ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘာတွေ ခံစားရနိုင်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
Share now

အခုထိဆို ကိုဗစ်ရောဂါ ဖြစ်ပွားနေတာ တစ်နှစ်ကျော်လာ ခဲ့ပါပြီ။ ဒါပေမယ့် အခုထိ ကမ္ဘာ အရပ်ရပ်မှာ ကိုဗစ်က ဖြစ်ပွားနေဆဲ ဖြစ်သလို သေဆုံးမှုတွေကလည်း ရှိနေဆဲပါ။ ကိုဗစ် ဖြစ်ပွားနေမှုနဲ့အတူ ကိုဗစ်ကာကွယ်ဆေး အပါအဝင် ကိုဗစ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကိုလည်း အပတ်တကုပ် ရှာဖွေမှုတွေ လုပ်နေကြပါတယ်။

ဒီရှာဖွေမှုတွေ၊ ကြိုးပမ်းမှုတွေရဲ့ ရလဒ်အနေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေကလည်း ကမ္ဘာ့နိုင်ငံ အချို့မှာ ထွက်ပေါ်လာခဲ့ပါတယ်။ စတင် ထိုးနှံမှုတွေကိုလည်း လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။

ဒီတော့ လူတိုင်း သိချင်နေလောက်မယ့် ကာကွယ်ဆေး ထိုးနှံမှုနဲ့ ပတ်သက်တဲ့ အချက်လေးတွေကို ဒီဆောင်းပါးလေး ကနေတဆင့် ပြောပြပေးသွား ပါမယ်။

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ

ကိုဗစ်ကို ကာကွယ်ဖို့အတွက် ကိုဗစ် ကာကွယ်ဆေးထိုးပြီးတဲ့အခါ

ကာကွယ်ဆေးထိုးပြီးရင် ဘာတွေ ခံစားရနိုင်လဲ…..

ကိုဗစ် ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာလည်း တုပ်ကွေးကာကွယ်ဆေး အပါအဝင် အခြားကာကွယ်ဆေးတွေ ထိုးပြီးတဲ့အခါ ခံစားရသလို

ဆေးထိုးထားတဲ့နေရာမှာ

  • နာတာ
  • အဖုထတာ
  • ရောင်ရမ်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါတွေကပုံမှန် ဖြစ်နိုင်တဲ့ လက္ခဏာတွေပါ။

ဒီလက္ခဏာတွေ သက်သာစေဖို့အတွက်

  • ဆေးထိုးထားတဲ့နေရာကို ရေအေးဝတ်စသန့်သန့်လေး ကပ်ပေးတာ
  • ရေခဲဝတ်ကပ်ပေးတာ
  • လက်မောင်းလေ့ကျင့်ခန်းလုပ်တာတွေ လုပ်လို့ ရပါတယ်။ တကယ်လို့ ဒီလက္ခဏာတွေက ၂၄ နာရီကြာတဲ့အထိ ဆေးထိုးတဲ့နေရာက နာတာ၊ ရောင်တာမပျောက်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့လိုပါမယ်။

ဖျားတာ၊ ပင်ပန်းတာတွေကို သက်သာစေဖို့ဆိုရင်

  • သောက်ရေ အပါအဝင် အရည် များများ သောက်တာ
  • အနားယူတာ
  • ချည်သား ပွပွချောင်ချောင်လေတွေ ဝတ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ တကယ်လို့ ဒီလက္ခဏာတွေက ရက်အနည်းငယ် ကြာတဲ့အထိ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့လိုပါမယ်။

ရောဂါဖြစ်ပြီးသူရော ထိုးလို့ရမလား……….

ကိုဗစ် ကူးစက်ပြီးသွားပြီဆိုရင် ကာကွယ်ဆေး ထိုးဖို့ မလိုတော့လောက်ဘူးလို့ ယူဆသူတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုဗစ်က ရောဂါဖြစ်ပြီးသူတွေမှာ antibody ထွက်နေတဲ့ ၆ လအတွင်း ကူးစက်ခံရနိုင်ခြေ နည်းပေမယ့်။ ကိုဗစ်က ထပ်မံ ကူးစက်နိုင်တဲ့ ရောဂါ ဖြစ်တာကြောင့် ရောဂါ ဖြစ်ပြီးရင်တောင် ကာကွယ်ဆေး ထိုးဖို့က လိုပါဦးမယ်။

ကိုဗစ်ကာကွယ်ဆေး ထိုးလိုက်ရင် ကိုဗစ် ဖြစ်သွားမှာလား……….

ကိုဗစ် ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ကိုဗစ် မဖြစ်ပါဘူး။ အကြောင်းကတော့ ကာကွယ်ဆေး ထုတ်ဖို့သုံးထားတဲ့ ပိုးတွေက သေပြီးသား ဒါမှမဟုတ် အားပျော့နေတဲ့ ဗိုင်းရပ်စ်ကို အသုံးပြုတာကြောင့်ပါ။

ကိုဗစ် ကာကွယ်ဆေးက messenger RNA (mRNA) ကို အသုံးပြုထားတဲ့ ကာကွယ်ဆေးပါ။  ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ် ဝင်ရောက်လာတဲ့ ပုံစံတူ ဖန်တီးပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ဖွံ့ဖြိုးလာအောင် လုပ်တဲ့နည်းကို သုံးထားတာပါ။ ဒါကြောင့် ကာကွယ်ဆေးထိုးလိုက်လို့ ကိုဗစ် မဖြစ်ပါဘူး။

ကာကွယ်ဆေးက တစ်ကြိမ်ထိုးရုံနဲ့ လုံလောက်မလား………

ကာကွယ်ဆေးက

  • Pfizer-BioNTech ဆိုရင် ၂ ကြိမ်ထိုးရမှာဖြစ်ပြီး ပထမတစ်ကြိမ် ထိုးပြီး ၃ ပတ် ဒါမှမဟုတ် ၂၁ ရက်ကြာရင် နောက်တစ်ကြိမ် ထိုးရပါမယ်။
  • Moderna ဆိုရင်လည်း ၂ ကြိမ် ထိုးရမှာ ဖြစ်ပြီး ပထမတစ်ကြိမ် ထိုးပြီး ၁ လ ဒါမှမဟုတ် ၂၈ ရက်ကြာရင် နောက်တစ်ကြိမ် ထိုးရပါမယ်။

ဘယ်သူတွေ ကိုဗစ်ကာကွယ်ဆေး မထိုးသင့်ဘူးလဲ………..

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ

ကိုဗစ် ကာကွယ်ဆေးကို အခုလို အခြေအနေရှိသူတွေ မထိုးသင့်ပါဘူး။

  • ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှု ခံယူထားသူတွေ
  • ကာကွယ်ဆေးနဲ့ ဓာတ်မတည့် ဖြစ်သူတွေ
  • ကိုယ်ဝန်ဆောင် မိခင်တွေ
  • နို့တိုက် မိခင်တွေ
  • ကလေးငယ်တွေ
  • အသက် ၁၈ နှစ် အောက်တွေ
  • နာတာရှည်ရောဂါ ခံစားနေရသူတွေ
  • ကိုဗစ်ရောဂါ လက္ခဏာ ခံစားနေရသူတွေ( လောလောဆယ်မှာ ကိုဗစ် ကူးစက်ခံထားရတယ်ဆိုရင် ရက်သတ္တပတ် ၄ ပတ် ကြာပြီးနောက်မှ ရောဂါလက္ခဏာတွေ ခံစားရတာ မရှိဘူး။ အဖျားလည်း သက်သာပြီဆိုမှ ဆေးထိုးဖို့ လုပ်ဆောင်ရပါမယ်။

အခု ပြောခဲ့တဲ့ အခြေအနေရှိသူတွေဟာ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ကာကွယ်ဆေးထိုးသင့်ပါတယ်။

ကာကွယ်ဆေး ထိုးပြီးသည့်တိုင် လိုက်နာရမယ့် ကိုဗစ် ကာကွယ်ရေး လုပ်ငန်းစဉ်တွေ ဖြစ်တဲ့ လက်ဆေးတာ၊ အပြင်သွားတဲ့အခါ ပါးစပ် နဲ့ နှာခေါင်းစည်း တပ်ဆင်တာတွေကို ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒီ အချက်တွေအပြင် လူစုလူဝေး ရှောင်ရှားတာ၊ အာဟာရ ပြည့်ဝအောင် စားသောက်တာ၊ အိပ်ရေးဝဝ အိပ်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။

ဒါမှ ကိုယ်တိုင်ကိုရော မိသားစုဝင်နေတဲ့ အနီးဝန်းကျင်က သူတွေကိုပါ ကိုယ့်ကြောင့် ကိုဗစ် မကူးစက်နိုင်အောင် အထိရောက်ဆုံး ကာကွယ်နိုင်မှာဖြစ်ပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကင်ဆာပြန်မဖြစ် အောင် ဘယ်လို ဆင်ခြင်နေထိုင်သင့်သလဲ

ကင်ဆာပြန်မဖြစ် အောင် ကာကွယ်လို့ ရလား။ ကင်ဆာပြန်မဖြစ်စေဖို့ ဘယ်လို စားသောက်နေထိုင်မှု ပုံစံတွေကို လိုက်နာသင့်သလဲဆိုတာ ပြောပြပေးပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကင်ဆာရောဂါများ, အခြားကင်ဆာများ ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

Eye Sunburn နေပူရှိန်ပြင်းပြင်းထဲ အချိန်အကြာကြီး ရပ်နေမိရင် မျက်လုံးတွေ ပြာဝေပြီး မူးသလိုလို မော်သလိုလို ဖြစ်လာတာကို Eye Sunburn လို့ ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

စိုးရိမ်ပူပန်စိတ် ကြောင့် အိပ်ရေးပျက်ညတွေ များနေရင် ဒီနည်းလေးတွေ သုံးကြည့်ပါ

ခုရက်ပိုင်း လူအတော်များများ အိပ်ရေးတွေပျက်တာတွေ စိုးရိမ်ပူပန်စရာတွေ မကြာခန ကြုံနေရကြရတယ်။ စိုးရိမ်ပူပန်စိတ် ကြောင့် အိပ်ရေးပျက်ညတွေများလာနေတဲ့ သဘောမျိုးပေါ့

ရေးသားသူ Ye Zon Aung

ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ဘယ်လေ့ကျင့်ခန်း အမျိုးအစားက ဘယ်လောက် ကယ်လိုရီလောင်ကျွမ်း စေသလဲ ဆိုတာကို သိထားဖို့လိုပါတယ်။ ဒါမှ ကိုယ့်လိုအပ်ချက်ပေါ်မူတည်ပြီး ကစားနိုင်မှာဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read