ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 20, 2020 . 2 mins read
Share now

ကိုဗစ် ပိုးတွေ့တဲ့ လူနာ များလာတာမှ အနီးဆုံး ကိုယ့်အိမ်ဘေးနားအထိတောင် ရောက်လာလို့ သောကများနေပြီလား။ ကာကွယ်ဆေးလည်း မပေါ်သေးတဲ့ ကိုဗစ်ကို အကောင်းဆုံး ကကွယ်ပေးနိုင်မှာတော့ မွေးရာပါ ဆုလာဘ်တစ်ခု ဖြစ်တဲ့ ကိုယ်ခံအားပေါ့။

ကိုယ်ခံအား ကောင်းဖို့က ထိုင်ပြောနေရုံနဲ့ မရနိုင်ပါဘူး။ ကိုယ်တိုင်က သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီတော့ အခုလို ကိုဗစ်ကာလမှာ ကိုယ်ခံအားကို ပြည့်ဝ ကောင်းမွန်နေစေဖို့ ဘယ်လို အာဟာရတွေ မှီဝဲသင့်လဲဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားပါမယ်။

ကိုဗစ် ကာလမှာ ကိုယ်ခံအား ပြည့်ဝစေဖို့ မဖြစ်မနေ မှီဝဲသင့်တဲ့ အာဟာရ

ကိုဗစ်ကာလမှာ ကိုယ်ခံအား ပြည့်ဝနေစေဖို့ဆိုရင် ဒီအာဟာရဓာတ်လေးတွေကို ပြည့်ဝအောင် မှီဝဲဖို့ လိုပါမယ်။

ဗီတာမင် A (ဘီတာကယ်လ်ရိုတင်း)

ဗီတာမင် A က အူလမ်းကြောင်းနဲ့ အသက်ရှူလမ်းကြောင်း စနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အစာအာဟာရတွေကို ပြည့်ဝစွာ စုပ်ယူနိုင်စေဖို့ အားဖြည့်ပေးနိုင်သလို ကိုဗစ် အဓိက တိုက်ခိုက်တဲ့ အသက်ရှူလမ်းကြောင်းကိုပါ ကျန်းမာစေမှာပါ။

ဗီတာမင် A ပြည့်ဝစေဖို့ မုန်လာဥနီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်ပွ စတာတွေကို စားပေးဖို့ လိုပါမယ်။

ဗီတာမင် C

ဗီတာမင် C က ကိုယ်ခံအားကို ကောင်းစေတယ်ဆိုတာ လူတိုင်းလိုလို သိထားပြီးသားပါ။ အခုလို ကာလမှာလည်း ကိုယ်ခံအား ကောင်းဖို့ဆိုရင် ဗီတာမင် C ပြည့်ဝဖို့ လိုပါမယ်။ ဗီတာမင် C က antibodies ဖြစ်ပေါ်စေဖို့ လှုံ့ဆော်ပေးပါတယ်။

ဗီတာမင် C ပြည့်ဝဖို့ဆိုရင် စတော်ဘယ်ရီ၊ ငရုတ်ပွအနီရောင်၊ ကီဝီသီး၊ သံပုရာသီး၊ လိမ္မော်သီး စတာတွေ စားပေးပါ။

ဗီတာမင် E

ဗီတာမင် E က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ဖြစ်ပြီး ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

ဗီတာမင် E ပြည့်ဝဖို့ကတော့ ဟင်းရွက်ဆီ၊ အခွံမာသီး၊ အစေ့အဆန်၊ ထောပတ်သီး စတာတွေ စားပေးပါ။

ဇင့်

ဇင့်ဓာတ်က ကိုယ်ခံအားကို အကောင်းဆုံး အနေအထားဖြစ်စေဖို့ ထောက်ကန်ပေးပါတယ်။ ကိုယ်ထဲမှာ ဇင့်ဓာတ်နည်းလာတဲ့အခါ ဖျားနာလွယ်ပြီး ရောဂါပိုးတွေ အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအား ကောင်းဖို့ဆိုရင် ဇင့်ကို မေ့ထားလို့ မရပါဘူး။

ဇင့်ဓာတ် ပြည့်ဝစေဖို့ဆိုရင်တော့ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ ကြက်သား၊ ဘဲသား၊ ပင်လယ်စာတွေ စားသုံးပေးပါ။

ပရိုတင်း

ပရိုတင်းက ခန္ဓာကိုယ်ကို pathogens အန္တရာယ်ကနေ ကာကွယ်ပေးတဲ့ T-cell ရဲ့ စွမ်းဆောင်ရည် ကောင်းမွန်စေဖို့ အရေးပါတဲ့ အာဟာရဖြစ်တဲ့ အမိုင်နိုအက်ဆစ်ကို ထုတ်လုပ်ပေးပါတယ်။ ကိုယ်ခံအားကို အားဖြည့်ပေးဖို့ မရှိမဖြစ် လိုအပ်တဲ့ အာဟာရ တစ်ခုဆိုလည်း မမှားပါဘူး။

ပရိုတင်း ကြွယ်ဝစေဖို့  အနီရောင်အသား (အဆီမပါ)၊ ပင်လယ်စာ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆန်များ စားပေးပါ။

ကဲ…ကို ဗစ်ကာလမှာ ကိုယ်ခံအားကောင်းစေဖို့ ဒါလေးတွေ ပါဝင်အောင် စားသုံးပြီး ကိုယ်ခံအားကို မြှင့်တင်လိုက်ပါ။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား...... အဖြေက ဘာဖြစ်မယ် ထင်လဲ...... ဆေင်းပါးလေးထဲ ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သတိ ကိုဗစ်ရှိသေးသည်

လက်ရှိမှာ COVID-19 ရောဂါအပေါ် အာရုံစူးစိုက်မှုက အတန်ငယ်လျော့ကျလာသယောင် ရှိနေပါတယ်။ တကယ်တော့ ကပ်ဘေးဟာ မပြီးသေးသလို ‘ ကိုဗစ်ရှိသေးသည် ’ လို့ ဆိုရဦးမှာပါ။

ရေးသားသူ Ye Zon Aung

ကာကွယ်ဆေးထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရရင် နောက်တစ်ကြိမ်ထပ်ထိုးသင့်လား။

ကာကွယ်ဆေး ထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရတယ်ဆိုရင် နောက်တစ်ကြိမ်ထိုးသင့်ရဲ့လား။ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုသက်သာအောင် လုပ်လို့ရသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 2, 2021 . 2 mins read