ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးတဲ့အခါ ဆေး နှစ်ကြိမ်လုံး ပြည့်ဖို့ လိုပါမယ်။ အကြောင်းကတော့ ဒုတိယအကြိမ် ထိုးရတဲ့ ကာကွယ်ဆေးက ကိုယ်ခံအားရဲ့ ခုခံနိုင်စွမ်းကို အကောင်းဆုံး မြှင့်တင်ပေးနိုင်လို့ပါ။
အမေရိကန် ပြည်ထောင်စု နဲ့ ယူကေမှာ အများစုက ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ကို မထိုးကြပါဘူး။ ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးတာက ကျန်းမာရေးကို ထိခိုက်စေမှာ စိုးရိမ်တာကြောင့် ဆိုပေမယ့် တကယ်ကတော့ ကာကွယ်ဆေးကို ဒုတိယ အကြိမ် မထိုးတာကမှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေပါ။
အစောပိုင်း လေ့လာမှုတွေအတွင်း ကာကွယ်ဆေးကို တစ်ကြိမ်ပဲ ထိုးသူတွေရဲ့ ကိုယ်ခံအား တုံ့ပြန်မှုနဲ့ နှစ်ကြိမ် ပြည့်အောင် ထိုးနှံထားသူတွေရဲ့ ကိုယ်ခံအား တုံ့ပြန်မှုကို နှိုင်းယှဉ် လေ့လာခဲ့ပါတယ်။
ရလဒ်တွေမှာတော့ ကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးပြီးတဲ့အခါ ခန္ဓာကိုယ်မှာ ဗိုင်းရပ်စ်ကို ခုခံတိုက်ထုတ်ဖို့ antibodies ပမာဏ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါက ဘာကို ပြသလဲဆိုတော့ ကာကွယ်ဆေးကို နှစ်ကြိမ် ထိုးနှံတာက ကာကွယ်ဆေးရဲ့ ထိရောက်နိုင်စွမ်းကို တိုးစေတယ်ဆိုတဲ့ အချက်ကိုပါ။
ကာကွယ်ဆေးကို နှစ်ကြိမ်လုံး ပြည့်အောင်ထိုးတဲ့အခါ
ဆက်လက် လုပ်ဆောင်နေတဲ့ လေ့လာမှုတွေအရကတော့
Pfizer/BioNTech ကာကွယ်ဆေးကို ထိုးနှံသူတွေမှာတော့
- ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီး ၁၂ ရက် (ကိုယ်ခံအားကို အကောင်းဆုံး တုံ့ပြန်နိုင်အောင် တည်ဆောက်ပြီးချိန်) မှာ ကိုဗစ်ကို ၅၂ ရာခိုင်နှုန်း ကာကွယ်နိုင်တာကို တွေ့ရှိခဲ့ရပါတယ်။
- ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးချိန်မှာတော့ ကိုဗစ်ကို ကာကွယ်နိုင်စွမ်းက ၉၅ ရာခိုင်နှုန်းအထိ တက်လာတာကို တွေ့ရှိခဲ့ရပါတယ်။
Oxford/AstraZeneca ကာကွယ်ဆေးကို ထိုးနှံသူတွေမှာတော့
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။