ကိုဗစ်ကာကွယ်ဆေး တွေကို အုပ်စုခွဲပြီး စထိုးနေပြီဆိုတော့ မကြာခင် ကိုယ့်အလှည့်ရောက်လာတော့မှာပါ။ ကိုယ့်အလှည့်မဟုတ်တောင် အိမ်က လူကြီးတွေကတော့ ဦးစားပေး လူအုပ်စုမှာ ပါနိုင်တဲ့အတွက် သူတို့အရင်ထိုးရမှာပါ။ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ကောလာဟလတွေကလည်း ကြားထားတော့ ကာကွယ်ဆေးထိုးဖို့ ကြောက်နေတာတွေ၊ ထိုးချင်ပေမယ့် စိုးရိမ်နေတာတွေ ရှိမှာပါ။