အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! အဆစ်ရောင်နာ ဆိုတာက တော်တော်လေး ခံရခက်ပါတယ်။ အဆစ်နေရာတွေမှာ ရောင်ရမ်းပြီး လှုပ်ရှားလိုက် တိုင်းမှာ နာကျင်တာမျိုးပါ။ ဒီလို နာကျင်တာက တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး နာကျင်မှုကို လည်း အတော်လေး ခံစားကြရပါတယ်။ ဒီလို အဆစ်ရောင်နာ ရှိသူတွေကို ဆရာဝန်တွေက မှာလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ဒါကတော့ အဆစ်ရောင်နာ ရှိတယ်ဆိုရင် အဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ရေများများ သောက်ပါလို့ပေါ့။ ဒီလို မှာတာက ရေများများ သောက်တာက အဆစ်တွေကို လှုပ်ရှားရ လွယ်ကူစေပြီး နာကျင်တာတွေကို သက်သာစေနိုင်လို့ပါ။ ဒီလိုမျိုး အဆစ်နာတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝအောင် နေတဲ့အခါ ရေများများ သောက်ရတာကို ငြီးငွေ့တယ်ဆိုရင်တော့ အခြားသောက်လို့ […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အခြား အရိုးရောဂါများ

တံတောင်ဆစ်က ဘယ်လို ပုံစံရှိပြီးတော့ သူ့ရဲ့လုပ်ဆောင်မှုတွေက ဘာတွေလဲ

တံတောင်ဆစ်နာကျင်မှုဟာ အများအားဖြင့်တော့ ပြင်းထန်တဲ့ရောဂါတစ်ခုမဟုတ်ပါဘူး။ သင့်ရဲ့ တံတေင်ဆစ်ကို သုံးတာများလွန်းလို့ ဖြစ်ရတာပေမယ့် တံတောင်ဆစ်နာကျင်မှုဟာ တကယ်ကို စိတ်ပျက်စရာကောင်းလွန်းလှပါတယ်။   တံတောင်ဆစ်က ဘယ်လိုပုံစံရှိလဲ။ တံတောင်ဆစ်ဟာ အဓိက အရိုးသုံးချောင်း ပေါင်းဆုံရာနေရာဖြစ်ပြိး အရွတ်တွေနဲ့ သွယ်ဆက်ထားပါတယ်။ အရိုးတွေကို ကြွက်သားကြောတွေနဲ့ ဆက်သွယ်ခြင်းအားဖြင့် ကြွက်သားတွေက ဒီအရိုးတွေကို နည်းအမျိုးမျိုးနဲ့ လှုပ်ရှားစေပါတယ်။ တံတောင်ဆစ်ကို ဖန်တီးထားတဲ့ အရိုးတွေကတော့- လက်မောင်းရိုး (Humerus) ။ ။ ပုခုံးအရိုးကွင်းကနေထွက်လာတဲ့ ဒီအရိုးရှည်ကြီးဟာ လက်ဖျံရိုးနှစ်ချောင်းဖြစ်တဲ့ radius နဲ့ Ulna တို့နဲ့ ဆက်သွယ်ပြီး တံတောင်ဆစ်ဖြစ်လာပါတယ်။ Radius (လက်ဖျံရိုး)။ ။ ဒီလက်ဖျံရိုးကတော့ တံတောင်ဆစ်ကနေ လက်ကောက်ဝတ်ဘေး လက်မ ထိ ရှိပါတယ်။ Ulna ( လက်ဖျံရိုး) ။ ။ ဒီလက်ဖျံရိုးကတော့ တံတောင်ဆစ်ကနေပြီး လက်ကောက်ဝတ်ဘေး လက်သန်းထိ ရှည်ပါတယ်။ လုပ်ဆောင်ချက်များ အဓိက အရိုးသုံးချောင်းရဲ့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ပြင်းထန်တဲ့ ဒူးနာကျင်မှုတွေအတွက် အဖြစ်များတဲ့ အကြောင်းရင်း(၅)ချက်

ဒူးနာကျင်မှုတွေဟာ သင့်ကို မသက်မသာဖြစ်စေပြီး သွားလာလှုပ်ရှားရ ခက်ခဲစေပါတယ်။ ပြင်းထန်တဲ့ဒူးနာကျင်ခြင်းတွေဟာ မရွေ့လျားနိုင်တာမျိုးထိတောင် ဖြစ်စေတတ်ပါတယ်။ ဒီပြဿနာတွေအတွက် ကုသမှုနည်းလမ်းတွေရှိနေပေမယ့် အချိန်ကာလတစ်ခုထိတော့ ဒီနာကျင်မှုတွေကို ခံစားနေရဦးမှာပါ။ ပြင်းထန်တဲ့ ဒူးနာကျင်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် သူ့ကိုဖြစ်စေတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်ရအောင်။   ထိခိုက်ဒဏ်ရာများ အရွတ်နဲ့ ကြွက်သားကြောတို့ စုတ်ပြဲခြင်း ပြင်းထန်တဲ့ဒူးနာကျင်မှုတွေဟာ ထိခိုက်ဒဏ်ရာရရှိမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘောလုံး၊တင်းနစ် စတဲ့ အားကစားတွေနဲ့ အလုပ်တွေ၊ မတော်တဆမှုတွေကရတဲ့ ဒဏ်ရာတွေဟာ အရွတ်နဲ့ ကြွက်သားကြောတွေကို စုတ်ပြဲစေခြင်းဖြစ်စေနိုင်ပါတယ်။ အရွတ်ဟာ အဆစ်မှာ အရိုးတွေကို ဆက်သွယ်ထားတာဖြစ်ပြီး ကြွက်သားကြောကတော့ ကြွက်သားနဲ့ အရိုးကို ဆက်ထားပေးတာပါ။ တကယ်လို့များ ဒူးရဲ့ဘေးက ကြွက်သားကြောနဲ့ အရွတ်တွေ စုတ်ပြဲခဲ့မယ်ဆိုရင် သင်အနားယူလိုက်ရင်တောင်မှ နာကျင်မှုကို ခံစားရမှာပါ။ နာကျင်မှုတွေဟာ ဒူးပေါ် အလေးချိန်တင်လိုက်ရင် ပိုပြီးဆိုးရွားနိုင်ပါတယ်။ ရောင်ယမ်းခြင်း၊ ပူနွေးခြင်းနဲ့ အညိုအမည်းစွဲခြင်းတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေထောက်ဒဏ်ရာရနေချိန်မှာတောင် လုပ်နိုင်ဦးမယ့် လေ့ကျင့်ခန်းများ

ခြေထောက်ဒဏ်ရာရတယ်ဆိုတာဟာ တကယ်ကို အနှောက်အယှက်တစ်ခုပါပဲ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို အများကြီးထိခိုက်စေနိုင်တယ်လေ။ ကျွန်တော်တို့အများစုဟာ အိမ်မှာတစ်နေကုန်ထိုင်ပြီး ခြေထောက်ဒဏ်ရာပြန်ကောင်းလာဖို့ စောင့်ဆိုင်းမနေနိုင်ကြဘူးလေ။ အထူးသဖြင့် နေ့စဉ်လေ့ကျင့်ခန်းလုပ်နေသူတွေပေါ့။ သူတို့အတွက် ဒီအခြေအနေကြီးကို ရင်ဆိုင်နိုင်ဖို့ ပိုပြီးခက်ခဲပါတယ်။ ဒါပေမဲ့ သင့်ခြေထောက်ပြန်ကောင်းလာဖို့ စောင့်ဆိုင်းနေတဲ့အချိန်အတွင်းမှာ သင်လုပ်နိုင်သေးတဲ့ လေ့ကျင့်ခန်းအချို့ရှိနေပါသေးတယ်။   ခြေထောက်ကို ဆက်တိုက် အလုပ်လုပ်ခိုင်းခြင်းက ပြန်လည်ကောင်းမွန်လာမယ့်အချိန်ကို ပိုပြီးကြာမြင့်စေပါတယ်။ ဒါတွေကပဲ သင့်ခြေထောက်ကောင်းဖို့အတွက် အနားယူဖို့အချိန် လိုတယ်လို့ ဆိုနေတာပေါ့။ တကယ်လည်း ခြေထောက် ပုံမှန်အခြေအနေပြန်ရောက်ဖို့ အရေးကြီးတဲ့အချိန်ပါပဲ။ ဒါကြောင့် ကုသမှုခံယူပြီးတဲ့ ပထမတစ်ပတ်မှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေနဲ့ လှုပ်ရှားမှုတွေ ဥပမာ ပြေးခြင်း၊ ခုန်ခြင်း စသဖြင့် မလုပ်ဖို့ အကြံပြုထားတာပါ။ ဒဏ်ရာရသွားတဲ့အပိုင်းတွေကို လေ့ကျင့်ခန်းမလုပ်ခင် ကောင်းကောင်းအနားပေးလိုက်ပါဦး။ သင်ပထမဆုံးသတိထားရမယ့် အရာကတော့ သင့်ခြေထောက်အခြေအနေအကြောင်း ဆရာဝန်နဲ့ဆွေးနွေးသင့်တာပါ။ သင်ကဒဏ်ရာရနေပေမယ့် အချို့သော လေ့ကျင့်ခန်းတွေကို လုပ်လို့ ရမရဆိုတာ […]


အရိုးအကြောခွဲစိတ်ကုသမှုများ

cervico 2000 ရဲ့ လုပ်ဆောင်ချက်တွေက ဘာတွေလဲ

လည်ပင်းနာကျင်တာက ဖြစ်လေ့ရှိပါတယ်။ နှစ်အတော်ကြာတဲ့အခါ လည်ပင်းနာကျင်မှုအတွက် ဆွဲဆန့်တဲ့ ကုသမှုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆေးဝါးတွေ၊ ခွဲစိတ်မှုတွေ ကလွဲပြီး ဆွဲဆန့်ခြင်းက အများအားဖြင့် ရလဒ်ကောင်းတွေ ပေးပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေက ရှုပ်ထွေးပြီး ပြုလုပ်ရ ခက်ခဲပါတယ်။ Cervico 2000 က အဲ့ဒီ ပြဿနာတွေကို ဖြေရှင်းဖို့ ထွက်ပေါ်လာတာပါ။   Cervico 2000 ရဲ့ လုပ်ဆောင်မှုတွေက ဘာတွေလဲ။ Cervico 2000 ကို အရိုးခွဲစိတ်ဆရာဝန်များအဖွဲ့က တီထွင်ခဲ့ပြီး ကျောရိုးမ မူမမှန်ခြင်းနဲ့ ဒဏ်ရာတွေနဲ့ ဆက်စပ်သော သေးငယ်ပြီး နာတာရှည်ဖြစ်နေတဲ့ လည်ပင်းနာကျင်မှုကို ကုသပေးပါတယ်။ ဒါက သေးငယ်တယ်၊ သယ်ဆောင်ရလွယ်တယ်၊ အားကောင်းတယ်၊ လည်ပင်းအရွယ်အစားအားလုံးနဲ့ ကိုက်ညီတယ်၊ ထိန်းချုပ်နိုင်တယ်၊ spine effective traction unit မှာ အသုံးပြုနိုင်တယ်။ Cervico 2000 က […]


အခြား အရိုးရောဂါများ

သန်မာတဲ့ အရိုးတွေကို ဘယ်လို ဖွဲ့စည်းတည်ဆောက်မလဲ

သင့်အရိုးတွေက သင်လုပ်လိုက်တဲ့ လှုပ်ရှားမှုတွေတိုင်း၊ နေ့စဉ်ပြုလုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေတိုင်းအတွက် အရေးပါပါတယ။် အချို့သောသူတွေက သဘာဝအားဖြင့်ကိုက အခြားသူတွေထက် ပိုပြီးအားနည်းတဲ့ အရိုးတွေကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။ သင့်ဘဝတစ်သက်တာမှာ ပိုပြီးသန်မာတဲ့ အရိုးတွေကို ပိုင်ဆိုင်နိုင်စေဖို့အတွက် သင်လုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။   ၁။ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာများကို စားသုံးပါ။ ဒိန်ချဉ်၊ cottage cheese နဲ့ အခြားသော အဆီနည်းနို့ထွက်ပစ္စည်းတွေအပါအဝင် ဒီလိုစားစရာတွေကအရိုးတွေ သန်မာစေဖို့ ကယ်လ်ဆီယမ်ကို သင့်ရဲ့ အစားအသောက်တွေထဲ ထည့်သွင်းပေးပါတယ်။ ပိုပြီးကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ခံစားနိုင်ဖို့ ဒီအစားအစာတွေကို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေနဲ့ ရောစားသင့်ပါတယ်။ ဒီလို အသီးအရွက်တွေမှာလည်း ကယ်လ်ဆီယမ် ပမာဏက လုံလောက်စွာ ပါဝင်ပါတယ်။ အခြားသော အရိုးတည်ဆောက်မှုကို အားပေးတဲ့ စားစရာစာရင်းမှာတော့ ဗာဒံသီး၊ တိုဟူးနဲ့ တကယ်လို့များသင်က နို့ထွက်ပစ္စည်းတွေကို မစားနိုင်ဘူးဆိုရင် ပဲငါးပိကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

စူးစူးရှရှနာကျင်မှုများနဲ့ ကာလကြာရှည် နာကျင်မှုများ ခါးနာမှုအတွက် ကုထုံးများ

နောက်ကျောနာကျင်ခြင်း၊ ခါးနာခြင်းတွေဟာ ကျောရိုးမှာ ဖြစ်နေတဲ့ ဖိအားတွေကြောင့်ဖြစ်ရတာပါ။ ဒီဖိအားတွေဟာလည်း ဒဏ်ရာရခြင်း၊ ရောဂါ ဒါမှမဟုတ် ခန္ဓါကိုယ်လှုပ်ရှားမှုမမှန်ခြင်းတွေကြောင့် ဖြစ်တာပါ။ ကျောအောက်ပိုင်း စူးစူးရှရှနာကျင်မှုဟာ ရုတ်တရက်ဖြစ်လာတတ်ပြီး ပြင်းပြင်းထန်ထန်နာကျင်တာမျိုးဖြစ်ကာ ရက်အတန်ကြာ ဒါမှမဟုတ် ရက်သတ္တပတ် အတန်ကြာပြီးမှ သက်သာလာတတ်ပါတယ်။ ဒါပေမဲ့ ဒါကို သေချာ မကုသရင်တော့ နာတာရှည် နာကျင်မှုတွေဖြစ်နိုင်ပြီး နောက်ထပ်နောက်ထပ် စမ်းသပ်ကုသမှုတွေ အများကြီးလိုအပ်လာပါလိမ့်မယ်။   ခါးနာခြင်းအမျိုးအစားများ ကျောနာခြင်း၊ ခါးနာခြင်းတွေဟာ ဒဏ်ရာရရှိမှုပမာဏတွေ ၊ ဘယ်လောက်နာကျင်ရလဲဆိုတာတွေ ဒါမှမဟုတ် ကာလဘယ်လောက်ကြာရှည် နာကျင်ခဲ့တာလဲဆိုတာတွေပေါ်မူတည်ပြီး အပျော့စားအခြေအနေကနေ ပြင်းထန်တဲ့အခြေအနေတွေထိ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ ခါး စူးရှစာနာကျင်မှုဟာ ရုတ်တရက်ဖြစ်လာတတ်ပြိး အများအားဖြင့် ရက်အနည်းငယ် ဒါမှမဟုတ် ရက်သတ္တပတ် အနည်းငယ်လောက် ကြာမြင့်တတ်ပါတယ်။ နာကျင်မှု ရင်းမြစ်တွေဟာ ကြွက်သားတွေ၊ အရွတ်တွေ၊ အဆစ်ရောင်တာတွေ ဒါမှမဟုတ် အရိုးချပ်ပြားတွေကြောင့် ဖြစ်နေတတ်ပါတယ်။ ကာလကြာရှည် နာကျင်မှုကတော့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကာလကြာရှည် နာကျင်မှုတွေနဲ့ အိပ်စက်နေရခြင်းအတွက် လူသိနည်းသေးတဲ့ အချက် (၅)ချက်

Chronic pain လို့ခေါ်တဲ့ နာကျင်မှုတွေနဲ့ နေရောင်တွေကွယ်ပျောက်လို့ ညရောက်တဲ့ချိန်ထိတောင် မပျောက်သွားတဲ့ ဒီနာကျင်မှုတွေကို သင်ခံစားဖူးပါသလား။ ဒီနာကျင်မှုတွေဟာ သင့်ရဲ့ အိပ်စက်ခြင်းကိုပါ ထိခိုက်စေပါတယ်။ ဒီလိုဆိုရင်တော့ ဒါဟာ ကိစ္စသေးသေးလေးမဟုတ်တော့ပါဘူး။ မအိပ်စက်နိုင်ဘူးဆိုတာက သင့်ရဲ့ နာကျင်မှုတွေက ပိုဆိုးလာတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီမှာတော့ သင်ခံစားနေရတဲ့ နာကျင်မှုတွေနဲ့အတူ အိပ်စက်နိုင်ဖို့ နည်းလမ်း (၅)ခု ကို ဖော်ပြပေးထားပါတယ်။   အိပ်ချင်နေတဲ့အချိန်မှာ အိပ်ရာဝင်ငပါ။ သင်ပင်ပန်းပြီး အိပ်ချင်နေတဲ့အချိန်မျိုးမှာမှ အိပ်ရာဝင်ပါ။ အိပ်ချင်စိတ်နည်းနည်းလေးမှ မရှိသေးဘူးဆိုရင် အိပ်ဖို့ မကြိုးစားပါနဲ့။ အိပ်စက်ဖို့ အာရုံစိုက်နေခြင်းက ဖိအားတွေနဲ့ အကြောက်တရားတွေကို ပိုမိုခံစားရစေပါတယ်။ သင့်ကို သက်တောင့်သက်သာအနားယူစေနိုင်ပြီး အိပ်ချင်လာစေနိုင်တဲ့ အရာအချို့ကို ပြုလုပ်နိုင်ပါတယ်။ ဥပမာ စာအုပ်ဖတ်တာမျိုး၊ သီချင်းနားထောင်တာမျိုးပေါ့။ အပျော့စား လေ့ကျင့်ခန်းတွေကလည်း ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ လှဲနေပြီး နာရီဝက်ကြာပြိးတဲ့ထိ အိပ်မပျော်နိုင်သေးဘူးဆိုရင် အိပ်ရာပေါ်ကထပြီး တကယ့် […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ခါးဆစ်ရိုးကျွံခြင်း အတွက် ခွဲစိတ်ကုသမှု

ကျောရိုးဆစ်ပြားတွေဆိုတာ ကျောရိုးတွေကြားမှာ တည်ရှိပါတယ်။ သူတို့တွေက ထိခိုက်မှုတွေလျော့ချတာ ,ခန္ဓါကိုယ်ကို ထောက်ပံ့ပေးတာ ,ပုံမှန် လုပ်ရှားမှုလုပ်တာတွေဖြစ်ဖို့ ကူညီပေးပါတယ်။ ဒါပေမယ့် မူမမှန်ကိစ္စတွေ ဥပမာ အဆစ်ကျွံတာတွေဖြစ်မယ်ဆိုရင်တော့ ခွဲစိတ်မှုကလိုလာပါလိမ့်မယ်။   ခါးဆစ်ရိုးကံျွခြင်း (lumar herniated disc ) ဆိုတာဘာလဲ? ခါးဆစ်ရိုးကံျွခြင်း (lumar herniated disc ) ကို slipped disc, ဒါမှမဟုတ် prolapsed disc ဆိုပြီး သိထားကြပါတယ်။ ကျောရိုးမကြီးရဲ့ အရိုးနုပြား ကံျွထွက်လာတဲ့အခါ အလယ်က ပျော့ပြောင်းတဲ့နေရာဟာ အက်ကွဲကြောင်းကနေတဆင့် အပြင်အမာနေရာကို ထွက်လာသောအခါ, အနီးအနားက အာရုံကြောတွေအပေါ် ဖိအားသက်ရောက်နိုင်ပြီး နောက်ကျော နာကျင်မှုကိုဖြစ်ပေါ်စေခြင်းသာမက ခြေထောက်တွေ နာကျင်မှုလည်း ရှိနိုင်ပါတယ်။ ခါးဆစ်ရိုးကံျွခြင်း (lumar herniated disc ) ဟာ လူကြီးများမှာ အဖြစ်အများဆုံးကျောရိုးပြဿနာဖြစ်ပါတယ်။ ဘယ်ချိန်မှာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာနိုင်ခြေကို ဘာတွေက မြင့်မားစေတာလဲ

ခါးနာနေပါသလား။ ဘာတွေကဖြစ်စေတာလဲဆိုတာကော သိပါသလား။ ခါးပိုနာအောင်ဘာတွေက လုပ်နေတာလဲဆိုတာကော သိပါသလား။ အောက်ပါဆောင်းပါးမှာ သင်သိချင်တာတွေ ရှိပါတယ်။ အသက်အရွယ် ခါးနာခြင်းဟာ အသက်ကြီးတဲ့လူတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အသက်ကြီးခြင်းဇီဝဖြစ်စဉ်တွေဟာ ခါးနာခြင်းကို ပိုအားပေးလာပါတယ်။ အသက်၃၀နဲ့အထက်ရှိနေပြီဆိုရင်တော့ ခါးနာနိုင်ခြေများနေပါပြီ။ ကိုယ်လက်လှုပ်ရှားမှုများ ကိုယ်လက်လှုပ်ရှားမလုပ်ခြင်းက ခါးနာစေပါတယ်။ အသုံးမပြုတဲ့ ကြွက်သားတွေဟာ အားနည်းလာပြီး ခန္ဓါကိုယ်ကို ကောင်းကောင်းမထောက်ပံ့နိုင်တော့ပါဘူး။ အချိန်တော်တော်ကြာလှုပ်လှုပ်ရှားရှားမရှိဘဲနေလာရာကနေ ချက်ချင်းကြီး အလွန်အကျွန် ခန္ဓါကိုယ်ကို အလုပ်ပေးလိုက်ရင် ခါးနာသွားနိုင်ပါတယ်။ ခန္ဓါကိုယ်ကို သိပ်အလုပ်မပေးတဲ့ အပျော့စားလေ့ကျင့်ခန်းတွေကိုသာ ဖြည်းဖြည်းသက်သာလုပ်သွားပါ။ အဝလွန်ခြင်း ကိုယ်အလေးချိန်များနေမယ်၊ အဝလွန်နေမယ်ဆိုရင် သင့်ခါးက အလေးချိန်အမြောက်အများကို သယ်ဆောင်ထားရပါတယ်။ ကိုယ်အလေးချိန်များနေခြင်းက ခါးပေါ်မှာသာမက အဆစ်တွေပေါ်မှာလည်း ဖိအားတွေသက်ရောက်နိုင်ပါတယ်။ အလုပ်အကိုင် ကုန်း၊ကွ၊ဆွဲ၊တင်၊မ၊ချ စတဲ့ ကျောကိုအလုပ်ပေးရတဲ့အလုပ်တွေ လုပ်နေမယ်ဆိုရင် ခါးနာခြင်း၊ ဒဏ်ဖြစ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဆန့်ကျင်ဘက်အနေဖြင့် တစ်နေကိုယ်ဘာမှလှုပ်လှုပ်ရှားရှားမလုပ်ရဘဲ ထိုင်ခုံပေါ်မှာ အေးဆေးထိုင်လုပ်ရတဲ့ အလုပ်ဆိုလျင်လည်း ခါးနာနိုင်ပါသေးတယ်။ အထက်ပါအလုပ်တွေက သင့်ခါးကျန်းမာရေးအတွက် မကောင်းပါဘူး။ ခါးကိုထိခိုက်မှုမရှိဘဲ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ကျောရိုးဆစ်ကျွံခြင်းနဲ့ ပတ်သက်ပြီး ဘာတွေ သိထားရမလဲ

Spinal disk ပျက်စီးဖူးတဲ့ သူတွေသာ အဲ့ဒါကြောင့်ဖြစ်တဲ့ နာကျင်မှုနဲ့ အကူအညီမဲ့မှုကို နားလည်ပေးနိုင်မှာပါ။ နာကျင်မှုက တကယ်စိတ်ပျက်စရာပါ။ လှုပ်ရှားမှုအားလုံးက ပိုဆိုးစေမှာပါ။ သင့်ကျောရိုးရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို disc ကျွံနိုင်ပါတယ်။ ဒါပေမယ့် disc ကျွံခြင်း အများစုက ခါးအောက်ပိုင်း (lumbar spine) မှာ ဖြစ်ပွားကြပါတယ်။   Spinal disk ဆိုတာ ဘာလဲ။ Spinal disk ဆိုတာ သင့်ကျောရဲ့ အရိုးကို ဖြစ်စေတဲ့ အရိုး (vertebrae) ဖြစ်ပြီး သေးငယ်သော ရေမြှုပ်ကဲ့သို့ (disc) အပြားလေးဖြင့် ကြားခံထားပါတယ်။ အဲ့ disc လေးတွေ ကျန်းမာရင် ကျောရိုးအတွက် တုန်ခါမှု စုပ်ယူသော ပစ္စည်း (shock absorbers) လို အလုပ်လုပ်ပြီး ကျောရိုးကို ကွေးလို့ရစေပါတယ်။ ဆရာဝန်တွေက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း