backup og meta

အဖြစ်များသော ခံတွင်းပြဿနာများနှင့် ငုံဆေး၏ အသုံးဝင်မှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဖြစ်များသော ခံတွင်းပြဿနာများနှင့် ငုံဆေး၏ အသုံးဝင်မှု

    လူတစ်ယောက်အတွက် ခံတွင်းကလည်းအရေးပါပါတယ်။ ခံတွင်းတစ်ခုက လူတစ်ယောက် ကျန်းမာရေးအတွက် အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ စကားပုံတောင်ရှိသေးတယ်မလား။ လူဟာ သူစားတဲ့အတိုင်း ဖြစ်လာတာပဲဆိုတာလေ။ စကားပြောဆက်သွယ်ဖို့လည်း ဒီခံတွင်း၊ အစားအသောက်တွေ ကြိတ်ချေမျိုချဖို့လည်း ဒီခံတွင်းဆိုတော့ ဒီခံတွင်းကို ဂရုတစိုက်ထိန်းသိမ်းဖို့ အရမ်းလိုအပ်ပါတယ်။

    အဖြစ်များတဲ့ခံတွင်းပြဿနာတွေက ဘာတွေများလဲ

    နေ့စဉ်နဲ့အမျှ ခန္ဓါကိုယ်မှာ အာဟာရပြည့်နေအောင် ရှေ့တန်းကနေ တာဝန်ယူပေးနေတဲ့ ခံတွင်းမှာ အခုလိုပြဿနာလေးတွေဖြစ်နိုင်ပါတယ်။

    ခံတွင်းပြဿနာက ဘာမှမထိခိုက်စေဘူးလား……..

    အပေါ်မှာပြောခဲ့တဲ့ ခံတွင်းပြဿနာလေးတွေက နားထောင်တော့သာ ဘာမှမဟုတ်သလိုနော်။ တကယ်တမ်းခံစားရတဲ့အခါကျ ခံစားရတော်တော်လေး ခက်ပါတယ်။

    • ခံတွင်းအနံ့ဆိုးတာ – လူအများနဲ့ပြောဆိုဆက်ဆံတဲ့အခါ တော်တော်လေး စိတ်ကသိကအောက်ဖြစ်စရာပါ။ အများကြားမှာ စကားပြောဆိုခါနီးတိုင်း ကိုယ့်ကိုကိုယ် ယုံကြည်မှုကင်းမဲ့သည်အထိပြင်းထန်နိုင်ပါတယ်။
    • ပါးစပ်ထဲမှာ အနာပေါက်တာ – ပါးစပ်ထဲမှာအနာပေါက်တဲ့အခါ ဆေးထည့်ဖို့ကမဖြစ်နိုင်ပါဘူး။ ဒီအနာကြောင့်ပဲ အစားတစ်ခုခုစားလိုက်တိုင်းမှာ နာကျင်မှုကို ပြင်းပြင်းထန်ထန်ခံစားရနိုင်ပါတယ်။
    • သွားကိုက်တာ – သွားကိုသေချာဂရုမစိုက်တာကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတစ်ခုပေါ့။ ကွမ်းစားတာကြောင့်လည်း သွားတွေထိခိုက်ပျက်စီးနိုင်ပါသေးတယ်။ သွားကိုက်တဲ့အခါစားရသောက်ရတော်တော်လေးခက်တာပါ။ အိမ်မှာနေရင်တော့ဆားရည် နဲ့ ပလုတ်ကျင်းလို့ရတယ်ဆိုပေမယ့် ရုံးသွားမယ်၊ ကျောင်းသွားမယ်ဆိုတဲ့အခါမျိုးမှာတော့ သွားကိုက်တာကို သက်သာစေဖို့ ငုံဆေးငုံတာမျိုးက အဆင်ပြေဆုံးဖြစ်မှာပါ။
    • သွားဖုံးရောင်တာ – ရောဂါအခံတစ်ခုခုကြောင့်ဖြစ်နိုင်သလို ခံတွင်းသန့်ရှင်းမှု အားနည်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွားဖုံးရောင်တဲ့အခါမှာလည်း နေ့စဉ်အလုပ်တွေကို ထိခိုက်နိုင်သလို အစားအသောက်လည်းပျက်နိုင်ပါသေးတယ်။
    • ခံတွင်းခြောက်တာ – ရေဓါတ်ခမ်းခြောက်မှုရဲ့ လက္ခဏာတစ်ခုပါ။ ခံတွင်းခြောက်တာက ပြင်းထန်တဲ့ ခံတွင်းပြဿနာတစ်ခုမဟုတ်ပေမယ့် သူ့ကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာတွေကတော့ ကြီးပါတယ်။ ခံတွင်းခြောက်တာကြောင့် သွားတွေပါပျက်စီးလာနိုင်ပါတယ်။
    • လျှာမှာအနာပေါက်တာ – ဘက်တီးရီးယားတွေကြောင့် လျှာမှာအနာပေါက်တာ၊ မှိုပိုးကူးစက်မှုကြောင့် လျှာမှာ မှက္ခရုဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။
    • လည်ချောင်းနာတာ – စကားကောင်းကောင်းပြောဖို့ခက်သလို အစားအစာတွေကိုစားဖို့လည်းခက်ပါတယ်။ အလုပ်ထဲမှာ အာရုံစိုက်ထားဖို့ထိတောင်ခက်တာမျိုး ခံစားရနိုင်ပါတယ်။
    • ချောင်းဆိုးတာ – အောင့်ထားရခက်သလို လူအများကြားထဲမှာ ချောင်းဆိုးချင်လာတာက တော်တော်လေးခံစားရခက်တဲ့ အခြေအနေတစ်ရပ်ပါ။ ရာသီဥတု ကြောင့်ဖြစ်နိုင်သလို အဖျားကြောင့်လည်းဖြစ်နိုင်ပါတယ်။

