COVID-19 နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 16, 2020 . 2 mins read
Share now

ကိုဗစ်က ဒုတိယတစ်ကျော့ ဖြစ်ပွားနေတာ​ကြောင့် ကိုယ်တိုင်ကနေစပြီး ကာကွယ်ဖို့ လိုပါမယ်။ ကာကွယ်တယ်ဆိုတဲ့နေရာမှာ စနစ်တကျ သေချာ သိရှိကာကွယ်မှလည်း ထိရောက်မှုရှိမှာပါ။ ဒီတော့ ကိုဗစ်ကို သေချာ ကာကွယ်ဖို့ ဇဝေဇဝါ ဖြစ်နေနိုင်တဲ့ အချက်လေးတွေကို ဒီဆောင်းပါးလေးကနေ ဖြေပေးသွားပါမယ်။

ကိုဗစ်နဲ့ ပတ်သက်ပြီး ဇဝေဇဝါဖြစ်နေနိုင်တဲ့ အချက်များ

ကိုဗစ်က သေချာ ကာကွယ်ရင် ကြောက်ဖို့ မလိုပေမယ့် တစ်ဦးတစ်ယောက်ချင်းစီက စည်းကမ်းရှိရှိနဲ့ သေချာ သိရှိ ကာကွယ်ဖို့ လိုပါမယ်။

(၁) ကိုဗစ်က သေစေနိုင်လား.…….

လူအများစုမှာတော့ ကိုဗစ် ကူးစက်ခံရတဲ့အခါ သာမန် ဖျားနာသလို အဖျားငွေ့ငွေ့လေး ဖြစ်နိုင်တယ်ဆိုပေမယ့် အချို့သူတွေမှာတော့ ပြင်းထန်နိုင်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။

အဆိုးဆုံး အဆင့်ကတော့ သေစေနိုင်တာပါ။ ကိုယ်ခံအားနည်းသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ရောဂါအခံရှိသူတွေက စိုးရိမ်ရမယ့် သူတွေပါ။

(၂) ခေါင်းကိုက်တာက ကိုဗစ် လက္ခဏာလား……………

ကိုဗစ် ဗိုင်းရပ်စ်က ရောဂါ လက္ခဏာ အမျိုးမျိုးခံစားရစေနိုင်ပါတယ်။ ဖျားနာမှုကနေ အဆုတ်ရောင်တာအထိပေါ့။ အဖျားရှိတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာတွေကလည်း ကိုဗစ်ရဲ့ လက္ခဏာတွေထဲက လက္ခဏာအချို့ပေါ့။

(၃) ကိုဗစ်က အစားအသောက်​တွေကနေ  ကူးစက်နိုင်လား……….

ကိုဗစ်က အသက်ရှူလမ်းကြောင်းကို ထိခိုက်စေတဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ လူအချင်းချင်း ထိတွေ့မှုကနေတဆင့် ကူးစက်ပါတယ်။ အစားအသောက်တွေ စားသောက်ရာကနေ ကူးနိုင်တယ်ဆိုတဲ့ အထောက်အထားတွေတော့ မတွေ့ရှိရသေးပါဘူး။

(၄) ကိုဗစ်ဖြစ်ရင် နာလန်ထချိန် ဘယ်လောက် ကြာသလဲ……….

ကိုဗစ် ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါ သိပ်မဆိုးရင် ၂ ပတ်လောက်အတွင်း ပြန်သက်သာလာနိုင်ပါတယ်။ ဒါပေမယ့် ပြင်းထန်မယ်၊ ရောဂါ အခံရှိမယ်ဆိုရင်တော့ ၃ ပတ် ကနေ ၆ ပတ်လောက်ကြာမှ ပြန်လည် နာလန်ထနိုင်မှာပါ။

(၅) ရေများများသောက်တာက ကိုဗစ်ဗိုင်းရပ်စ်ကို ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပစ်စေနိုင်လား…………

ရေများများ သောက်တာက ကျန်းမာရေးအတွက် ကောင်းတယ်။ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တယ်။ ဒီလိုဆိုပေမယ့် ရေများများသောက်တာက ကိုယ်တွင်းမှာ ဝင်ရောက် ကူးစက်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကို ခန္ဓာကိုယ် ပြင်ပကို မစွန့်ထုတ်ပေးနိုင်ပါဘူး။

(၆) အရက်က Covid-19 ​ဗိုင်းရပ်စ်ကို သေစေနိုင်လား………..

အရက် သောက်သုံးတာက ကိုဗစ်ဗိုင်းရပ်စ်ကို မသေစေနိုင်ပါဘူး။ ကျန်းမာရေးကို ပိုထိခိုက်စေနိုင်တာပါ။ အခန့်မသင့်ရင် ကိုယ်ခံအားနည်းပြီး ကိုဗစ် ကူးခံရနိုင်ခြေတောင် ပိုများပါဦးမယ်။

(၇) ရာသီဥတု ပူရင် ကိုဗစ် မကူးတော့ဘူးလား…………

ကိုဗစ် ကူးစက်မှုက ရာသီဥတုနဲ့ မဆိုင်ပါဘူး။ ရာသီဥတု အေးမြခြောက်သွေ့လည်း ကူးစက်နိုင်သလို ပူနွေးစိုစွတ်လည်း ကူးစက်နိုင်ပါတယ်။ ကိုဗစ်က နေရောင်ကို ကြောက်တယ်ဆိုကြပေမယ့် ရာသီဥတု ပူလည်း ကိုဗစ်ကတော့ ကူးမှာပါပဲ။

(၈) မိခင်နို့ရည်ကနေ ကိုဗစ် ကူးစက်နိုင်လား………

မိခင်နို့ရည်ကနေ ကိုဗစ် မကူးစက်နိုင်ပါဘူး။ ဒါပေမယ့် မေမေက ကိုဗစ်ရှိမယ် ကလေးကို နို့ချိုတိုက်ချင်တယ်ဆိုရင် နှာခေါင်းစည်းတပ်၊ လက်သေချာဆေးပြီး တိုက်လို့ရပါတယ်။

ကိုဗစ်ကို သေချာ ကာကွယ်ပါ

ကိုဗစ်ကို ကာကွယ်ဖို့က လူတိုင်းမှာ တာဝန်ရှိပါတယ်။

  • အပြင်က ပြန်လာတိုင်း၊ တစ်ခုခုကို ကိုင်တွယ် ထိတွေ့ပြီးတိုင်း လက်ဆေးပါ
  • အပြင်သွားရင် မတ်ခ်တပ်ပါ
  • မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့။
  • လူစုလူဝေး ရှောင်ရှားပါ။
  • အိပ်ရေးဝဝ အိပ်ပါ။
  • အာဟာရ ပြည့်ဝအောင် စားပါ။
COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

Eye Sunburn နေပူရှိန်ပြင်းပြင်းထဲ အချိန်အကြာကြီး ရပ်နေမိရင် မျက်လုံးတွေ ပြာဝေပြီး မူးသလိုလို မော်သလိုလို ဖြစ်လာတာကို Eye Sunburn လို့ ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိုးရိမ်ပူပန်စိတ် ကြောင့် အိပ်ရေးပျက်ညတွေ များနေရင် ဒီနည်းလေးတွေ သုံးကြည့်ပါ

ခုရက်ပိုင်း လူအတော်များများ အိပ်ရေးတွေပျက်တာတွေ စိုးရိမ်ပူပန်စရာတွေ မကြာခန ကြုံနေရကြရတယ်။ စိုးရိမ်ပူပန်စိတ် ကြောင့် အိပ်ရေးပျက်ညတွေများလာနေတဲ့ သဘောမျိုးပေါ့

ရေးသားသူ Ye Zon Aung

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
nose-and-eye-allergy နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်ခြင်း

နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read