Covid-19 စတင် ဖြစ်ပွားခဲ့စဉ်ကလည်း ကူးစက်ခံရသူဦးရေကို ယှဉ်ကြည့်တဲ့အခါ ယောက်ျားလေးဦးရေက မိန်းကလေးဦးရေထက် ပိုများနေတယ်ဆိုတဲ့ အကြောင်း ပြောပြခဲ့တာ မှတ်မိကြမယ်လို့ မျှော်လင့်ပါတယ်။ အခုချိန်ထိလည်း လေ့လာကြည့်ရသလောက် ပိုးကူးစက်ခံရသူ အသစ်တွေမှာလည်း ယောက်ျားလေး ဦးရေ ပိုများတဲ့အပြင် ရောဂါဝေဒနာကို ပိုခံစားနေရပါတယ်လို့ ဆိုထားပါတယ်။