backup og meta

သွေးကျဲဆေးသောက်နေရသူတွေ ဂရုစိုက်သင့်တဲ့ နေထိုင်မှုပုံစံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 30/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးကျဲဆေးသောက်နေရသူတွေ ဂရုစိုက်သင့်တဲ့ နေထိုင်မှုပုံစံ

    သွေးကျဲဆေးက လူတိုင်းသောက်ရတာတော့ မဟုတ်ပေမယ့် ကျန်းမာရေး အခြေအနေတစ်ခုခုကြောင့် သွေးကျဲဆေးသောက်နေရတယ် ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေတာမျိုး မဖြစ်စေဖို့ ဘယ်လိုနေထိုင်ရပါ့မလဲ တွေးရခက်ပြီး စိုးရိမ်နေပြီလား။ ဒါဆိုသွေးကျဲဆေးကို အန္တရာယ်ကင်းကင်း သောက်နိုင်စေဖို့ သတိထားသင့်တဲ့ အချက်လေးတွေကို ဒီဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။

    ဘာ​ကြောင့် သွေးကျဲဆေး သောက်ရတာလဲ………….

    နှစ်စဉ် သွေးကျဲဆေးသောက်နေရသူတွေ အရေအတွက်က ၂ သန်း ကနေ ၃ သန်းလောက်အထိရှိနေပါတယ်။ ကျန်းမာနေတဲ့ လူတစ်ယောက်အနေနဲ့ကတော့ သွေးကျဲဆေးသောက်ဖို့ မလိုဘူးပေါ့။ ဒါပေမယ့်

    • ရုတ်ရက်နှလုံးရပ်တဲ့ ဝေဒနာ ခံစားရဖူးမယ်
    • လေဖြတ်ခဲ့ဖူးမယ်
    • နှလုံးသွေး​ကြောကျဉ်းရောဂါ ရှိမယ်
    • နှလုံးရောဂါ ရှိမယ်
    • နှလုံးစည်းချက်မမှန်တာမျိုး ခံစားနေရမယ်
    • သွေး​ကြောပိတ်ဆို့မှု ဖြစ်ဖူးတယ်
    • အဝလွန်နေတာကြောင့် သွေးကြောပိတ်ဆို့နိုင်ခြေ များနေမယ်
    • မကြာသေးခင်က ခွဲစိတ်မှု လုပ်ခဲ့ဖူးမယ်
    • နှလုံးအဆို့ရှင် အစားထိုးကုသတာမျိုး ခံယူခဲ့ဖူးမယ် ဆိုရင် သွေးကျဲဆေးသောက်ဖို့ လိုပါမယ်။ ကာလအပိုင်းအခြားနဲ့ သောက်ရတာ ရှိသလို အချိန်ကြာမြင့်စွာ စွဲသောက်ရတာမျိုးလည်း ရှိနိုင်ပါတယ်။ သွေးကျဲဆေးသောက်နေချိန်မှာ နေ့စဉ် ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ထိခိုက်မှုမရှိစေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်တာ အဆင်ပြေစေမှာပါ။

    သွေးကျဲဆေး သောက်နေချိန်မှာ နေ့စဉ် ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်စေဖို့

    သွေးကျဲဆေးသောက်နေရသူတွေ အနေနဲ့သွေးကျဲဆေးသောက်နေရချိန်မှာ ကျန်းမာနေစေဖို့ဆိုရင်

    သွေးကျဲဆေးသောက်နေရချိန်မှာ ဗီတာမင် K အများကြီး စားလို့မဖြစ်ပါဘူး။ ဒါကြောင့် သွေးကျဲဆေးသောက်နေရချိန်မှာ ဗီတာမင် K ကြွယ်ဝတဲ့ ဆလတ်ရွက်၊ ဟင်းနုနွယ်၊ မုန်ညှင်းဖြူထုပ်တွေကို နည်းနည်းလောက်ပဲ စားပေးပါ။

    သွားတိုက်တဲ့အခါ ကြမ်းကြမ်းတမ်းတမ်း တိုက်တာမျိုးမလုပ်ပါနဲ့။ သွားပွတ်တံကို ခပ်ပျော့ပျော့လေးပဲ ရွေးချယ်ပါ။ သွားပွတ်ကြိုး သုံးတဲ့အခါ သွားဖုံး ထိခိုက်မှုနည်းစေဖို့ သတိပြုပါ။

  • ထိခိုက်မှု မဖြစ်စေဖို့ သတိထားပါ
  • ထိခိုက်မိတဲ့အခါ သွေးကျဲဆေးသောက်ထားတဲ့သူတွေက အခြားသူတွေထက် သွေးပိုထွက်နိုင်သလို သွေးတိတ်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ထိခိုက်မှုမဖြစ်စေဖို့ တတ်နိုင်သမျှ ဂရုစိုက်စေချင်ပါတယ်။

  • သွေးကျဲဆေး သောက်တာကြောင့် ဒါတွေဖြစ်နိုင်တယ်ဆိုတာ သတိရပါ
  • သွေးကျဲဆေးက သွေးထွက်တာ။ သွေးမတိတ်တာတင် ဖြစ်စေတာ မဟုတ်ပါဘူး။ အခြား ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ မအီမသာဖြစ်တာ၊ သွေးဆဲလ်အရေအတွက် နည်းတာမျိုး ဖြစ်စေနိုင်ပါသေးတယ်။ သွေးဆဲလ်အရေအတွက် နည်းတာက ပင်ပန်းလွယ်တာ၊ မအီမသာဖြစ်တာ၊ အားနည်းတာ၊ မူးဝေတာ၊ အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်းဖြစ်တာမျိုးတွေ ဖြစ်စေနိုင်ပါသေးတယ်။

    • ဆေးတွေ ရောမသောက်မိစေဖို့ သတိပြုပါ

    သွေးကျဲဆေးကို ပဋိဇီဝဆေးဝါးတွေ၊ မှိုသတ်ဆေးတွေနဲ့ တွဲမသောက်ပါနဲ့။ ဒါက သွေးကျဲနှုန်းကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ​ကြောင့် ဆေးတစ်ခုခုသောက်ဖို့ ညွှန်တိုင်း သွေးကျဲဆေးသောက်နေရတဲ့အကြောင်းနဲ့ ဆေးကို တွဲသောက်လို့ရ၊ မရ သေချာလေး မေးမြန်းပါ။

    ဆေးကို အချိန်အတိအကျ မမေ့မလျော့သောက်ပါ။ မေ့တတ်ရင် ဖုန်းမှာ alarm ပေးထားစေချင်ပါတယ်။ သွေးကျဲဆေးကို နေ့တိုင်း အချိန်မှန် သောက်ပေးပါ။ ဆေးသောက်ဖို့ မေ့သွားလို့ဆိုပြီး နောက်တစ်ရက်မှာ ၂ လုံးသောက်တာမျိုး မလုပ်ပါနဲ့။ မေ့သွားခဲ့ရင်တောင် သတိရတာနဲ့ ချက်ချင်းသောက်လိုက်ပါ။ နောက်တစ်နေ့အထိ မေ့နေခဲ့မယ်ဆိုရင်တော့ ဆေးမသောက်ခင် ဆရာဝန်ကို အရင်မေးမြန်းပြီး ဆရာဝန်ညွှန်တဲ့အတိုင်း လိုက်နာလုပ်ဆောင်ပါ။

    သွေးကျဲဆေး သောက်နေရချိန်မှာ ကိုယ်တွင်း သွေးယိုစီးမှု ရှိနေလားဆိုတာ သေချာ စစ်ဆေးပါ။ သွေးယိုစီးမှုက သိပ်မပြင်းထန်တဲ့အခါ ခြေကုန်လက်ပမ်းကျတာ၊ အသက်ရှူတာ ပြတ်တောင်းပြတ်တောင်းဖြစ်တာ၊ အသားအရောင်ဖျော့တော့တာ၊ အသားမည်းတာ၊ ဝမ်းအမည်းရောင်တွေ သွားတာလိုမျိုး ခံစားရနိုင်ပါတယ်။

    ကိုယ်တွင်းသွေးယိုစီးမှုက ပြင်းထန်မယ်ဆိုရင်တော့ လေဖြတ်သလို လက္ခဏာတွေ ခံစားရတာ၊ ဗိုက်အောင့်တာ၊ နောက်ကျောတွေအောင့်တာ လိုမျိုး ဝေဒနာတွေ ခံစားရနိုင်ပါတယ်။

    အသည်းက အယ်လ်ကိုဟောကိုရော သောက်သုံးလိုက်တဲ့ ဆေးဝါးတွေကိုပါ တာဝန်ယူ ဖြေရှင်းနေရတာပါ။ အယ်လ်ကိုဟော သောက်လိုက်တာကြောင့် အသည်းက ဆေးကို တာဝန်ယူမဖြေရှင်းနိုင်ဘဲ အယ်လ်ကိုဟောကို တာဝန်ယူ ဖြေရှင်းမယ်ဆိုရင် ခန္ဓာကိုယ်မှာ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 30/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement