COVID-19 စဖြစ်ဖြစ်ချင်းတုန်းက maskကို ကျန်းမာရေးဝန်ထမ်းတွေ၊ နေမကောင်းတဲ့သူတွေ၊ သူတို့ကို အနီးကပ် စောင့်ရှောက်နေတဲ့ သူတွေ အဓိက တပ်သင့်တယ်လို့ ကြေညာထားပါတယ်။ ဒါပေမယ့် မကြာသေးခင်က လေ့လာမှုတစ်ခုမှာ mask တပ်တဲ့ နိုင်ငံတွေနဲ့ မတပ်တဲ့ နိုင်ငံတွေ နှိုင်းယှဉ်လိုက်ရင် တပ်တဲ့နိုင်ငံတွေမှာ ရောဂါဖြစ်တဲ့သူ နည်းနေလို့ maskတွေ တပ်ပြီး တတ်နိုင်သမျှ ကာကွယ်ကြရအောင်လို့ နိုင်ငံတော်တော်များများက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ တကယ်တော့ ဒီလို မထုတ်ပြန်ခင်ကတည်းက ဟိုးအရင် ရောဂါစဖြစ်နေချိန်မှာ ဒီ maskတွေကို အလုအယက်တွေ ဝယ်ကြတာ စျေးတွေတက်၊ ပစ္စည်းတွေပြတ်တဲ့အထိပါပဲ။ ဒါဆို maskတွေ တပ်ကြရတော့မှာပေါ့။ ဒါပေမယ့် ပစ္စည်းတွေပြတ်၊ စျေးတွေတက်နေချိန်မှာ ဒီmaskပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ကြည့်ရအောင်။