အရိုးကျိုးခြင်း

အရိုးကျိုးခြင်း သည် အဖြစ်များသည့် အရိုးအကြောပြဿနာဖြစ်တဲ့အတွက် လက္ခဏာတွေ၊ ကုသနည်းတွေ၊ ကာကွယ်နည်းတွေ၊ ဆောင်ရန်ရှောင်ရန်တွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးကျိုးခြင်း

အရိုးကျိုးသွားတဲ့အခါ မြန်မြန်ပြန်ဆက်စေဖို့

ချော်လဲတာကြောင့်ဖြစ်ဖြစ်၊ မတော်တဆထိခိုက်မိတာတွေကြောင့်ဖြစ်ဖြစ် အရိုးကျိုးတာမျိုးတွေဖြစ်နိုင်ပါတယ်။ အရိုးကျိုးတာက သာမန်မျက်စိနဲ့ မြင်ဖို့ခက်သလို သေချာလေးဂရုစိုက်ပေးဖို့လည်း လိုပါတယ်။ အရိုးပြန်ဆက်တဲ့အချိန်မျာ အစားအသောက်၊ အနေအထိုင်ကို သေချာလေးဂရုစိုက်ပေးမှာ အရိုးက အကောင်းဆုံးပြန်ဆက်နိုင်မှာပါ။ ဒီတော့ အကြောင်းအရင်းတစ်ခုခုကြောင့် အရိုးကျိုးသွားတဲ့အခါ အရိုးမြန်မြန်ဆန်ဆန်ပြန်ဆက်စေဖို့ ဘာတွေလိုက်နာဖို့လိုမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ မျှဝေပါရစေ။ ခန္ဓာကိုယ်ရဲ့ ငြမ်းဖြစ်တဲ့အရိုးတွေကို ဘယ်လိုဖွဲ့စည်းထားတာလဲ............ ခန္ဓာကိုယ်ရဲ့ အခြေခံကျတဲ့ ငြမ်းတွေဖြစ်တဲ့ အရိုးတွေကို ကော်လာဂျင်လို့ ခေါ်တဲ့ (ပရိုတင်း) နဲ့ဖွဲ့စည်းထားပြီး အပေါ်ကနေမှ သတ္တုဓာတ်တွေဖြစ်ကြတဲ့ ကယ်လ်ဆီယမ်နဲ့ ဖော့စဖရိတ်တို့က ကြံ့ခိုင်မှုကို အားဖြည့်ပေးထားကြပါတယ်။ ဒါကြောင့် အရိုးတွေကျန်းမာနေစေဖို့ ထိခိုက်သွားတဲ့အခါ အမြန်ဆုံးပြန်ကျန်းမာလာစေဖို့အတွက် အာဟာရတွေကို ပြည့်ဝမျှတအောင်စားသုံးပေးဖို့ လိုပါမယ်။ ကျိုးသွားတဲ့အရိုး မြန်မြန်ပြန်ဆက်စေဖို့ အရိုးတွေကျိုးသွားတဲ့အခါ ပြန်ဆက်ပြီး အမြန်ဆုံးအကောင်းပကတိပြန်ဖြစ်စေဖို့ဆိုရင် ပုံမှန်ထက် အာဟာရဓာတ်တွေကို ပိုမိုစားသုံးပေးဖို့လိုအပ်ပါမယ်။ ဒီတော့ ဘာတွေစားမလဲ......... ကယ်လ်ဆီယမ် အရိုးတွေနဲ့သွားတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ မရှိမဖြစ်လိုအပ်မယ့်ဓာတ်တစ်မျိုးပါ။ အရိုးရဲ့ သိပ်သည်းဆကို […]

အရိုးကျိုးခြင်း ကို ရှာဖွေမည်။

အရိုးကျိုးခြင်း

ကလေးများတွင် ခြေကျင်းဝတ်ရိုးများ ကျိုးအက်ခြင်း

ခြေကျင်းဝတ်ရိုး ကျိုးအက်ခြင်းဆိုတာဘာလဲ ? ခြေကျင်းဝတ်ရိုး ကျိုးအက်ခြင်းဆိုတာက ကလေးအရွယ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ထိခိုက်မှုတစ်မျိုးပါ။ ဒီခြေကျင်းဝတ်ရိုးကျိုးအက်ခြင်းဆိုတာက ခြေကျင်းဝတ်ကို ဖွဲ့စည်းထားတဲ့ အရိုးလေးတွေထဲက တစ်ခုဖြစ်စေ အများကြီးဖြစ်စေ ကျိုးအက်သွားခြင်းကို ဆိုလိုတာပါ။ ကလေးတွေမှာတော့ ဒီထိခိုက်မှုက ခြေကျင်းဝတ်ရိုးကို ဖွဲစည်းထားတဲ့ အရိုးလေးတွေထဲမှာပါဝင်တဲ့ tibia နဲ့ fibula (ခြေထောက်အောက်ပိုင်းအရိုးရှည်များ)နဲ့ talus (အရိုးတိုလေးများ) မှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ Tibia နဲ့ Fibula အရိုးရှည်တွေရဲ့ အစွန်ပိုင်းတွေ ကျိုးခြင်းက အရိုးဖွံ့ဖြိုးဖို့အတွက် အဓိကအစိတ်အပိုင်းဖြစ်တဲ့ အရိုးနုတစ်ရှူးကို ထိခိုက်စေနိုင်ပြီး အရိုးမှန်ကန်စွာဖွံ့ဖြိုးစေမှုကို သက်ရောက်မှုရှိနိုင်ပါတယ်။ Symptoms များ ခြေကျင်းဝတ်ရိုး ကျိုးအက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ ? ခြေကျင်းဝတ်ကျိုးခြင်းက စကိတ်စီးတာလိုမျိုးနဲ့ စကူတာစီးတာမျိုးတွေကို ပြုလုပ်ရင်း ခြေထောက်ခေါက်ခြင်း၊ ချော်လဲခြင်းအခြေအနေတွေမှာ ဖြစ်တတ်ပါတယ်။ တကယ်လို့ ခြေကျင်းဝတ်ရိုးကျိုးသွားခဲ့ပြီးဆိုရင် နာကျင်မှုနဲ့ ရောင်ရမ်းခြင်းက […]


အရိုးကျိုးခြင်း

Ankle Fracture ( ခြေချင်းဝတ် အရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ankle Fracture ( ခြေချင်းဝတ် အရိုးကျိုးခြင်း) ကဘာလဲ။ ခြေချင်းဝတ်အဆစ်ကျိုးခြင်း(သို့မဟုတ်) နဂိုမူလရှိရမည့်နေရာမှ အဆစ်လွဲသွားခြင်းကို ခြေချင်းဝတ်ကျိုးခြင်းလို့ ခေါ်ပါတယ်။ ရိုးရိုးသာမန်အဆင့် အရွတ်ရောင်ခြင်းမှ ပြင်းထန်အဆင့် အရိုးကျိုးသည်အထိ ဖြစ်စေနိုင်ပါတယ်။ ခြေချင်းဝတ်ကျိုးခြင်းသည် နာကျင်မှုကိုဖြစ်စေပြီး တချို့ အခြေအနေတွင် မလှုပ်ရှားနိုင်တော့သည်အထိ ဖြစ်စေနိုင်ပါတယ်။ Ankle Fracture ( ခြေချင်းဝတ် အရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး၊ ကျား/မ မရွေးဖြစ်နိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAnkle Fracture ( ခြေချင်းဝတ် အရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးလက္ခဏာကတော့ ခြေချင်းဝတ် နာကျင်၊ ရောင်ရမ်း၊ သွေးခြည်ဥခြင်းနဲ့ အဆစ်လွဲခြင်း တို့ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့အထဲမှာ အပါဝင်တဲ့ အခြားသော လက္ခဏာတွေလည်း ရှိနိုင်ပါသေး တယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်