လေ့လာမှု ရလဒ်
ဝါရှင်တန် ဆေးတက္ကသိုလ်က သုတေသီတွေ ဦးဆောင်တဲ့ လေ့လာမှုမှာတော့ ကိုဗစ်ရောဂါ အပျော့စားကို ခံစားရတဲ့သူတွေမှာ ကိုဗစ်ကနေ ပြန်ကျန်းမာလာပြီး လအတော်ကြာတဲ့အထိ ကိုယ်ခံအားဆဲလ်တွေက ကိုဗစ်ဗိုင်းရပ်စ်ကို တုံ့ပြန်တဲ့ antibodies တွေကို ဆက်လက်ထုတ်ပေးနေတာမျိုး ရှိပါတယ်။
လေ့လာမှုတွေအရ အဆိုပါ ဆဲလ်တွေက ဘဝတလျှောက်လုံး ရှိနေပြီး တစ်ချိန်လုံး antibodies ကို ထုတ်ပေးပါတယ်။ ဒီလိုလူတွေမှာ နောက်ထပ် ဖြစ်နိုင်ခြေကလည်း အတော်လေး နည်းပါတယ်။ ဒါပေမယ့် ရောဂါကို တုံ့ပြန်ပြီး သိပ်မကြာခင်မှာပဲ antibodies ပမာဏက ကျဆင်းသွားပါတယ်။
ဒါက ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါ။ ဒီကျဆင်းမှုက ၀ အထိ ကျသွားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ထပ်တော့ ပွားမလာပါဘူး။
လေ့လာမှုတွေအတွင်း တွေ့ရတာကတော့ အကြာဆုံးအနေနဲ့ antibodies က ခန္ဓာကိုယ်ထဲမှာ ၁၁ လ အထိရှိနေတာပါ။ ဒါက အကြာဆုံး အတိုင်းအတာပါ။
ရောဂါပိုး ကူးစက်ခံရပြီးတဲ့အခါ ကိုရိုနာ ဗိုင်းရပ်စ်ကို တုံ့ပြန်ဖို့ antibody ကိုထုတ်လိုက်တဲ့ ကိုယ်ခံအားဆဲလ်တွေက ဗိုင်းရပ်စ်ကို တိုက်ထုတ်ပြီးချိန်မှာ သွေးထဲက antibody ပမာဏက ကျသွားပါတယ်။
အရေအတွက်အားဖြင့် နည်းသွားတဲ့ antibody ထုတ်ပေးတဲ့ ကိုယ်ခံအားဆဲလ်တွေက ရိုးတွင်းခြင်ဆီထဲမှာ ကာလရှည်ကြာ တည်ရှိနေနိုင်တဲ့ Plasma cellsတွေအဖြစ် ပြောင်းသွားပါတယ်။ ပမာဏ နည်းသွားပေမယ့် ဒီလို တည်ရှိမှုကနေတဆင့် ကိုယ်တွင်းကို ရောက်လာတဲ့ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ဖို့ ကူညီပေးပါတယ်။
ကိုယ်ခံအားထဲမှာ antibody က ကာလတစ်ခုအထိ ရှိနေတယ်ဆိုပေမယ့် ကိုဗစ်ကလည်း နောက်ထပ်တစ်ကြိမ် ကူးစက်နိုင်တာမို့ အကောင်းဆုံးကတော့ antibody ထွက်နေလည်း ကိုဗစ်ကူးစက်မှုကို ကာကွယ်ပေးနိုင်မယ့် ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်တာ၊ လူစုလူဝေး ရှောင်ကြဉ်တာ၊ လက်ဆေးတာတွေကို လုပ်ပေးတာကတော့ အကောင်းဆုံးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။