အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! အဆစ်ရောင်နာ ဆိုတာက တော်တော်လေး ခံရခက်ပါတယ်။ အဆစ်နေရာတွေမှာ ရောင်ရမ်းပြီး လှုပ်ရှားလိုက် တိုင်းမှာ နာကျင်တာမျိုးပါ။ ဒီလို နာကျင်တာက တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး နာကျင်မှုကို လည်း အတော်လေး ခံစားကြရပါတယ်။ ဒီလို အဆစ်ရောင်နာ ရှိသူတွေကို ဆရာဝန်တွေက မှာလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ဒါကတော့ အဆစ်ရောင်နာ ရှိတယ်ဆိုရင် အဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ရေများများ သောက်ပါလို့ပေါ့။ ဒီလို မှာတာက ရေများများ သောက်တာက အဆစ်တွေကို လှုပ်ရှားရ လွယ်ကူစေပြီး နာကျင်တာတွေကို သက်သာစေနိုင်လို့ပါ။ ဒီလိုမျိုး အဆစ်နာတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝအောင် နေတဲ့အခါ ရေများများ သောက်ရတာကို ငြီးငွေ့တယ်ဆိုရင်တော့ အခြားသောက်လို့ […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Knee Sprain (ဒူးနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Knee Sprain (ဒူးနာခြင်း) ကဘာလဲ။ ဒူးနာတယ်ဆိုတာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ အရွတ်၊ အရိုးနုများ စုတ်ပြဲခြင်းစတဲ့ ထိခိုက်ဒဏ်ရာကြောင့် ဖြစ်နိုင်သလို အဆစ်ရောင်ခြင်း၊ ဂေါက်ရောဂါ၊ ရောဂါပိုးဝင်ခြင်းစတဲ့ ရောဂါများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မပြင်းထန်တဲ့ ဒူးနာခြင်းများကို ကိုယ်တိုင်ဂရုစိုက်ကုသလို့ ပျောက်ကင်းနိုင်ပါတယ်။ လေ့ကျင့်ခန်းကုထုံး၊ ပတ်တီးစည်းခြင်းတို့ကလည်း ဒူးနာသက်သာစေပါတယ်။ အချို့လူနာများမှာတော့ ခွဲစိတ်ကုသဖို့အထိ လိုအပ်နိုင်ပါတယ်။ Knee Sprain (ဒူးနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အသက်၆၀ကျော်လျှင် ပိုဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများKnee Sprain (ဒူးနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ပြဿနာရဲ့ အကြောင်းရင်းခံပေါ် မူတည်ပြီး ဒူးနာတဲ့နေရာနဲ့ ပြင်းထန်မှု ကွာဟနိုင်ပါတယ်။ ဒူးနာခြင်းရဲ့ တွဲတဲ့အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ရောင်ရမ်းတောင့်တင်းခြင်း နီမြန်းခြင်း၊ ထိလျှင်ပူနွေးနေခြင်း အားနည်းခြင်း၊ ဒူးမခိုင်ခြင်း တဖျောက်ဖျောက် အသံမြည်ခြင်း ဒူးကို အပြည့်အ၀ မဆန့်ထုတ်နိုင်ခြင်း တို့ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Kyphosis (ခါးကုန်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Kyphosis (ခါးကုန်းခြင်း) ကဘာလဲ။ ခါးကုန်းတယ်ဆိုတာ နောက်ဘက်ကျောရိုးမက ရှေ့ဘက်ကို ကွေးသွားတာကိုခေါ်ပါတယ်။ နည်းနည်းပါးပါးကွေးတာကတော့ပုံမှန်ပါပဲ ဒါပေမယ့် “ခါးကုန်းခြင်း” ဆိုတာကတော့ တော်တော်များများ ကွေးသွားတာကို ရည်ညွှန်းခေါ်ဆိုပါတယ်။ လူတိုင်းက သူတို့ရဲ့ ကျောရိုးမမှာ ဒီဂရီအနည်းငယ်လောက်ကွေးတာတော့ရှိပါတယ်။ သို့သော်လည်း ၄၅ဒီဂရီထက်ပိုပြီးကွေးရင်တော့ တအားဆိုးတယ်လို့ယူဆပါတယ်။ Kyphosis (ခါးကုန်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ခါးကုန်းခြင်းဆိုတာ မည်သည့်အသက်အရွယ်မဆိုဖြစ်နိုင်ပြီး အမျိုးသမီးကော အမျိုးသားမှာပါ ဖြစ်နိုင်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်တယ်ဆိုပေမယ့် အသက်ကြီးတဲ့အမျိုးသမီးတွေမှာ ပိုတွေ့ရလေ့ရှိပါတယ်။ (တစ်ခြား အချက်အလက်တွေသိရဖို့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။) လက္ခဏာများKyphosis (ခါးကုန်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အတွေ့ရများတဲ့ ခါးကုန်းခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့ -ရှေ့ဘက်ကိုကုန်းကုန်းကြီး ဖြစ်နေတဲ့အသွင်အပြင် ဘေးဘက်ကနေကြည့်ရင်တော့ လူနာက ရှေ့ကိုကုန်းနေတဲ့ပုံစံလို့ ပြောလို့ရပါတယ် -သိပ်မပြင်းထန်တဲ့ ခါးနာခြင်းကနေ ပြင်းထန်သောခါးနာခြင်း -အရပ်ပုသွားခြင်း -တစ်နေကုန်တောက်လျှောက် မတ်မတ်ရပ်နေဖို့ခက်ခဲ့ခြင်း -ပင်ပန်းနွမ်းနယ်ခြင်း (အပေါ်မှာမပြောထားတဲ့ တစ်ခြားရောဂါလက္ခဏာတွေကျန်နေနိုင်ပါသေးတယ်။ တကယ်လို့ ရောဂါလက္ခဏာတစ်ခုခုအကြောင်း သိချင်ပါက သင့်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။) ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အပေါ်ကပြောခဲ့တဲ့ လက္ခဏာတွေရှိခဲ့မယ်ဆိုရင် ဒါမှမဟုတ်မေးစရာမေးခွန်းတွေရှိမယ်ဆိုရင် သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ […]


အဆစ်ရောင်ရောဂါများ

Costochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Costochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း) ကဘာလဲ။ ရင်ဘက်ရိုးနဲ့နံရိုး ဆက်တွယ်ပေးထားတဲ့ အရုးနုရောင်ရမ်းခြင်းဖြစ်တယ်။ ထိုရောင်ရမ်းခြင်းကြောင့်ရတဲ့ နာကျင်မှုက နှလုံးဖောက်ခြင်း ဒါမှမဟုတ် တခြားနှလုံးရောဂါတွေနဲ့ဆင်တူနိုင်ပါတယ်။ နာကျင်မှုက သာမန်လောက်ကနေ ပြင်းပြင်းထန်ထန်ထိ ဖြစ်နိုင်တယ်။ သာမန်အခြေအနေမှာဆိုရင် ရင်ဘတ်ကို ထိမိ၊ ခိုက်မိမှ နာကျင်သွားတာမျိုးဖြစ်ပြီး ပြင်းထန်တဲ့နာကျင်မှုကတော့ လက်တွေ၊ ခြေတွေထိ ပျံ့ဆင်းသွားတဲ့နာကျင်မှုမျိုး၊ နေ့စဉ်ဘဝကိုတောင် အနှောင့်အယှက်ဖြစ်တဲ့ မခံနိုင်လောက်တဲ့ နာကျင်မှုမျိုးဖြစ်တယ်။ ထိုအရိုးနုရောင်ခြင်းက သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ ပျောက်ဖို့ကတော့ ရက်သတ္တပတ်အနည်းငယ် ဒါမှမဟုတ် ပိုပြီးကြာနိုင်တယ်။ ကုသမှုက နာကျင်မှုကိုသက်သာဖို့ပဲ ဦးတည်ပါတယ်။ Costochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ဖြစ်လေ့ရှိတယ်။ အမျိုးသမီးတွေနဲ့ အသက် ၄၀ ကျော်သူတွေမှာ ပိုပြီးတွေ့ရတတ်တယ်။ ရောဂါဖြစ်စေတဲ့ အချက်တွေကို လျှော့ချခြင်းအားဖြင့် အခြေအနေကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။ လက္ခဏာများCostochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နာကျင်ခြင်းအကြောင်း- ရင်ညွှန့်ရိုးဘယ်ဘက်တွင်ဖြစ်တယ်။ စူးရှပြီး တစ်ဆစ်ဆစ်နာခြင်း ဒါမှမဟုတ် တင်းကြပ်စွာ ဖိအားတစ်ခုခုဖိထားသလိုနာခြင်းဖြစ်တယ်။ နံရိုးတစ်ချောင်းထက်ပိုနိုင်တယ်။ အသက်ပြင်းပြင်းရှူတဲ့အခါ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Dupuytren's Contracture (လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dupuytren’s Contracture (လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း(ဂျူပြူထရန်း ကွန်ထရာရှာ)) ကဘာလဲ။ လက်ချောင်းသို့မဟုတ် လက်ဖဝါး၏အရေပြားအောက်တွင် ဆဲလ်စုသို့မဟုတ် အကျိတ်များပေါ်လာသောရောဂါဖြစ်သည်။ ထိုကြောင့်လက်ချောင်းများတောင့်တင်းလာမည်။ လက်သူကြွယ် လက်သန်းရှိ ဒုတိယနှင့်တတိယအဆစ်များတွင်ပိုဖြစ်တတ်သည် (လက်ဖဝါးနှင့်နီးသောလက်ဆစ်) ကွေးလာ၍ ဖြောင့်တန်းရခက်လာမည်။ ဆဲလ်စု ၏အခြေအနေပေါ်မူတည်၍ ကုသမှုလဲပြောင်းလဲနိုင်သည်။ Dupuytren’s Contracture (လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း(ဂျူပြူထရန်း ကွန်ထရာရှာ)) က ဘယ်လောက်အဖြစ်များသလဲ ဤရောဂါသည် အရွတ်အဆစ်ယောင်ခြင်းဖြစ်တတ်သည့် အသက် လေးဆယ်နှင့် ခြောက်ဆယ်ကြားတွင်ပိုဖြစ်တတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDupuytren’s Contracture (လက်ချောင်းများကွေး၍ ပြန်ဆန့်မရတော့ခြင်း(ဂျူပြူထရန်း ကွန်ထရာရှာ)) ရဲ့လက္ခဏာတွေကဘာတွေလဲ နှစ်ကြာရှည်စွာတဖြည်းဖြည်းဖြစ်တတ်သည်။ လက်အရေပြားထူလာခြင်းမှစတတ်သည်။ ထို့နောက် လက်အရေပြားများ ရှုံခြင်း ချိုင့်ဝင်ခြင်းများဖြစ်တတ်သည်။ လက်ဖဝါးပေါ်တွင် မာသောအလုံးများပေါ်လာတတ်သည်။ ထိုအလုံးအား ထိရင်သိသော်လည်း ပုံမှန်အားဖြင့်မနာတတ်ပါ။ နောက်ပိုင်းတွင် လက်ဖဝါးအောက်ရှိတစ်သျူးအမျှင်များ လက်ချောင်းအတွင်းထိရောက်လာတတ်သည်။ ထိုအမျင်များ ဆွဲခြင်းကြောင့် လက်ချောင်းသည် […]


အရိုးကျိုးခြင်း

Broken Hip (တင်ပဆုံရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken Hip (တင်ပဆုံရိုးကျိုးခြင်း) ကဘာလဲ။ တင်ပဆုံရိုးကျိုးခြင်းဆိုသည်မှာ ပေါင်ရိုး၏ အပေါ်ပိုင်း ကျိုးပြတ်သွားခြင်းကို ဆိုလိုသည်။ ကျိုးသည့် ပမာဏသည် သက်ရောက်သော အားပေးမူတည်သည်။ တင်ပဆုံရိုးကျိုးခြင်းကို ကုသသည့် ခွဲစိတ်ကုသမှုမျိုးသည် ကျိုးပြတ်မှုတွင် ပါဝင်သော အရိုးနှင့် ကြွက်သားများအပေါ် နှင့်/သို့မဟုတ် ကျိုးပြတ်မှုဖြစ်သည့် အတိုင်းအတာပေါ်မူတည်သည်။ Broken Hip (တင်ပဆုံရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ။ တင်ပဆုံရိုးကျိုးခြင်းသည် အမေရိကန်နိုင်ငံတွင် တစ်နှစ်လျှင် ပျမ်းမျှ ၃၄၁,၀၀၀ ယောက် ဖြစ်ပွားသည်။ တင်ပဆုံရိုးကျိုးခြင်း ဖြစ်ပွားနှုန်းသည် အသက်နှင့် လိုက်၍ မြင့်သည်။ အသက် ၆၀ ကျော်တွင် ၅နှစ် မှ ၆ နှစ်လျှင် ၂ဆ တိုးသည်။ လက္ခဏာများBroken Hip (တင်ပဆုံရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တင်ပဆုံရိုးကျိုးခြင်း၏ ရောဂါလက္ခဏာတွေမှာ- -လဲကျပြီးပြီးချင်း လှုပ်ရှား၍ မရခြင်း။ -တင်ပါး (သို့) ပေါင်ခြံနေရာတွင် ပြင်းထန်စွာ […]


အရိုးကျိုးခြင်း

broken toe (ခြေချောင်းလေးတွေကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်broken toe (ခြေချောင်းလေးတွေကျိုးခြင်း) ကဘာလဲ။ လေးပင်တဲ့အရာတစ်ခုခုခြေထောက်ပေါ်ပြုတ်ကျသွားတဲ့အခါ ခြေချောင်းလေးတွေကျိုးသွားတတ်တယ်။ များသောအားဖြင့် ကျိုးသွားတဲ့ခြေချောင်းကို ဘေးဘက်ကခြေချောင်းနဲ့ ပူးတွဲချည်ပြီး မလှုပ်ရှားနိုင်အောင် လုပ်လိုက်ပါတယ်။ ဒါပေမယ့် ကျိုးတာက ပြင်းထန်နေမယ်ဆိုရင် ဒါမှမဟုတ် ခြေမဖြစ်နေမယ်ဆိုရင်တော့ ကျောက်ပတ်တီးကိုင်ဖို့ လိုနိုင်ပြီး ကောင်းကောင်းအနာကျက်ဖို့အတွက် ခွဲစိတ်ဖို့တောင် လိုကောင်းလိုနိုင်ပါတယ်။ များသောအားဖြင့် ကျိုးသွားတဲ့ခြေချောင်းလေးတွေက လေးပတ်ကနေ ခြောက်ပတ်အတွင်းမှာ ကောင်းကောင်းပြန်ကျက်ကြပါတယ်။ ဒါပေမယ့် ကျိုးသွားတဲ့နေရာနဲ့ ပြင်းထန်မှုပေါ်မူတည်ပြီး ရောဂါပိုးဝင်ခြင်း သို့ နောင်တစ်ချိန်မှာ အရိုးအဆစ်ရောင်နိုင်ချေများခြင်း တို့ဖြစ်နိုင်ပါတယ်။ broken toe (ခြေချောင်းလေးတွေကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဖစ်တတ်ပါတယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်တယ်။ လက္ခဏာများbroken toe (ခြေချောင်းလေးတွေကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နာကျင်ခြင်း ရောင်ရမ်းခြင်း အရောင်ပြောင်းခြင်း ဖော်ပြထားသောအချက်တွေအပြင် တခြားလက္ခဏာတွေလည်း ရှိနိုင်သေးတာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ ဖော်ပြပါလက္ခဏာတွေတွေ့မယ်ဆိုရင် ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်တာ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Bunions (ဗျူနီယံ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bunions (ဗျူနီယံ) ကဘာလဲ။ တကယ်တော့ ခြေမရိုးအရင်းကနေ အရိုးအတက်ထွက်ခြင်းပါ။ ခြေမနဲ့ဘေးကခြေချောင်းတွေကိုအတင်းဖိတွန်းထားမိတဲ့အခါမျိုးမှာ ခြေမဆစ်ကြီးလာပြီး ဘေးကိုထိုးထွက်လာခြင်းဖြစ်တယ်။ ထိုအရိုးအတက်အပေါ်က အရေပြားကတော့ နီရဲရောင်ရမ်းနေတတ်ပါတယ်။ Bunions (ဗျူနီယံ) က ဘယ်လောက်အဖြစ်များသလဲ ခြေမရိုးအတက်ထွက်ခြင်းဟာ အလွန်အဖြစ်များပြီး လူတိုင်းမှာဖြစ်နိုင်တယ်။ အမျိုးသမီးတွေမှာပိုဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေစီးလေ့ရှိတဲ့ ဖိနပ်အမျိုးအစားကြောင့်ဖြစ်တယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကြည့်ပါ။ လက္ခဏာများBunions (ဗျူနီယံ) ရဲ့လက္ခဏာတွေကဘာတွေလဲ ခြေမအောက်ခြေမှ အရိုးထိုးထွက်ခြင်း။ ခြေမတဝိုက်နီရဲရောင်ရမ်းနာကျင်ခြင်း။ ခြေမနဲ့ခြေညှိုးထိစပ်သောနေရာတွင် အသားမာတက်ခြင်း။ ဆက်တိုက် သို့ အချိန်ခြားပြီး နာကျင်ခြင်း။ အရိုးရောင်ရမ်းနေသောကြောင့် ခြေမလှုပ်ရှားမှုဟန့်တားထားခြင်း။ တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် စိုးရိမ်သည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ပါအချက်တွေနဲ့ကြုံရရင်ဆရာဝန်ပြသင့်ပါတယ်- ဆက်တိုက်ခြေချောင်းများနာကျင်နေခြင်း ခြေမဆစ်နားတွင်အဖုထွက်လာခြင်း ခြေမ သို့ ခြေထောက်လှုပ်ရှားရခက်လာခြင်း ခြေမဆစ်အတက်ကြောင့် အဆင်ပြေသော ရှူးဖိနပ်ရှာရခက်ခြင်း။ ဖွင့်ဆိုမှုတွေတော့အမျိုးမျိုးရှိကြပေမယ့် အကြောင်းအရင်းအတိအကျကတော့ မသိရသေးပါဘူး။ ဖြစ်နိုင်ချေရှိတာတွေကတော့- မျိုးရိုးဆက်ခံခြင်း ခြေထောက်ထိခိက်မှုများ မွေးရာပါချို့ယွင်းခြင်းများ ကျဉ်းကြပ်တဲ့ ထောက်မြင့်ဖိနပ်တွေက ခြေမရိုးဆစ်အတက်ထွက်စေတယ် သို့ ခြေမရိုးဆစ်အတက်ထွက်ခြင်းက ဖိနပ်တွေနဲ့ဆိုင်နေတယ်ဆိုတာကို ကျွမ်းကျင်သူတွေက သဘောမတူထားပါဘူး။ နှလုံးလေးဘက်နာအဆစ်ရောင်ခြင်းကဲ့သို့ တချို့သောအရိုးအဆစ်ရောင်ခြင်းတွေနဲ့တော့ သက်ဆိုင်ကောင်း သက်ဆိုင်နေနိုင်ပါတယ်။ အကြောင်းရင်းများBunions (ဗျူနီယံ) ကိုဘာတွေကဖြစ်စေသလဲ ဖွင့်ဆိုမှုတွေတော့အမျိုးမျိုးရှိကြပေမယ့် အကြောင်းအရင်းအတိအကျကတော့ မသိရသေးပါဘူး။ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Cervical Spondylosis (လည်ပင်းကျီးပေါင်း)

Cervical Spondylosis (လည်ပင်းကျီးပေါင်း) အကြောင်း လေ့လာလိုက်ရအောင်နော်။ အဓိပ္ပါယ်ဖွင့်ဆိုချက် Cervical Spondylosis (လည်ပင်းကျီးပေါင်း) ကဘာလဲ။ လည်ပင်းရိုးထိခိုက်ရောင်ရမ်းခြင်းတစ်မျိုးဖြစ်ပြီး အသက်အရွယ်နဲ့ဆိုင်တဲ့ ဖြစ်လေ့ရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဇက်ကျောရိုးမကြီးမှာရှိတဲ့ အရွတ်နဲ့ အရိုးတွေထိခိုက်ခြင်းကြောင့်ဖြစ်ရတယ်။ အသက်အရွယ်အလိုက်ဖြစ်ပေမယ့် တချို့သော ရောဂါဖြစ်ခြင်းကို အားပေးတဲ့အချက်တွေကြောင့်လည်း ဖြစ်နိုင်ခြေများနိုင်ပါတယ်။ တချို့အတွက်တော့ နာတာရှည်ပြင်းထန်စွာ ဇက်တောင့်ခြင်း၊ နာခြင်း၊ ကိုက်ခဲခြင်းများဖြစ်နိုင်ပြီး အများစုကတော့ ပုံမှန်နေ့စဉ်အလုပ်တွေကို အနှောင့်အယှက်မရှိ လုပ်နိုင်ပါတယ်။ Cervical Spondylosis (လည်ပင်းကျီးပေါင်း) က ဘယ်လောက်အဖြစ်များသလဲ အသက် ၆၀ ကျော်လူတွေရဲ့ ၈၅ ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပြီး တချို့ကတော့ လုံးဝလက္ခဏာမခံစားရပါဘူး။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ လက္ခဏာများ Cervical Spondylosis (လည်ပင်းကျီးပေါင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အများစုကလက္ခဏာမခံစားရတတ်ပါဘူး။ ခံစားရမယ်ဆိုရင်လည်း လက္ခဏာတွေကတော့ ရုတ်တရတ် ဒါမှမဟုတ် ဖြည်းဖြည်းချင်းပေါ်လာနိုင်ပြီး သာမန်ကနေ ပြင်းပြင်းထန်ထန်ထိရှိနိုင်ပါတယ်။ လူသိများတဲ့လက္ခဏာတစ်ခုကတော့ ပုခုံးရိုးတလျှောက်နာကျင်ခြင်းဖြစ်တယ်။ လက်မောင်းနဲ့ လက်ချောင်းတွေထိ နာကျင်နိုင်ပါတယ။် မတ်တပ်ရပ်လိုက်ခြင်း […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Charcot Joint (neuropathic arthropathy) (ချာကော့ အဆစ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Charcot Joint (neuropathic arthropathy) (ချာကော့ အဆစ်ရောဂါ) ကဘာလဲ။ ဆီးချိုသွေးချိုကြောင့် အာရုံကြောထိခိုက်မှုက အဆစ်တွေပျက်စီးသွားစေတဲ့အခြေအနေကိုခေါ်ပါတယ်။ အာရုံကြောကြောင့်အရိုးအဆစ်ပျက်ဆီးခြင်းတစ်မျိုးဖြစ်တယ်။ ဆီးချိုသွေးချိုရှိသူတွေရဲ့ ခြေကျင်းဝတ်နဲ့ ခြေထောက်တွေမှာ တွေ့ရတတ်ပါတယ်။ ခြေထောက်မှာရှိတဲ့ အာရုံကြောတွေ ထိခိုက်ခြင်း၊ ပျက်စီးခြင်းက ဆီးချိုသွေးချိုရှိသူတွေမှာ ဖြစ်လေ့ရှိတာပဲဖြစ်တယ်။ အဲ့ကနေ Charcot joint ဆိုတဲ့ အဆစ်ထိခိုက်ခြင်းကိုဖြစ်သွားစေတတ်ပါတယ်။ အာရုံကြောတွေ လုပ်ဆောင်ချက်အားနည်း၊ ယိုယွင်းလာတဲ့အခါ ထုံကျဉ်လာတယ် ထိုအခါ မသိလိုက်ဘဲ ခြေထောက်လိမ်ခြင်း၊ အရွတ်များဒဏ်ဖြစ်သွားခြင်းတွေဖြစ်တတ်တယ်။ ထိုအခါမှာ အဆစ်တွေပေါ် ဖိအားဖြစ်လာပြီး အဆစ်များထိခိုက်ပျက်စီးလာရပါတော့တယ်။ ပြင်းထန်တဲ့ထိခိုက်မှုတွေက ခြေထောက်နဲ့ တခြားအဆစ်တွေကို ထာဝရပျက်စီးခြင်းတောင်ဖြစ်စေနိုင်တယ်။ Charcot Joint (neuropathic arthropathy) (ချာကော့ အဆစ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အာရုံကြောထိခိုက်နေတဲ့ ဆီးချိုသွေးချိုဝေဒနာရှင် ဝ.၈ မှ ၇.၅ ရာခိုင်နှုန်းထိ ဖြစ်တတ်ပြီး ထိုကဲ့သို့ရောဂါရှိသူတွေရဲ့ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Baker's Cyst (ဘေကာအရည်အိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Baker’s Cyst (ဘေကာအရည်အိတ်) ကဘာလဲ။ ဘေကာအရည်အိတ်ဆိုတာ ဒူးခေါင်းနောက်ဖက်မှာ ဖောင်းလာပြီး တင်းမာမှုကို ဖြစ်စေတဲ့ အရည်အိတ်ပဲ ဖြစ်ပါတယ်။ ဒူးအပြည့်အ၀ ကွေးချိန် ဆန့်ချိန်မှာ၊ လှုပ်ရှားချိန်မှာ နာကျင်မှုဟာ ပိုဆိုးတတ်ပါတယ်။ ဘေကာအရည်အိတ်ကို ဒူးခေါက်ခွက်အိတ်လို့လည်း ခေါ်ပါတယ်။ အဆစ်ရောင်ခြင်း၊ အရိုးနုစုတ်ပြဲခြင်း တို့ကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီအခြေအနေ၂မျိုးစလုံးဟာ ဒူးဆစ်ကနေ အရည်တွေကို ထုတ်လုပ်စေပြီး ဘေကာအရည်အိတ်ကို ဖြစ်စေပါတယ်။ ဘေကာအရည်အိတ်ဟာ ရောင်ရမ်းပြီး မသက်မသာ ဖြစ်စေပေမယ့် နောက်ခံအကြောင်းအရင်းတွေကို ကုရင် သက်သာသွားနိုင်ပါတယ်။ Baker’s Cyst (ဘေကာအရည်အိတ်) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများBaker’s Cyst (ဘေကာအရည်အိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ တခါတရံမှာ နာကျင်မှုကို ခံစားရပေမယ့် သတိမထားမိဘဲလည်း ဖြစ်တတ်ပါတယ်။ အောက်ပါလက္ခဏာတွေ တွေ့နိုင်ပါတယ်။ ဒူးဆစ်နောက်ပိုင်း တခါတရံ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း