သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ခံတွင်းနံ့ဆိုးတာဘာလို့လဲ

    ခံတွင်းနံ့ဆိုးတာဘာလို့လဲ

    ကျွန်တော်တို့တွေတစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်လုပ်ရင် စကားပြောဆိုပြီးဆက်သွယ်ကြတာပဲမဟုတ်ပါလား။ စကားပြောဖို့ပါးစပ်ဟလိုက်တိုင်း ခံတွင်းနံ့ဆိုးဆိုးကြီးထွက်နေရင် ဘယ်အဆင်ပြေမလဲနော်။ ဒါကြောင့် ဒီတစ်ခေါက် Hello Sayarwon ပရိတ်သတ်တွေကို ခံတွင်းနံ့ဆိုးစေတဲ့အကြောင်းတွေကိုရော ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာကိုပါ ပြောပြပေးချင်ပါတယ်။

    ပါးစပ်ခံတွင်းနံ့ဆိုးရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ကိုယ်စားတဲ့အစားအသောက်နဲ့ဆိုင်သလို သွားနဲ့ခံတွင်းသန့်ရှင်းရေးအပေါ်လည်း မူတည်ပါတယ်။ ကျွန်တော်တို့စားသောက်လိုက်တဲ့အစားအစာတိုင်းကို ပါးစပ်ထဲမှာသွားတွေနဲ့ကြိတ်ဝါးပြီးဖြိုခွဲပါတယ်။ ကိုယ်က ကြက်သွန်လို အနံ့ပြင်းတဲ့အစားအစာတစ်ခုခုစားလိုက်မိရင် အဲ့ဒီအနံ့တွေက စားပြီးရင်တောင်ပါးစပ်ထဲမှာ စွဲပြီးကျန်နေမှာပါ။ ဘယ်လောက်ကောင်းတဲ့သွားတိုက်ဆေးသုံးသုံး၊ ပါးစပ်ဆေးရည်တွေနဲ့ ပလုတ်ကျင်းကျင်းအနံ့ပျောက်ဖို့မလွယ်ပါဘူး။ အစားအစာတွေကိုယ်ထဲကနေ လုံးဝထွက်သွားတဲ့အချိန်မှပဲ အနံ့သက်သာသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပွဲလမ်းသဘင်တစ်ခုခုသွားစရာရှိတယ်၊ အရေးကြီးအစည်းအဝေး တစ်ခုခုတက်စရာရှိတယ်ဆိုရင် ဒီလိုအနံ့ပြင်းတဲ့အစားအစာတွေ မစားမိဖို့ ဂရုစိုက်စေချင်ပါတယ်။ ကိုယ်စကားပြောတာနားထောင်ရလို့ တဖက်လူအနှောင့်အယှက်ဖြစ်သွားရင် ကိုယ့်အပေါ်လည်းအထင်သေးသွားနိုင်တယ်မဟုတ်လား။

    နောက်ထပ်အဖြစ်များတဲ့အကြောင်းကတော့ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို ဂရုမစိုက်တာပါ။ လူတိုင်းမနက်တစ်ခေါက်၊ ညနေတစ်ခေါက်သွားတိုက်သင့်တာ သိပေမဲ့ တကယ်ရောအဲ့ဒီအတိုင်းလိုက်နာကျင့်သုံးကြပါရဲ့လား။ သွားတိုက်တယ်ဆိုရင်လည်း အဖြစ်သဘောမျိုးတိုက်တာမဟုတ်ဘဲ သေချာစနစ်တကျနည်းလမ်းမှန်မှန်တိုက်ပါရဲ့လား။ သွားလည်းမှန်မှန်မတိုက်၊ တိုက်ပြန်တော့လည်း အဖြစ်လောက်ပဲတိုက်တဲ့သူဆို သွားကြားထဲမှာ စားကြွင်းစားကျန်တွေ ကျန်ခဲ့ပြီး သွားကြား၊သွားဖုံးကြားနဲ့လျှာပေါ်မှာ ဘတ်တီးရီးယားတွေ ပေါက်ပွားလာနိုင်ပါတယ်။ ဘတ်တီးရီယားတွေက ခံတွင်းအနံ့ဆိုးထွက်လာစေတာကြောင့် အနံ့သက်သာအောင် ပိုးသတ်ဆေးပါတဲ့ခံတွင်းသန့်ဆေးရည်တွေအသုံးပြုဖို့လိုအပ်ပါတယ်။ နောက်ပြီး denture ခေါ် အံကပ်တပ်ဆင်ရတဲ့သူတွေမှာဆိုရင်လည်း အံကပ်ပိုသေချာသန့်စင်အောင်ဆေးကြောပြီး အသုံးမပြုရင် ပါးစပ်ထဲမှာပိုးတွေပေါက်ပွားလာပြီး ခံတွင်းနံ့ဆိုးနိုင်ပါတယ်။ ကွမ်းစားတာ၊ဆေးလိပ်သောက်တာတွေကြောင့် ခံတွင်းနံ့ဆိုးထွက်တတ်တာကိုတော့ အထူးပြောစရာလိုမယ်မထင်ပါဘူး။ ဒီအရာတွေမှီဝဲရင် ခံတွင်းအနံ့တင်ဆိုးစေတာမဟုတ်ပဲ သွားနဲ့လျှာပျက်စီးတာကနေ ခံတွင်းကင်ဆာအထိဖြစ်တတ်တယ်နော်။

    အပေါ်က အဓိက ၂ ချက်အပြင် နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ လေပြွန်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်အချဉ်ပေါက်ရောဂါ၊ အသည်းနဲ့ ကျောက်ကပ်ရောဂါတွေ ခံစားရရင်လည်း ခံတွင်းနံ့ဆိုး ထွက်နိုင်ပါသေးတယ်။

    ကောင်းပြီ။ ဒါဆို ဘယ်အချက်တွေကြောင့် ခံတွင်းနံ့ထွက်နိုင်လဲဆိုတာ သိပြီဆိုတော့ သက်သာအောင် ဘယ်လိုလုပ်ရမယ် ဒါမှမဟုတ် ကာကွယ်ရမယ်ဆိုတာ ပြောပြပေးမယ်နော်။

    – သွားသေချာတိုက်ပေးပါ၊ တချို့သူတွေပြောသလို တစ်နေ့တစ်ကြိမ်တိုက်ပေးရင် လုံလောက်တယ်ဆိုတာ လုံးဝမှားပါတယ်။ အနည်းဆုံး တစ်နေ့ ၂ ကြိမ်တိုက်ပေးပါ။ အစာစားပြီးတိုင်း သွားတိုက်နိုင်ရင်ပိုတောင်ကောင်းပါသေးတယ်။ Fluoride ပါတဲ့သွားတိုက်ဆေးအမျိုးအစားကိုသုံးပေးပါ၊ အဲ….သွားပွတ်တံတစ်ချောင်းတည်းကိုအကြာကြီးမသုံးဖို့လည်းအရေးကြီးတယ်နော်။ သွားပွတ်တံကို ၂လတစ်ကြိမ် သို့မဟုတ် ၃လတစ်ကြိမ်လဲလှယ်ပေးပါ။ ပိုးသတ်ဆေးပါတဲ့ ခံတွင်းသန့်ဆေးရည်လည်းမကြာခဏသုံးစွဲနိုင်ပါတယ်။

    – သွားဆေးခန်းကို အနည်းဆုံး တစ်နှစ်ကို ၂ကြိမ်တော့ သွားပါ။ ဘာမှမဖြစ်ရင်တောင် ကိုယ့်သွား၊ သွားဖုံး၊ ခံတွင်းကျန်းမာရေးကို စစ်ဆေးဖို့အတွက် လိုအပ်ပါတယ်။ ကြိုတင်သတိရှိတာ ဘယ်တော့မှမမှားဘူးမဟုတ်လား။

    – ဆေးလိပ်သောက်တတ်ရင်ဆေးလိပ်ဖြတ်ဖို့ အကြံပြုရပါစေ။ ဆေးလိပ်သောက်၊ ကွမ်းစားတဲ့အလေ့အကျင့်က ခံတွင်းကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေလို့ပါ။

    – ခံတွင်းကျန်းမာရေးအတွက် ရေများများသောက်ပေးဖို့လည်းလိုပါတယ်။ ခံတွင်းစိုစွတ်နေအောင် ရေသောက်တာအပြင် အချိုလျှော့ထားတဲ့သကြားလုံး၊ ပီကေ ဝါးပေးလည်းရပါတယ်။

    – တကယ်လို့အပေါ်က နည်းတွေအကုန်လုပ်ကြည့်ပေမဲ့ ခံတွင်းနံ့ဆိုးတဲ့ပြဿနာကို အဖြေရှာမရရင်တော့ တစ်ပတ်လောက်ကိုယ်စားသောက်ခဲ့သမျှ အရာတွေ၊ သွားတိုက်တဲ့အချိန်နဲ့ အကြိမ်ရေ တွေကိုသေချာစာရင်းပြုစုထားပြီး သွားဆေးခန်းယူသွားပါ။ ဒါမှသွားဆရာဝန်က သင့်စားသောက်ပုံဘာမှားနေသသလဲ၊ ခံတွင်းနံ့ဆိုးတာကို ဘယ်လိုကုစားရမလဲဆိုတာ အဖြေရှာပေးနိုင်မှာဖြစ်ပါတယ်။

    ရေးသားသူ – Dr.Htoo Tint

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    health-tool-icon

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Thiha Phyo Myint မှ ရေးသားသည်။ 7 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: