အင်ဆူလင်ဆိုရင်လည်း မဖောက်ရသေးတဲ့ ပုလင်းအသစ်တွေ၊ penတွေဆို ၂-၈ ဒီဂရီစင်တီဂရိတ် ရေခဲသေတ္တာထဲမှာ ထည့်ရမှာပါ။ ဖောက်ပြီးရင်တော့ အခန်းအပူချိန် ၃၀ဒီဂရီဝန်းကျင်မှာ ထားလို့ရပါတယ်။ ဖောက်ပြီး ၂၈ရက်အတွင်းပဲ သုံးသင့်ပါတယ်။
Leukeran၊ Alkeran၊ Ritonavir၊ VePesid စတဲ့ ဆေးတွေက ရေခဲသေတ္တာထဲမှာ သိမ်းရတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။
ကာကွယ်ဆေးတွေဆိုရင်လည်း ကလေးကာကွယ်ဆေးကစလို့ ကိုဗစ်ကာကွယ်ဆေးအထိ အကုန် Cold chainလိုပါတယ်။ ဖွင့်ပြီးရင် နာရီပိုင်းအတွင်းပဲ သုံးလို့ရပါတယ်။ Cold chain ပျက်ရင် ကာကွယ်ဆေးရဲ့ အာနိသင်ပါ ကျပါတယ်။ ကာကွယ်ဆေးတစ်ခုချင်းစီရဲ့ သိုလှောင်အပူချိန်ကလည်း မတူပါဘူး။ ရေခဲသေတ္တာထဲ ထည့်ရုံနဲ့ မရပါဘူး။ တချို့က ခဲထားရသလို၊ တချို့က ရေခဲမှတ်မှာ သိမ်းရတာ စသဖြင့် အမျိုးမျိုး ရှိပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။