင်မှုကို ထိရောက်စွာ သက်သာစေတဲ့ဆေးတွေပေးခြင်းအားဖြင့် အသက်ပြင်းပြင်းရှူခြင်းနဲ့ အဆုတ်အအေးပတ်ခြင်းတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်လို့ အရေးကြီးပါတယ်။   Rib Fracture ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Rib Fracture ဟာ အလွန် အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ […]


အရိုးကျိုးခြင်း

Spinal Injury (ကျောရိုးထိခိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Spinal Injury (ကျောရိုးထိခိုက်ခြင်း) ကဘာလဲ။ Spinal Injury ဟာ ကျောရိုးမကို ဝန်းရံထားတဲ့ အာရုံကြောတွေကို တိုက်ရိုက်ထိခိုက်မိခြင်းကြောင့် သော်လည်းကောင်း၊ အရိုးတွေ၊ တစ်ရှူးတွေ၊ သွေးကြောတွေကို တိုက်ရိုက်မဟုတ်ပဲ ထိခိုက်မိခြင်းကြောင့် သော်လည်းကောင်း ဖြစ်တာဖြစ်ပါတယ်။ ကျောရိုးမပျက်စီးခြင်းဟာ လှုပ်ရှားခြင်း၊ ခံစားမှု အစရှိတဲ့ လုပ်ငန်းဆောင်တာတွေ ပျောက်ဆုံးခြင်း ဖြစ်ပါတယ်။ Spinal Injury ရှိသူ အများစုမှာ ကျောရိုးမဟာ လုံးဝပျက်စီးသွားခြင်းမရှိပဲ ရောင်ရမ်းခြင်း၊ ပျက်စီးခြင်းတွေ ဖြစ်တာ ဖြစ်ပါတယ်။ Spinal Injury ဟာ ခါးကို ထိခိုက်မိပြီး အာရုံကြောညှပ်ခြင်း၊ disks ပျက်စီးခြင်းတွေနဲ့ တူညီခြင်း မရှိပါဘူး။ လူတစ်ယောက်ဟာ ကျောရိုးဆစ်ပျက်စီးရင်တော့ ကျောရိုးမ မထိခိုက်ခဲ့ရင် Spinal Injury မရနိုင်ပါဘူး။ Spinal Injury ဟာ ကြာမြင့်ပြီး သိသာစွာ နေ့စဉ်ဘဝကို […]


အရိုးကျိုးခြင်း

Broken Collarbone (ရင်ဘတ်ညှပ်ရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken Collarbone (ရင်ဘတ်ညှပ်ရိုးကျိုးခြင်း) ကဘာလဲ။ ရင်ဘတ်ညှပ်ရိုးဟာ ပုခုံးဘက်ကိုတည့်တည့်ဝင်တိုက်မိလျှင်သော်လည်းကောင်း ၊ လက်ထောက်၍ချော်လဲခဲ့လျှင်သော်လည်းကောင်း ရင်ဘတ်ညှပ်ရိုးကျိုးတတ်ပါတယ် ။ ကားတိုက်ခြင်း သို့ အခြားမတော်တဆဖြစ်ခြင်းများတွင်လည်းရင်ဘတ်ညှပ်ရိုးကို ဒဏ်ရာရစေနိုင်ပါတယ် ။ Broken Collarbone (ရင်ဘတ်ညှပ်ရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ရင်ဘတ်ညှပ်ရိုးကျိုးခြင်းဟာ ဘောလုံးကန်ခြင်း ၊ ဟော်ကီရိုက်ခြင်း နဲ့ အမြင့်ကိုပြုတ်ကျနိုင်သောအားကစားနည်းများ ( စက်ဘီးစီးခြင်း ၊ ရေခဲပြင်လျှောစီးခြင်း ၊ စကိတ်စီးခြင်း)..စသည်တို့တွင်ဖြစ်နိုင်ပါတယ် ။ မွေးကင်စကလေးတွေမှာလည်းဖြစ်တတ်ပါတယ်။ ဒါဟာတော့ တော်တော်ဖြစ်တာရှားပါးပါတယ် ။ အန္တရာယ်ရှိတာတွေကိုရှောင်ရှားခြင်းဖြင့် အရိုးကျိုးခြင်းကို ရှောင်ရှားနိုင်ပါတယ် ။ အသေးစိတ်သိရဖို့ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများBroken Collarbone (ရင်ဘတ်ညှပ်ရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးလက္ခဏာတွေကတော့….ရင်ဘတ်ညှပ်ရိုးတစ်လျှောက် ရောင်ရမ်းခြင်း ၊ တင်းနေခြင်း ၊ အညိုအမဲများစွဲနေခြင်း။ လက် သို့ ပုခုံးကိုမြှောက်ဖို့ကြိုးစားတိုင်း နာကျင်၍ စူးစူးရှရှအသံကြားသလို ခံစားနေရခြင်း ။ ကျိုးတဲ့နေရာအထက်တွင် ပုံစံပြောင်းနေသည်ကို မြင်ရခြင်း ။ ပုခုံးအတင်အချလုပ်ရတွင် […]


အရိုးကျိုးခြင်း

Broken Ankle (ခြေချင်းဝတ်ကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken Ankle (ခြေချင်းဝတ်ကျိုးခြင်း) ကဘာလဲ။ ခြေကျင်းဝတ်ကျိုးတယ်ဆိုတာ ခြေချင်းဝတ် အဆစ်ဖွဲ့စည်းခြင်းမှာ ပါဝင်တဲ့ အရိုးများ ကျိုးတာပါ။ ခြေချင်းဝတ်ကျိုးခြင်းမှာ အရိုးတစ်ချောင်းတည်း ရိုးရိုးကျိုးတာ ဖြစ်နိုင်ပြီး လမ်းလျောက်နိုင်ပါလိမ့်မယ်။ တစ်ချို့ဆိုးဆိုးဝါးဝါး အခြေအနေတွေမှာတော့ ခြေကျင်းဝတ် အဆစ်ဟာ ပုံစံပျက်သွားပြီး ပြန်ကောင်းစေဖို့ လအနည်းငယ်လောက် မလှုပ်ရှားပဲ နေဖို့ လိုပါတယ်။ Broken Ankle (ခြေချင်းဝတ်ကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ခြေကျင်းဝတ်ကျိုးခြင်းက အသက်အရွယ်မရွေးဖြစ်နိုင်တာကြောင့် တော်တော်တော့ အတွေ့များပါတယ်။ လွန်ခဲ့တဲ့နှစ်၃၀၊၄၀ အတွင်းမှာ ဖြစ်ပွားတဲ့ လူဦးရေဟာ တိုးပွားလာတာကို ဆရာဝန်တွေ သတိထားမိခဲ့ကြပါတယ်။ လူကြီးတွေမှာ ဖြစ်မယ်ဆိုရင်တော့ အနာဂတ်မှာ အရိုးနဲ့ ပတ်သတ်တဲ့ ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့လည်း ယင်းအခြေအနေဖြစ်နိုင်ခြေကို ရှောင်သင့်သည်များရှောင် ဆောင်သင့်သည်များကိုဆောင်ပြီး လျော့ချနိုင်ပါတယ်။ နောက်ထပ်သိရှိလိုပါက ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများBroken Ankle (ခြေချင်းဝတ်ကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ခြေချင်းဝတ်ကျိုးခြင်းရဲ့ […]


အရိုးကျိုးခြင်း

Broken Wrist (လက်ကောက်ဝတ်ကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken Wrist (လက်ကောက်ဝတ်ကျိုးခြင်း) ကဘာလဲ။ လက်ကောက်ဝတ်ကျိုးတယ်ဆိုတာ သင်ချော်လဲကျတဲ့အခါ ဒီထိခိုက်မှုက လက်ကောက်ဝတ်ထဲက အရိုးကျိုးစေတာ ဒါမှမဟုတ် အက်စေတာဖြစ်ပါတယ်။ လက်ကောက်ဝတ်ကျိုးခြင်းဟာ သင့်ရဲ့လက်ကောက်ဝတ်အတွင်းရှိ အရိုးအများအပြား အက်ကွဲတာဖြစ်ပါတယ်။ လက်ကောက်ဝတ်ကျိုးရင် လက်မနဲ့ လက်ကောက်ဝတ်ဆက်ထားတဲ့ လက်မဘက်ခြမ်းက အရိုးနဲ့အနီးအနားမှာဖြစ်ပါတယ်။ Broken Wrist (လက်ကောက်ဝတ်ကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ လက်ကောက်ဝတ်ကျိုးခြင်းက အလွန်အဖြစ်များပြီး လက်မောင်းများတွင်လည်း အရိုးမကြာခဏ ကျိုးပဲ့တတ်ပါတယ်။ ဒါဟာ အသက်အရွယ်မရွေး ထိခိုက်ပါတယ်။ သင့်ရဲ့အန္တရာယ်ဖြစ်နိုင်ချေများ လျှော့ချခြင်းဖြင့် စီမံခန့်ခွဲနိုင်ပါတယ်။ နောက်ထပ် သတင်းအချက်အလက်ရရန် သင့်ဆရာဝန်နှင့်အတူ ဆွေးနွေးပါ လက္ခဏာများBroken Wrist (လက်ကောက်ဝတ်ကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များတဲ့ လက္ခဏာတွေကတော့- ပြင်းထန်သောနာကျင်မှု ရောင်ရမ်းခြင်း အထိမခံနိုင်ခြင်း ပွန်းပဲ့ဒဏ်ရာ ဒဏ်ရာဖြစ်တဲ့ဧရိယာ၌ သိသာအောင်ပုံပျက်ခြင်း သင့်ရဲ့လက်ကောက်ဝတ် လှုပ်ရှားနိုင်စွမ်းမရှိခြင်း စတာတွေဖြစ်ပါတယ်။ အထက်ပါ စာရင်းမှာမပါတဲ့ အချို့လက္ခဏာတွေ ရှိကောင်းရှိနိုင်ပါသည်။ သင့်မှာ လက္ခဏာ တစ်စုံတစ်ခုများ ဖြစ်နေပြီးလားဟု စိုးရိမ်နေပါက သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။   ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ကျိုးနေတဲ့လက်ကောက်ဝတ်မှာ သင်ထုံကျဉ်မှုခံစားရတယ်၊ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်