ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကိုယ်ခန္ဓာမှာ ရှိသင့်ရှိထိုက်တဲ့ ကျားဟော်မုန်းပမာဏတစ်ခုရှိပါတယ်။ ဒီပမာဏထက် နည်းသွားတဲ့အခါဖြစ်စေ၊ များလွန်းနေတဲ့အခါဖြစ်စေ ဟော်မုန်းမျှခြေပျက်စီးခြင်း (Hormone Imbalance) လို့ ခေါ်ပါတယ်။ ဒီလို ဟော်မုန်းပမာဏတွေ ကမောက်ကမဖြစ်လာတဲ့အခါ အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒလျော့နည်းလာမယ်။ လိင်တံနဲ့ ဝှေးစေ့အရွယ်အစား အနည်းငယ်သေးသွားမယ်။ လိင်တံမထောင်မတ်နိုင်ခြင်း၊ ပန်းသေပန်းညှိုးဖြစ်ခြင်း၊ သုက်လွှတ်မြန်ခြင်း၊ ကြွက်သားထုနည်းသွားပြီး ပိန်လှီလာခြင်း၊ အဆီတက်ပြီး အဝလွန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်အာရုံစုစည်းမရခြင်းတို့ ဖြစ်တတ်ပါတယ်။
ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြသဖို့လိုအပ်လာပြီလဲ။
အထက်မှာ ပြောပြခဲ့တဲ့ လက္ခဏာတွေ တော်တော်များများကို တွေ့ရတယ်၊ ဒီလက္ခဏာတွေကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ စိတ်ကျန်းမာရေး၊ လုပ်ငန်းခွင်နဲ့ လိင်မှုကိစ္စမှာ အခက်အခဲတွေ ဖြစ်လာပြီဆိုရင် ဆေးရုံ၊ ဆေးခန်းတွေမှာ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ လူနာရဲ့ စိတ်နဲ့ ခန္ဓာကျန်းမာရေး၊ စားသောက်နေထိုင်မှုပုံစံ၊ အာဟာရမျှတမှုရှိမရှိ၊ ရောဂါတွေ၊ သောက်နေတဲ့ ဆေးဝါးတွေအကြောင်းကို အရင်ဆုံးမေးမြန်းမှာ ဖြစ်ပါတယ်။ လိုအပ်ရင် လူနာရဲ့ လိင်အင်္ဂါကို စစ်ဆေးပြီး ကျားဟော်မုန်းပမာဏကို စစ်ဆေးမှာ ဖြစ်ပါတယ်။
ကျားဟော်မုန်းပမာဏက အမျိုးသားတစ်ယောက်အတွက် သတ်မှတ်ထားတဲ့ ပမာဏ (300-1000 ng/dL) အောက် အလွန်နည်းနေတယ်ဆိုတဲ့ ဆေးစစ်ချက်အဖြေ ထွက်လာပြီဆိုမှသာ ကျားဟော်မုန်းအစားထိုးကုထုံးဖြင့် စတင်ကုသမှုခံယူဖို့ အကြံပေးမှာဖြစ်ပါတယ်။ ဒီကုထုံးတွေမှာ
• ကျားဟော်မုန်း ဂျယ်လ်လိမ်းခြင်း
• ကျားဟော်မုန်းဆေးရည် ကပ်ခွာကပ်ခြင်း
• ကျားဟော်မုန်း ဆေးရည်ထိုးသွင်းခြင်း ကုထုံးတွေ ပါဝင်ပါတယ်။
ဒီကုထုံးတွေမှာ ဂျယ်လ်လိမ်းခြင်းနဲ့ ကပ်ခွာကပ်ခြင်းတို့သည် အန္တရာယ်အကင်းဆုံးလို့ ယူဆလို့ရပြီး ဆေးရည်ထိုးသွင်းတဲ့ကုထုံးကတော့ အနည်းငယ် ဘေးထွက်ဆိုးကျိုးရှိနိုင်တဲ့အတွက် ဒီနေ့ဆောင်းပါးမှာ ဒီကုထုံးနဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။