backup og meta

COVID-19နဲ့ ထိတွေ့ခဲ့တဲ့သူ လို့ဘယ်လို သတ်မှတ်မှာလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    COVID-19နဲ့ ထိတွေ့ခဲ့တဲ့သူ လို့ဘယ်လို သတ်မှတ်မှာလဲ။

    ခုအခါမှာ COVID-19လူနာတွေကို တွေ့နေရပြီဖြစ်တဲ့အတွက် တွေ့ပြီဆိုတာနဲ့ ရောဂါမပြန့်ပွားအောင် သူတို့နဲ့နဲ့ ထိတွေ့ခဲ့တဲ့သူ (Contact person) ကို ရှာရပါတယ်။ ဟိုနေ့က အိမ်နားက သံသယလူနာက ပိုးတွေ့တယ်လို့ အဖြေထွက်တယ်။ သူ့အိမ်နဲ့ ငါ့အိမ်နဲ့က နီးနီးလေး။ ငါ့ကိုများ ရောဂါကူးသွားပြီလား။ ဒါမှ မဟုတ် ဟိုနေ့က ငါ့ဘေးက ဖြတ်လျှောက်သွားတဲ့ တစ်ယောက်က ခုသံသယလူနာဖြစ်နေပြီ။ ဒုက္ခပါပဲ။ သူ့မှာ ပိုးတွေ့ခဲ့ရင် ငါ့ဆီမှာရော ရှိနေမျာလား စသဖြင့်  အတွေးများပြီး စိုးရိမ်နေတတ်ပါတယ်။ ဒါကြောင့် ရောဂါရှိသူနဲ့ ထိတွေ့ခဲ့တဲ့သူ ဆိုတာ ဘယ်လိုမျိုးလဲ။ ကိုယ်က ရောဂါပိုးရှိသူနဲ့ ထိတွေ့ခဲ့တယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်သလဲ စတဲ့ မေးခွန်းတွေကို ဖြေပေးသွားမှာပါ။

    COVID-19နဲ့ ထိတွေ့ခဲ့တဲ့သူ ဆိုတာ ဘယ်သူလဲ။

    ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ (Version 4) ဆိုရင် ထိတွေ့သူဆိုတာ ဒါကို ခေါ်တာပါ။

    • ရောဂါပိုးရှိတယ်လို့ ထင်ရသူ ဒါမှမဟုတ် ရောဂါပိုးရှိသူနဲ့ လက္ခဏာ မပြခင် ၂ရက်၊ ပြပြီး ၁၄ရက်အတွင်း အောက်ကအတိုင်း ထိတွေ့မှု ရှိသူကို ဆိုလိုတာပါ။ ဘယ်လို ထိတွေ့မှုလဲ ဆိုတော့
    • ရောဂါပိုးရှိတယ်လို့ ထင်ရသူ ဒါမှမဟုတ် ရောဂါပိုးရှိသူနဲ့ မျက်နှာချင်းဆိုင် ၁မီတာ (၃ပေ) အကွာအဝေးအတွင်း ၁၅မိနစ်ခန့် စကားပြောခဲ့တဲ့သူ
    • ကိုယ်ထိလက်ရောက် ထိတွေ့မှု ရှိခဲ့သူ
    • ဆေးရုံဝန်ထမ်းတွေမှာ ဆိုရင်လည်း PPE မဝတ်ဘဲ ရောဂါပိုးရှိတယ်လို့ ထင်ရသူ ဒါမှမဟုတ် ရောဂါပိုးရှိသူကို အနီးကပ် ပြုစုခဲ့တဲ့သူ စတာပဲ ဖြစ်ပါတယ်။

    COVID-19နဲ့ ထိတွေ့ခဲ့တဲ့သူ ကို ဘယ်လို စောင့်ကြည့်မလဲ။

    • နောက်ဆုံး ထိတွေ့ခဲ့တဲ့ အချိန်ကစပြီး ၁၄ရက် စောင့်ကြည့်ပါမယ်။ (အိမ်မှာ သီးခြားခွဲထားတာ ဖြစ်ဖြစ်၊ ဆေးရုံမှာ စောင့်ကြည့်တာ ဖြစ်ဖြစ်)
    • သတ်မှတ်ထားတဲ့ နေရာမှာပဲ နေရမှာပါ။ ခရီးသွားတာမျိုး၊ ကိုယ့်သဘောနဲ့ကိုယ် အပြင်ထွက်သွားတာမျိုး မလုပ်ရပါဘူး။
    • ဒီကြားထဲမှာ ကျန်းမာရေးဝန်ထမ်းတွေက ဖုန်းနဲ့ ဖြစ်ဖြစ်၊ ကိုယ်တိုင်လာရောက်ပြီးတော့ဘဲ ဖြစ်ဖြစ် သံသယလက္ခဏာတွေကို စစ်ဆေးပေးသွားမှာပါ။
    • ဒီလိုနဲ့မှ လက္ခဏာတွေ ပေါ်လာခဲ့ရင် (လက္ခဏာလည်းပြ ထိတွေ့မှုလည်းရှိတဲ့ အတွက်) သံသယလူနာ စာရင်း B အုပ်စုထဲ ဝင်သွားပါပြီ။ ဆေးစစ်မှု ခံယူရမှာပါ။
    • တစ်နေ့ တစ်နေ့ လူနာ အသစ်များ ပေါ်လာခဲ့ရင် သူတို့နဲ့ ထိတွေ့ခဲ့တဲ့သူ အကုန်လုံးလည်း အန္တရာယ်ရှိတဲ့ အတွက် ဒါတွေကို သေချာရှာပြီး စောင့်ကြည့်ရမှာပါ။
    • လိုအပ်လာရင် ဘာလက္ခဏာမှ မပြရင်တောင်မှ အာခေါင်တို့ဖတ်ယူပြီး စစ်ဆေးရမှာပါ။

    COVID-19 ရောဂါပိုးရှိတယ်လို့ ထင်ရသူ ဒါမှမဟုတ် ရောဂါပိုးရှိသူ လူနာအနေနဲ့ ဘာကို သတိထားရမလဲ။

    ဒါကြောင့် ရောဂါပိုးရှိတယ်လို့ ထင်ရသူ ဒါမှမဟုတ် ရောဂါပိုးရှိသူဟာ လျှောက်သွားမနေသင့်ပါဘူး။ Quarantine ၁၄ရက်ကို အိမ်မှာ ပြန်နေတယ်ဆိုရင်လည်း တတ်နိုင်သမျှ ကိုယ့်ကိုယ့်ကို သီးသန့်နေပါ။  အိမ်ပြင်လုံးဝ မထွက်ပါနဲ့။ ထမင်းလည်း တူတူ မစားပါနဲ့။ ပန်းကန်ခွက်ယောက်လည်း ခွဲသုံးပါ။ နှာချေ၊ ချောင်းဆိုး အုပ်ဆိုးပါ။ လက်မကြာခဏ ဆေးပါ။ အိမ်ကလူတွေနဲ့  ဝေးဝေးနေပါ။ (အနည်းဆုံး ၃ပေ)။ တစ်ခုခု ကျန်းမာရေးမကောင်းရင်လည်း ဝန်ထမ်းတွေကို အမြန်ဆုံးဆက်သွယ်ပါ။

    ပြုစုစောင့်ရှောက်သူတွေကလည်း ခပ်ခွာခွာနေပါ။ အခန်းရှိရင် သီးသန့်ခွဲထားပါ။ ထမင်းသီးသန့်ကျွေးပါ။ အသုံးအဆောင်ပစ္စည်းတွေ ခွဲထားပါ။ လက်ခဏ ခဏဆေးပါ။ နှာချေ၊ ချောင်းဆိုး အုပ်ဆိုးပါ။ သူ့ကျန်းမာရေး အခြေအနေကို ကျန်းမာရေးဝန်ထမ်းအား အမြဲမပြတ်ပြောပြပါ။

    ဘယ်လိုနည်းလမ်းတွေက မကူးစက်နိုင်ဘူးလဲ။

    • ထိတွေ့မှု မရှိဘဲ အိမ်ချင်းကပ်ရုံ သက်သက်နဲ့တော့ မကူးနိုင်ပါဘူး။
    • ခြင်ကနေလည်း မကူးနိုင်ပါဘူး။
    • အကြည့်ချင်း ဆုံရုံနဲ့လည်း မကူးနိုင်ပါဘူး။
    • ဘေးက ဖြတ်သွားရုံနဲ့လည်း မကူးနိုင်ပါဘူး။ ဒါပေမယ့် အနည်းဆုံး ၃ပေတော့ ကွာပါစေ။ သတိမထားမိလို့ နှာချေ၊ ချောင်းဆိုးမိရင် ဒီအမှုန်တွေ ကိုယ့်ဆီ လွင့်လာနိုင်လို့ပါ။
    • ခွေးတွေ ကြောင်တွေကနေ တစ်ဆင့် ကူးခဲပါတယ်။ (ရောဂါဖြစ်စကနေ ခုထက်ထိ ရှားရှားပါးပါး ဟောင်ကောင်က ခွေးတစ်ကောင်မှာ ကူးစက်ခံရတဲ့ မှတ်တမ်းပဲ ရှိပါတယ်။ )

    ဒီလောက်ဆိုရင် ဘယ်သူက ထိတွေ့မှုရှိတဲ့ သူဆိုတာ သိပြီဆိုတော့ သိပ်ပြီး မစိုးရိမ်ပါနဲ့တော့။ ထိတွေ့ခဲ့တယ်ဆိုရင်လည်း ကျန်းမာရေး ဌာနကို အကြောင်းကြားပြီး လိုအပ်တဲ့ စစ်ဆေးမှု၊ ကုသမှုတွေ ခံယူပါ။ ဒါမှ ကိုယ့်အတွက်လည်း စိတ်ချရပြီး သူများကို ကူးဖို့ အခွင့်အလမ်းလည်း နည်းသွားမှာပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement