backup og meta

ခံတွင်းအနံ့ဆိုး တာကို သက်သာစေမယ့် သကြားလုံး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းအနံ့ဆိုး တာကို သက်သာစေမယ့် သကြားလုံး

    ခံတွင်းအနံ့ဆိုး လို့ လူအများကြားမှာ စကားမပြောရဲတာမျိုး၊ စကားပြောရင်း အခြားသူက နှာခေါင်းကို ပွတ်လိုက်တဲ့အခါဖြစ်ဖြစ်၊ မျက်နှာ နည်းနည်းမဲ့သွားရင်တောင် ကိုယ့်ခံတွင်းက အနံ့ဆိုးထွက်နေလို့လားဆိုပြီး စိတ်မလုံခြုံသလို ခံစားနေရတာမျိုးရှိလား…… ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ခံတွင်းနံ့ဆိုးတာကို သက်သာစေမယ့် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလေးတွေကို ပြောပြပေးထားပါတယ်။

    ခံတွင်းအနံ့ဆိုး ဆိုတာဘာလဲ….

    ခံတွင်းနံ့ဆိုး ဆိုတာက ပါးစပ်ကနေ အနံ့ဆိုးတစ်ခုခုထွက်နေတာပါ။ မနက်ခင်း အိပ်ရာထချိန်မှာတော့ တစ်ညလုံးအိပ်စက်နေချိန်မှာ ခံတွင်းထဲမှာ တံထွေးထွက်ရှိမှု နည်းတာကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားတာကနေတဆင့် ခံတွင်းအနံ့ဆိုးဖြစ်နိုင်ပါတယ်။ မနက်ခင်း သွားမတိုက်ရသေးခင် မဟုတ်ဘူး၊ အနံ့ပြင်းတဲ့အစားအစာ တစ်ခုခု စားပြီးချိန်မဟုတ်ဘူး။ ဒါပေမယ့် ခံတွင်းအနံ့မကောင်းဘူးဆိုရင် သေချာတာက သင့်မှာ ခံတွင်းအနံ့ဆိုးရှိနေပါပြီ။

    ဘာတွေကများ ခံတွင်းအနံ့ဆိုးစေတာလဲ……

    ခံတွင်းအနံ့ဆိုးစေတဲ့ အချက်တွေကတော့ အများကြီးပါပဲ။

    ခံတွင်းအနံ့ဆိုးတာကို သက်သာစေဖို့အတွက် သကြားလုံး ငုံကြမယ်

    ဘာကြောင့်ပဲ ခံတွင်းအနံ့ဆိုးဆိုး ခံတွင်းအနံ့ဆိုးတာက ကိုယ့်အတွက် မကောင်းဘူး။ လူမှုရေးပြဿနာတွေ အများကြီးဖြစ်စေပြီး လူတွေက ကိုယ့်ကိုရှောင်ကျဉ်ကြလိမ့်မယ်။

    ဒါကို အမြန်ဆုံးသက်သာစေဖို့ဆိုရင် လုပ်လို့ရတာက ဆေးဖက်ဝင်သကြားလုံးငုံလို့ရတယ်။

    ဥပမာ စျေးကွက်ထဲမှာရှိတဲ့ သကြားလုံးလေးတွေမှာဆိုရင် ဆေးဖက်ဝင်ပါဝင်ပစ္စည်းတွေဖြစ်တဲ့  ယူကလစ်ဆီ၊ သံပရိုသီး၊ သံပရာသီး၊ ပရုပ်အေး၊ ပျားရည် တို့လိုမျိုး သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတယ်။ သူ့မှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေအကုန်လုံးက ပါးစပ်ထဲမှာ အနံ့အသက်တွေဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေကိုဖယ်ရှားပေးတယ်။ သွားရည်ထွက်ရှိမှုကိုလှုံ့ဆော်ပေးပြီး ပါးစပ်ခြောက်မနေအောင်လုပ်ပေးတယ်။ ခံတွင်းကို သန့်ရှင်းစေပြီး လည်ချောင်းထဲမှာရှိတဲ့ ချွဲသလိပ်တွေကိုလည်း ပျော်ဆင်းသွားစေတဲ့အတွက် ပါးစပ်အနံ့ထွက်နေတာအတွက် အထိရောက်ဆုံးအမြန်ဖြေရှင်းလို့ရနိုင်တယ်။

    သကြားလုံးတွေရဲ့ အားသာချက်ကတော့ အထုပ်ကြီးနဲ့ အများကြီးသယ်သွားရတာမျိုး သယ်ရခက်တာမျိုးမရှိတဲ့အပြင် သွားတိုက်တာ၊ ခံတွင်းသန့်ဆေးရည်သုံးတာလိုမျိုးတွေလိုလည်း အလုပ်မရှုပ်ဘူး။ ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားပြီး စကားပြောစရာရှိတာမျိုးဆို ငုံထားလိုက်လို့ရတယ်။ ဒါကြောင့် ခံတွင်းနံ့နံနေလို့ ကိုယ့်ကိုယ်ယုံကြည်စိတ်ချမှု ပျောက်ဆုံးနေရတယ် မဝံ့မရဲဖြစ်နေရတယ်ဆိုရင် ဆေးဖက်ဝင်သကြားလုံးတွေကို စမ်းငုံကြည့်လို့ရတယ်။

    ခံတွင်းအနံ့ဆိုး တာကို သက်သာစေမယ့် သကြားလုံး

    သကြားလုံးငုံတာက ခဏတဖြုတ်သက်သာစေပေမယ့် ရေရှည်ခံတွင်းနံ့နံတာကို တိုက်ဖျက်ဖို့ဆိုရင်တော့ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ဖို့အတွက် အောက်ကအချက်အလက်တွေလုပ်ပေးသင့်တယ်။

    အစားစားပြီးတိုင်း ပလုတ်ကျင်းပါပလုတ်ကျင်းတာက သွား နဲ့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ရာ ရောက်သလို ခံတွင်းအနံ့ဆိုးမဖြစ်အောင်လည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခံတွင်းအနံ့ဆိုးကင်းချင် အစားစားပြီးတိုင်း ပလုတ်ကျင်းပါ။

    သွားပွတ်ကြိုးသုံးပါ – သွားကြားထဲမှာ စားကြွင်းစားကျန်တွေရှိနေတာကလည်း ခံတွင်းအနံ့ဆိုးဖြစ်စေနိုင်ပါတယ်။ ဒါ​ကြောင့် အနည်းဆုံးတစ်နေ့တစ်ကြိမ် သွားပွတ်ကြိုး သုံးပေးပါ။

    သွားပုံမှန်တိုက်ပါ – တစ်နေ့တာမှာ မနက် အိပ်ရာထချိန် တစ်ကြိမ်၊ ညဘက် အိပ်ရာဝင်ချိန် တစ်ကြိမ် သွားတိုက်ပေးပါ။ ခံတွင်းထဲက ဘက်တီးရီးယားတွေကိုရော သွားကြားထဲက စားကြွင်းစားကျန်တွေကိုပါ သန့်စင်ပေးနိုင်ပါတယ်။ တစ်ခုသတိထားရမှာက သွားတိုက်တဲ့ အခါတိုင်း လျှာကိုပါ သန့်စင်ဖို့ပါ။

    ရေများများသောက်ပါ – ခံတွင်းခြောက်တာကလည်း ခံတွင်းအနံ့ဆိုးဖြစ်စေတဲ့ အချက်တွေထဲက တစ်ခုပါ။ ဒါကြောင့် ခံတွင်းခြောက်တဲ့ ပြဿနာကင်းဝေးပြီး ခံတွင်းအနံ့ဆိုးတာမျိုး မရှိစေဖို့ဆိုရင် ရေကို ပုံမှန်သောက်ပေးပါ။ ဆေးလိပ်ဖြတ်ပါ။

    အစားအသောက် ဂရုစိုက်ပါ – အစားစားတဲ့အခါ ကြက်သွန်ဖြူကြက်သွန်နီ၊ ကော်ဖီ၊ အယ်လ်ကိုဟောတို့လိုအရာတွေကိုရှောင်ပါ။ အချိုများတာတွေကိုလည်း မစားပါနဲ့။ ဒါတွေက ခံတွင်းအနံ့ကို ဆိုးစေနိုင်တာကြောင့်ပါ။

    သွားပွတ်တံ ပုံမှန် လဲလှယ်ပါ – သွားပွတ်တံကို ပုံမှန် ၃ လတစ်ကြိမ်လောက်လဲလှယ်ပေးပါ။ သွားပွတ်တံက အနားတွေဖွာနေပြီဆိုရင် ဆက်မတိုက်ပါနဲ့။ သွားပွတ်တံရွေးတဲ့အခါမှာလည်း Brush နုနုလေးဖြစ်နေတာမျိုးကို ရွေးသုံးပါ။ ဒါမှ သွားကြိုသွားကြားမကျန် သန့်စင်ပေးနိုင်မှာပါ။

    လတစ်ကြိမ် သွားကျန်းမာရေး စစ်ဆေးပါ – သွားတွေမှာ ပိုးပေါက်တွေရှိနေလား၊ ခံတွင်းပြဿနာတွေရှိနေလားဆိုတာကို သိစေဖို့ အနည်းဆုံး ၆ လတစ်ကြိမ် စစ်ဆေးပြီး လိုအပ်တဲ့ ကုသမှုကို ခံယူပါ။ ဒီလိုခံယူတာက သွားကျန်းမာရေးကို ဂရုစိုက်ရာကျသလို ခံတွင်းအနံ့ဆိုးမဖြစ်အောင် ကာကွယ်ရာလည်းရောက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement