ချော်လဲလို့၊ အရိုက်နှက်ခံရလို့၊ ယာဉ်မတော်တဆမှုဖြစ်လို့ စသည်ဖြင့် ခြေထောက်ကျိုးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိနိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အရိုးကျိုးအက်တဲ့အခါ ဆေးရုံကားက ချက်ချင်းမလာနိုင်သလို ဆေးရုံဆေးခန်းကို ချက်ချင်းရောက်နိုင်ဦးမှာမဟုတ်ပါဘူး။ ဖြစ်ဖြစ်ချင်းမှာ ဘေးကလူက စနစ်တကျကူညီစောင့်ရှောက်ပေးမှ ဆရာဝန်ဆီမရောက်ခင် ဝေဒနာလျော့ပါးရမှာပါ။ ကိုယ့်ရင်းနှီးချစ်ခင်ရသူ သို့မဟုတ် တခြားတစ်ယောက်ယောက်မှာ ခြေထောက်ကျိုးတဲ့အခါ အရေးပေါ်ပြုစုနိုင်အောင် ဒါလေးတွေသိထားသင့်ပါတယ်။