backup og meta

ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ

    ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ ဆိုတာကို သိချင်နေပြီလား! ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

    ပန်းနာရင်ကျပ် (Asthma)

    ပန်းနာရင်ကျပ်ဆိုတာကလေပြွန်ကျဉ်းမြောင်း၊ရောင်ရမ်းပြီး ချွဲသလိပ်တွေအများကြီးဖြစ်နေတဲ့ အခြေအနေတစ်ရပ်ပါ။ ဒီအခြေအနေက အသက်ရှုရခက်စေပြီးချောင်းဆိုးတာ၊ အသက်ရှုပြတ်တောင်းပြတ်တောင်းဖြစ်တာ နဲ့ အသက်ရှုတဲ့အခါ တရွှီရွှီမြည်တာမျိုးတွေဖြစ်နိုင်ပါတယ်။

    ပန်းနာရင်ကျပ်ရောဂါက အချို့သူတွေအတွက်တော့ အသေးစားကျန်းမာရေးပြဿနာလို့ ဆိုနိုင်ပေမယ့် အချို့သူတွေအတွက်ကတော့နေ့စဉ်လုပ်ဆောင်မှုတွေကိုပါထိခိုက်တဲ့အထိဖြစ်စေနိုင်သလို အသက်အန္တရာယ်ကိုပါဖြစ်စေနိုင်ပါတယ်။

    ပန်းနာရင်ကျပ်ရောဂါကို အမြစ်ပြတ်ပျောက်ကင်းသွားအောင် မကုသနိုင်ပေမယ့်ရောဂါလက္ခဏာတွေကိုတော့ ထိန်းချုပ်လို့ရပါတယ်။ ပန်းနာရင်ကျပ်ရောဂါရဲ့ လက္ခဏာတွေဖြစ်ပေါ်ပုံက တစ်ချိန်နဲ့တစ်ချိန်မတူနိုင်ပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့ပြသပြီး သင့်တော်တဲ့ ကုသမှုကိုခံယူနိုင်ဖို့ကအရေးကြီးပါတယ်။သေချာဂရုစိုက်နေထိုင်မယ်ဆိုရင် ပန်းနာရင်ကျပ်ဝေဒနာသည်တွေကလည်း သာမန်လူတွေလိုပဲ ကျန်းကျန်းမာမာနေထိုင်မှာပါ။

    ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ

    ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ ဆိုတာကို ဆက်ကြည့်လိုက် ပါဦးနော်။

    ပန်းနာရင်ကျပ်ဝေဒနာရဲ့ လက္ခဏာတွေက

    ပန်းနာရင်ကျပ်ရောဂါ လက္ခဏာတွေက လူတစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ ဒါပေမယ့် ပန်းနာရင်ကျပ်ဝေဒနာခံစားနေရသူတွေမှာ အခုလိုလက္ခဏာတွေကတော့ပြသနိုင်ပါတယ်။

  • အသက်ရှုတာပြတ်တောင်းပြတ်တောင်းဖြစ်မယ်
  • ရင်ဘတ်ထဲက တင်းတင်းကျပ်ကျပ်ကြီးဖြစ်နေမယ်
  • ရင်ဘတ်အောင့်မယ်
  • အသက်ရှုတစ်ချက်တစ်ချက်ရပ်သွားတာကြောင့်ကောင်းကောင်းအိပ်မပျော်တာမျိုးဖြစ်မယ်
  • အသက်ရှုတဲ့အခါ တရွှီရွှီမြည်နေမယ်
  • အအေးမိတာ၊ တုပ်ကွေးဖြစ်တဲ့အခါချောင်းဆိုးတာက အခြားသူတွေထက် ပိုဆိုးမယ်
  • အသက်ရှုလမ်းကြောင်းပိုးဝင်တဲ့အခါ ပုံမှန်ထက်ပိုပြီး ပြင်းပြင်းထန်ထန်ခံစားရတာ
  • အသက်ရှုရခက်လာတာ
  • ပန်းနာရင်ကျပ် အမျိုးအစားတွေက

    ပန်းနာရင်ကျပ်ဝေဒနာရှိကြတာချင်းတူပေမယ့်ရောဂါကို စတင်ဖြစ်ပေါ်စေတဲ့ အခြေအနေချင်းတော့မတူပါဘူး။

    Exercise-induced asthma(လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကျပ်ရောဂါ) – ပတ်ဝန်းကျင်လေထုကအေးမြခြောက်သွေ့တဲ့အခါ ပိုဆိုးနိုင်ပါတယ်။

    Occupational asthma ( လုပ်ငန်းခွင်အခြေအနေကြောင့်ဖြစ်သောပန်းနာရင်ကျပ်ရောဂါ)- အလုပ်ခွင်မှာနေ့စဉ်ထိတွေ့နေရတဲ့ ဓါတ်မတည့်မှုဖြစ်စေတဲ့ ပစ္စည်းတွေ၊ အနံ့တွေ၊ သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ ဖုန်မှုန့်တွေနဲ့ထိတွေ့မှုကြောင့်ဖြစ်နိုင်ပါတယ်။

    Allergy-induced asthma (ဓါတ်မတည့်တဲ့အရာတွေကြာင့်ဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါ) –လေထုထဲမှာပါလာတဲ့ ဓါတ်မတည့်တဲ့ပစ္စည်းတွေ – ဝတ်မှုန်၊ ဖုန်မှုန့်တွေ နဲ့တိရစ္ဆာန်အမွှေးတွေနဲ့ ထိတွေ့မှုကနေတဆင့် ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ပါတယ်။

    ပန်းနာရင်ကျပ်ရှိရင်ဆောင်ရရှောင်ရမယ့် အစားအစာတွေက

    အစာလည်းဆေး၊ဆေးလည်းအစာဆိုတဲ့စကားအတိုင်း ပန်းနာရင်ကျင်ရောဂါရှိသူတွေအနေနဲ့ အစားအသောက်ကို ဂရုတစိုက် စားသုံးမယ်ဆိုရင်လည်းရောဂါဝေဒနာကနေ သက်သာမှာ အသေအချာပါ။

    စားသုံးပေးသင့်တဲ့ အစားအစာတွေက –

    • Carotenoid ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ ဘယ်ရီသီး၊ ကန်စွန်းဥ၊ မုန်လာဥနီ နဲ့ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းရွက်တွေ
    • Folate ပါဝင်မှုများတဲ့အစားအသောက်တွေဖြစ်ကြတဲ့ အစိမ်းရောင် ဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ အခွံမာသီးအမျိုးမျိုး
    • ဗီတာမင် C ကြွယ်ဝတဲ့အစားအစာတွေဖြစ်ကြတဲ့ အချဉ်ဓါတ်ရှိတဲ့ အသီးတွေ၊ ဘယ်ရီသီးတွေ၊ အစိမ်းရောင်အရွက်တွေ
    • ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ကြတဲ့ အခွံမာသီးတွေ၊ အစေ့အဆန်တွေ၊ ဟင်းသီးဟင်းရွက်ဆီတွေ
    • မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်ကြတဲ့ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆန်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ကိုးကိုးစေ့
    • ပန်းဂေါ်ဖီ၊ဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း လိုမျိုး အစားအစာတွေ
    • ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အစားအစာတွေဖြစ်ကြတဲ့ ကြက်သွန်ဖြူ။ ကြက်သွန်နီ၊ မုန်ညှင်းစေ့
    • နို့နဲ့နို့ထွက်ပစ္စည်းတွေ
    • အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ
    • Omega – 3 ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေနဲ့ ဗီတာမင် B5 ပါဝင်တဲ့အစားအစာတွေကို စားသုံးပေးလို့ရပါတယ်။

    ပန်းနာရင်ကျပ်ရှိရင်ဒါတွေကိုရှောင်ပါ

    ကြော်ထားတဲ့အစားအစာတွေ၊ အဆီများတဲ့အစားအစာ။ အချိုကဲတဲ့အစားအစာ၊ အသင့်စားအစာအစာတွေ၊ပြုပြင်ထားတဲ့ အသားတွေ၊ တာရှည်ခံဆေးတွေ၊ မှိုသတ်ဆေး နဲ့ ဓါတုဗေဒဆိုးဆေးပါဝင်နေတဲ့ အစားအစာတွေ၊ စားအုန်းဆီပါဝင်ပြုလုပ်ထားတဲ့ အစားအစာတွေကိုတော့ မစားဖို့ပြောပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement