အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ ဓာတ်တစ်မျိုးပါ။ ကယ်လ်ဆီယမ်စုပ်ယူနိုင်မှုကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ ဗီတာမင် D ကို အဓိကရရှိနိုင်တာကတော့
နေရောင်ခြည်ကနေပါ။
ကြက်ဥ၊ မက်ကာရယ်၊ ဆယ်လ်မွန်၊ တူနာငါးတွေကို စားသုံးပေးလို့ရပါတယ်။
အရိုးတွေ အထူးသဖြင့် တင်ပဆုံးရိုးတွေကျန်းမာစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် တစ်မျိုးပေါ့။ နေစဉ်စားသုံးမှုမှာ ပါဝင်အောင်ထည့်သွင်းစားသုံးပေးသင့်ပါတယ်။
ကိုက်လန်၊ ပန်းဂေါ်ဖီနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် K ပမာဏကိုဖြည့်ပေးလိုက်ပါ။
ပိုတက်ဆီယမ်
ပိုတက်ဆီယမ်က အရိုးကျန်းမာရေးအတွက် အရေးပါတဲ့သတ္တုဓာတ်တစ်မျိုးပေါ့။ အရိုးတွေကြွတ်ဆတ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အရိုးပွတာ၊ အရိုးပါးတာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။
တရုတ်ဇီးသီး၊ ဇီးသီး၊ တူနာ၊ ပဲပိစပ်၊ ထောပတ်သီးတို့ကို စားသုံးပေးလို့ရပါတယ်။
မဂ္ဂနီဆီယမ်
အရိုးတွေရဲ့ သိပ်သည်းဆကိုကောင်းမွန်စေပြီး အရိုးတွေ မြန်မြန်ပြန်ဆက်အောင် အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာရှိနေတဲ့ မဂ္ဂနီဆီယမ်ဓာတ်ရဲ့ ၅၀ ရာခိုင်နှုန်း ကနေ ၆၀ ရာခိုင်နှုန်းလောက်က အရိုးမှာရှိနေတာပါ။
ထမင်း၊ ဟင်းနုနွယ်၊ အယ်လ်မွန်စေ့၊ သီဟိုဠ်စေ့၊ ဖရုံစေ့တို့စားပေးလို့ရပါတယ်။
သံဓာတ်
ကော်လာဂျင်ဖြစ်ပေါ်စေဖို့အတွက် အရေးပါတဲ့ ဓာတ်တစ်ခုပါ။ သွေးတွင်းမှာ ဟီမိုဂလိုဘင်ပမာဏတိုးအောင် လုပ်ဆောင်ပေးပါတယ်။ အရိုးတွေပြန်ဆက်ဖို့အတွက် အရေးပါတဲ့ အောက်ဆီဂျင်အလုံအလောက်ရစေနိုင်ပါတယ်။ သံဓာတ်ချို့တဲ့မှုက အရိုးတွေပြန်ဆက်ရာမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သံဓာတ်ပြည့်အောင် စားသုံးပေးဖို့လည်း လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။