    ခံတွင်းပြဿနာတွေအတွက် အဖြေတစ်ရပ်

    ပြဿနာတိုင်းမှာ အဖြေရှိတယ်ဆိုတဲ့စကားကြားဖူးကြမှာပါ။ အခုလည်းဒီလိုပါပဲ ခံတွင်းပြဿနာတွေကို အထိရောက်ဆုံးဖြေရှင်းပေးနိုင်မယ့်နည်းလမ်းရှိပါတယ်။ ခံတွင်းခြောက်နေတယ်။ ခံတွင်းနံ့ဆိုးနေတယ်ဆိုတဲ့သူတွေအနေနဲ့ ရေသောက်မယ်၊ ခံတွင်းကျန်းမာရေးကိုဂရုစိုက်မယ်ဆိုရင်တော်တော်လေးအဆင်ပြေသွားမှာပါ။ ပါးစပ်ထဲမှာအနာပေါက်တာ၊ သွားကိုက်တာ၊ သွားဖုံးရောင်တာ၊ လျှာမှာအနာပေါက်တာတွေအတွက်ကတော့ ဆားရည်နဲ့ပလုတ်ကျင်းပေးရင်ကို အဆင်ပြေပါတယ်။ ဒါဆိုချောင်းဆိုးတာအတွက်ရောဆိုတော့ ရေနွေးဆူဆူထဲမှာ ချင်း(ဂျင်း) နဲ့ ကွမ်းရွက်ကိုရောစိမ်ပြီးသောက်ပေးလို့ရပါတယ်။

    ခံတွင်းကျန်းမာရေးကို ဂရုစိုက်နိုင်မယ့် နောက်ထပ်နည်းလမ်းတစ်ခုကတော့ သကြားလုံးငုံဆေးငုံတာပါ။ ဒီနေရာမှာ သကြားအရမ်းများပြီး ကျန်းမာရေးအတွက် အထောက်အကူမပြုတဲ့ သကြားလုံးတွေကိုငုံတာမျိုးမဟုတ်ဘဲ သဘာဝပစ္စည်းတွေကနေ ထုတ်လုပ်ထားတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ငုံဆေးသကြားလုံးဖြစ်ဖို့လိုအပ်ပါတယ်။

    လက်ရှိပြည်တွင်းဈေးကွက်မှာ ခံတွင်းပြဿနာအမျိုးမျိုးကိုပြေလည်စေဖို့အတွက် လည်ချောင်းနာတာကိုသက်သာစေပြီး ခံတွင်းထဲက ဘက်တီးရီးယားတွေကို အကောင်းဆုံးတိုက်ထုတ်ပေးနိုင်တဲ့ ပရုပ်အေး၊ အသက်ရှုလမ်းကြောင်းကိုကျန်းမာစေပြီး ကိုယ်ခံအားကောင်းစေတဲ့ ယူကလစ်ဆီ၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ပျားရည်၊ ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင် C တွေကြွယ်ဝစွာပါဝင်နေတဲ့ Hudson’s အမှတ်တံဆိပ် ငုံဆေးကို ဝယ်ယူနိုင်ပါတယ်။ အရသာလည်း အမျိုးမျိုးနဲ့ရရှိနိုင်ပါလိမ့်မယ်။ မြင်တွေ့နေကျ သကြားဓါတ်များတဲ့ သကြားလုံးမျိုးမဟုတ်ဘဲ ခံတွင်းကျန်းမာရေးအတွက် အကျိုးအများကြီးရှိတဲ့ သဘာဝအဆီအနှစ်တွေနဲ့ ဖန်တီးထားတာဖြစ်ခြင်းက ခံတွင်းပြဿနာအမျိုးမျိုးကို ပြေလည်နိုင်စေပါလိမ့်မယ်။

    ခံတွင်းပြဿနာကင်းတဲ့ ပျော်ရွှင်စရာနေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း…….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement