backup og meta

ကလေးများ သွားပိုးစားခြင်းမှ ကာကွယ်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများ သွားပိုးစားခြင်းမှ ကာကွယ်ခြင်း

    သွားကျန်းမာရေးဟာ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတစ်ခုလုံး ကောင်းမွန်နေခြင်းအတွက် အစားထိုးမရတဲ့နေရာမှ ပါဝင်နေပါတယ်။ မိဘတစ်ယောက်အနေနဲ့ သင့်ကလေးရဲ့ ခံတွင်းကျန်းမာရေးအတွက် မှန်ကန်တဲ့နည်းလမ်းတွေပြပေးဖို့ကတော့ သင့်တာဝန်ပါ။ သွားပိုးစားခြင်းကို ကာကွယ်ဖို့နဲ့ ဘဝတစ်လျှောက်လုံး ခံတွင်းကျန်းမာရေးကောင်းကောင်းနဲ့နေနိုင်ဖို့အတွက် ဖြစ်နိုင်ချေရှိတဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့ ဒီအချက်ငါးချက်ကို လေ့လာကြည့်ရအောင်ပါ။

    သွားပိုးစားခြင်း (သွားပျက်စီးခြင်း)ဆိုတာဘာလဲ။

    သွားပိုးစားခြင်းဆိုတာ အဖြစ်များဆုံးသော မကူးစက်တတ်တဲ့ ခံတွင်းရောဂါတစ်ခုဖြစ်ပြီး ကျောင်းနေအရွယ်ကလေးတွေမှာ အဖြစ်များသလို ဒီနေ့ခေတ်ရဲ့ စက်မှုနိုင်ငံအများစုက အရွယ်ရောက်ပြီး လူကြီးတွေမှာလည်း ဖြစ်တတ်ကြပါတယ်။

    သွားပိုးပေါက်တွေရဲ့ အစောပိုင်းအဆင့်ဟာ သွားကြွေလွှာတွေမှာ အကွက်သေးသေးလေးဖြစ်လာတာပါပဲ။ ဒါဟာ ဖြည်းဖြည်းချင်းဖြစ်လာပေမယ့် အက်စစ်တွေပုံမှန်စုပုံလာတဲ့အခါမှာတော့ (sucrose နဲ့ Streptococcus mutans bacterium ဓါတ်ပြုမှုကြောင့်ဖြစ်လာတဲ့ ရလဒ်) သွားကိုပျက်စီးစေပါတယ်။ အချိန်တွေကြာလာတဲ့အခါ ဒီထိုက်မှုဟာ ကြွေလွှာကိုအားနည်းစေပြီး သွားအတွင်း dentine ( သွားရဲ့အဓိက ကိုယ်ထည်)ကိုပါ ပျက်စီးစေပါတယ်။ ကြွေလွှာနဲ့ dentine ၂ခုလုံးပျက်စီးသွားတဲ့အခါမှာတော့ သွားပိုးပေါက်ဖြစ်ပေါ်လာပါတော့တယ်။

    သွားဖုံးကွာခြင်းကြောင့် သွားအမြစ်တွေပေါ်လာခြင်းဟာလည်း သွားပျက်စီးခြင်းကိုဖြစ်စေပါတယ်။ ဒါပေမဲ့ ဒီအခြေအနေကတော့ အရွယ်ရောက်ပြီးသူတွေမှာ ပိုပြီးအဖြစ်များပါတယ်။

    ကလေးတွေမှာ သွားပျက်စီးခြင်းကို ကာကွယ်ခြင်း

    ၁။ အချိုစားနှုန်း လျှော့ချခြင်း

    – သကြားနဲ့ ကာဗိုဟိုက်ဒရိတ်မြင့်မားစွာပါဝင်တဲ့ သွားရည်စာတွေနဲ့ ဖျော်ရည်တွေ စားသုံးခြင်းကို ကန့်သတ်လိုက်ပါ။ ဒီအရာတွေက ခံတွင်းရဲ့ အက်စစ်ဓါတ်ကို စားပြီးနာရီပိုင်းအတွင်းမှာ ရုတ်ချည်းမြင့်မားလာစေပါတယ်။

    – အရိုးတွေကျန်းမာကြံ့ခိုင်စေဖို့ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီ များပြားစွာပါဝင်တဲ့ စားစရာတွေ ကျွေးပါ။

    – တကယ်လို့များ သင့်ကလေးက အချိုစားချင်ခဲ့တယ်ဆိုရင် xylitol ပါဝင်တဲ့ ပီကေကျွေးပါ။ xylitol ဟာ သဘာဝအပင်ကနေထုတ်လုပ်ထားပြီး ချိုတဲ့အရသာရှိပေမယ့် သကြားနဲ့မတူဘဲ အက်စစ်ဓါတ်ကို မထုတ်ပေးနိုင်ပါဘူး။ ပြီးတော့ သွားဂျိုးတွေ၊ အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

    ၂။ ဖလိုရိုက်အသုံးပြုခြင်း

    လေ့လာမှုအများကြီးကတော့ ဖလိုရိုက်မှာ သွားပိုးစားခြင်းသွားပျက်စီးခြင်းကိုကာကွယ်နိုင်စွမ်းရှိပြီး သွားကြွေလွှာရဲ့ သတ္တုဓါတ်တွေဆုံးရှုံးခြင်းကို တံတွေးကပြန်လည်ဖြည့်တင်းပေးနိုင်စေတာကြောင့် အက်စစ်ကိုခုခံကာကွယ်နိုင်ပါတယ်။ ဖလိုရိုက်ကို နေ့စဉ်ဘဝမှာပါဝင်နေအောင် လုပ်နိုင်တဲ့ နည်းလမ်းကောင်းတွေကတော့

    – ဖလိုရိုက်ကို မိသားစုသောက်ရေထဲမှာထည့်ထားပါ ဒါမှမဟုတ် သွားဆရာဝန်ကို ဖလိုရိုက်ဆေးပြားတွေကိုညွှန်ကြားပေးနိုင်မလား မေးကြည့်ပါ။

    – ဖလိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ ပလုတ်ကျင်းဆေးရည်သုံးပါ။

    – ကလေးရဲ့ ငယ်သွားတွေကို ဖလိုရိုက်အရောင်တင်ဆီတွေ သုံးပေးပါ။

    ၃။ ခံတွင်းသန့်ရှင်းရေးကို မှန်မှန်ကန်ကန်ဂရုစိုက်ပါ။

    – သင့်ကလေးဟာ တစ်ရက်ကို သွားနှစ်ခါတိုက်ရမယ်ဆိုတာ အထူးသဖြင့် အိပ်ရာမဝင်ခင်နဲ့ သကြားပါဝင်တာတွေ စားသုံးပြီးနောက်မှာ သွားတိုက်ရမယ်ဆိုတာ မှတ်မိအောင်လုပ်ပါ။

    – ကလေးတွေရဲ့သွားကို သူတို့ကိုယ်တိုင် သွားပွတ်ကြိုးနဲ့ရှင်းလင်းဖို့ ဒါမှမဟုတ် အစာစားပြီးတိုင်း Interdental cleaner နဲ့ သန့်စင်ဖို့ အားပေးပါ။

    – သင့်ကလေးကို သွားပုံမှန်စစ်ဆေးပေးပါ။ တစ်နှစ်တစ်ခါ သွားကို X-ray နဲ့စစ်ဆေးပါ။ ဒါမှသာ သွားပိုးပေါက်ရှိနိုင်ချေတွေကို စောစောသိရမှာပါ။

    ၄။ Deantal sealant ( Fissure sealants သွားဖာခြင်း)

    သွားဖာနေစဉ်မှာ သွားဆရာဝန်က ပလတ်စတစ်နဲ့တူတဲ့ coating အပါးလေးကို လူနာရဲ့ သွားအပေါက်နဲ့ ဝါးတဲ့ မျက်နှာပြင်ပေါ်ဖြည့်တင်းပေးပါလိမ့်မယ်။ အများအားဖြင့်တော့ နောက်ဘက်ကသွားတွေ (အံသွားနဲ့ အံသွားရှေ့ကသွားတွေပေါ့)။ ဒီcoating လေးဟာ သွားမျက်နှာပြင်မှာ ဂျိုးတွေကပ်ပြီး အတွင်းထဲထိပျက်စီးခြင်းကနေ ဒိုင်းတစ်ခုအနေနဲ့ ကာကွယ်ပေးထားပါတယ်။ သွားဖာခြင်းဟာ ကလေးတွေအားလုံးအတွက် သွားပိုးပေါက်တွေကို ကာကွယ်ပေးနိုင်မှာမဟုတ်ပေမယ့် သွားဘက်ဆိုင်ရာကျွမ်းကျင်သူတွေကတော့ ဒီနည်းလမ်းဟာ သွားပိုးပေါက်ဖြစ်ခြင်းကို ၈၀%ထိလျှော့ချပေးနိုင်ပြီး ၄နှစ်နဲ့အထက်ကြာတဲ့အချိန်မှာတောင် ၆၀%လောက်ကာကွယ်ပေးနိုင်တာကြောင့် ဒီနည်းလမ်းကို အထူးသဖြင့် အားပေးကြပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement