ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 19, 2020 . 3 mins read
Share now

ဆီးချိုက အမျိုးအစား တစ်ခုမကပါဘူး။ ဒီ ဆီးချို အမျိုးအစားထဲမှာမှ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ဒီဆောင်းပါးလေးကနေ ပြောပြပေးသွားပါမယ်။

ကိုယ်ဝန်ဆောင် ဆီးချို

ကိုယ်ဝန်ဆောင်ချိန်က စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်ပါ။ ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးတဲ့အခါ ရင်သွေးလေးကို လူ့လောကထဲကို ခေါ်ဆောင်နိုင်မှာလေ။ ကိုယ်ဝန်ဆောင်ချိန်က ပျော်စရာ အကောင်းဆုံး အချိန်ဆိုလည်း မမှားပါဘူး။

ကိုယ်ဝန်ဆောင်ချိန်က ပျော်စရာတွေပဲလားဆိုတော့ မဟုတ်သေးပါဘူး ပင်ပန်းမှုတွေ ရင်ဆိုင်ရနိုင်သလို ကျန်းမာရေးပြဿနာတွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ​ကြောင့် ကိုယ်ဝန်ဆောင်ချိန်က သေချာ ဂရုစိုက်သင့်တဲ့ ကာလပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ အထူး ဂရုစိုက်သင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခုက ကိုယ်ဝန်ဆောင် ဆီးချိုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချို ခံစားရမယ်ဆိုရင်မိခင်ရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သေချာလေး ဂရုစိုက် ကာကွယ်စေချင်ပါတယ်။

ကိုယ်ဝန်ဆောင် ဆီးချို ဘယ်အချိန်မှာ ခံစားရနိုင်လဲ………

ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာက ကျန်တဲ့အချိန်တွေမှာ မဖြစ်ဘဲ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဖြစ်တဲ့ ဆီးချို အမျိုးအစား တစ်ရပ်ပါ။ ပုံမှန်ကတော့ ကိုယ်ဝန်ဆောင်ကာလ ဒုတိယ ၃ လပတ်နဲ့ တတိယ ၃ လပတ် ကာလတွေမှာ အများဆုံး တွေ့ရပါတယ်။

ကိုယ်ဝန်ဆောင် ဆီးချို ခံစားရတဲ့အခါ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ဗိုက်ထဲက ကြီးထွားနေတဲ့ ဘေဘီလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် ဆီးချိုက ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ယူဆောင်လာနိုင်တယ် ဆိုပေမယ့် လိုအပ်တဲ့ ကုသမှုတွေကို ခံယူမယ်။ ဆရာဝန် လမ်းညွှန်ချက်တွေကို လိုက်နာမယ်။ အနေအထိုင် အစားအသောက် ဂရုစိုက်မယ်ဆိုရင် ကျန်းမာစွာ ကိုယ်ဝန်ဆောင်နိုင်မှာ ဖြစ်သလို ဘေဘီလေးကိုလည်း ကျန်းမာစွာနဲ့ မေမေတို့ ဘဝထဲကို ခေါ်ဆောင်နိုင်မှာပါ။

နောက်ထပ် သတင်းကောင်းတစ်ခုက ကိုယ်ဝန်ဆောင် ဆီးချို ခံစားရသူတွေဟာ ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ သွေးတွင်းအချိုဓာတ်က ပုံမှန် ပြန်ဖြစ်သွားတာပါ။ ဒါပေမယ့် အမျိုးအစား (၂) ဆီးချို မဖြစ်စေဖို့တော့ သေချာ စောင့်ကြည့်ဖို့ လိုပါမယ်။

ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်စေရတဲ့ အကြောင်းအရင်း

ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်စေရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုက ကိုယ်တွင်းမှာ အင်ဆူလင် လုံလောက်အောင် မထုတ်နိုင်တာပါ။ ကိုယ်ဝန်ဆေင်ချိန်မှာတောင် အင်ဆူလင်ကို လုံလောက်စွာ ရရှိဖို့ လိုပါတယ်။

ခန္ဓာကိုယ်က အင်ဆူလင် မရရှိတဲ့အခါ စားလိုက်တဲ့ သကြားဓာတ်တွေကို ခွန်အားအဖြစ် မပြောင်းလဲနိုင်တော့ဘဲ သွေးတွင်းသကြားဓာတ်တွေ မြင့်တက်လာပါတယ်။ ဒီလို သွေးတွင်းသကြားဓာတ် မြင့်တက်မှုက ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်စေပါတော့တယ်။

ကိုယ်ဝန်ဆောင်ဆီးချိုကို ကာကွယ်ဖို့ သတိထားရမယ့် အချက်တွေ

ကိုယ်ဝန်ဆောင် ဆီးချိုကို ကာကွယ်ဖို့ဆိုရင်

ဒီအချက်တွေကို သေချာဂရုစိုက် ကာကွယ်နိုင်မယ်ဆိုရင် ကိုယ်ဝန်ဆောင်ဆီးချို ခံစားရနိုင်ခြေကို အတော်လေး လျှော့ချနိုင်မှာပါ။ ဆရာဝန်နဲ့ ပုံမှန်စစ်ဆေး ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့လည်း လိုပါမယ်။

ဒီလိုအခြေအနေဆို အထူးသတိထားပါ။

တကယ်လို့

  • မိသားစုဝင်ထဲမှာ ဆီးချိုရှိသူရှိမယ်။
  • ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း (BMI) က ၃၀ထက်ကျော်နေမယ်။
  • ပထမကိုယ်ဝန်တုန်းက ကလေးက ၉ ပေါင်ကျော်ရှိနေမယ်။
  • အရင်ကိုယ်ဝန်တုန်းကလည်း ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်ဖူးမယ်ဆိုရင် သေချာလေး ဂရုစိုက်ဖို့ လိုသလို ဆရာဝန်နဲ့ သေချာလေး ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လိုပါမယ်။

ကိုယ်ဝန်ဆောင်ဆီးချိုရှိရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုယ်ဝန်ဆောင်ဆီးချိုက များသောအားဖြင့် လက္ခဏာ မပြတတ်ပါဘူး။ ကိုယ်န်ဆောင်ချိန်မှာ လိုအပ်တဲ့ စစ်ဆေးမှုဗတွ လုပ်ဆောင်ရင်းမှ သိလာရတာ များပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန် ကျန်းမာရေးစစ်ဆေးမှု လုပ်ဖို့။ ရက်ချိန်း မှန်မှန် ပြဖို့ ပြောကြတာပေါ့။ ပုံမှန်အားဖြင့်ကတော့ ကိုယ်ဝန်ဆောင် မေမေတိုင်းက ကိုယ်ဝန်ဆောင်ဆီးချို စစ်ဆေးမှုကို လုပ်ဆောင်ရပါတယ်။

ကိုယ်ဝန် ၂၄ ပတ် ကနေ ၂၈ ပတ်တကာလအတွင်းမှာ ကိုယ်ဝန်ဆောင် ဆီးချိုရှိလားဆိုတဲ့ စစ်ဆေးမှုကို ခံယူကြရပါတယ်။

တွေ့ရများတဲ့ ကိုယ်ဝန်ဆောင် ဆီးချို လက္ခဏာက

  • ပုံမှန်ထက် ပိုမိုဆာလောင်တာပါ။
  • အစားတွေ အရင်ကထက် ပိုစားလာမယ်။
  • ရေ အရမ်း ငတ်မယ်
  • ခံတွင်းခြောက်မယ်။
  • ပုံမှန်ထက် ဆီးပိုသွားမယ်။
  • မအီမသာဖြစ်မယ်။
  • မျက်လုံးတွေ ဝေဝါးမယ်။
  • ခြေကုန်လက်ပမ်းကျမယ်။

ဘယ်လို စစ်ဆေး သိရှိနိုင်မလဲ…………..

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အသက် ၃၅ နှစ်နဲ့ အထက်ရှိနေမယ်။ အဝလွန်နေမယ်။ ဆီးချို မျိုးရိုး ရှိမယ်ဆိုရင် ဆရာဝန်က အစောပိုင်းမှတြင် ကိုယ်ဝန်ဆောင်ဆီးချို စစ်ဆေးဖို့ ညွှန်ကြားပေးပါလိမ့်မယ်။ဒါမှလည်း မေမေရော ဘေဘီလေးပါ ကျန်းမာမှာပါ။ ဒီနည်းလမ်းကပဲ ကိုယ်ဝန်ဆောင်ဆီးချိုကို ရှောင်ရှားနိုင်မယ့် တစ်ခုတည်းသော အကောင်းဆုံး နည်းလမ်းပါ။

ကိုယ်ဝန်ဆောင်ကာလ ၂၄ ပတ်ကနေ ၂၈ ပတ်ရောက်လာတဲ့အခါ ကိုယ်ဝန်ဆောင်ဆီးချို ရှိနေလားဆိုတာကို သိနိုင်ဖို့ အခုလို စစ်ဆေးမှုတွေ လုပ်ရပါမယ်။

  • Initial glucose challenge test

ဒီစစ်ဆေးမှုမှာ သကြးရည်တွေ သောက်ရပါမယ်။ ၁ နာရီလောက်ကြာတဲ့အခါ သွေးတွင်းအချိုဓာတ်ကို စစ်ဆေးပါမယ်။ သွေးတွင်း သကြားဓာတ်က ၁၉၀ milligrams per deciliter (mg/dL) ဒါမှမဟုတ်၁၀.၆ millimoles per liter (mmol/L) ဆိုရင် ကိုယ်ဝန်ဆောင် ဆီးချို ရှိနေတာပါ။

  • Follow-up glucose tolerance testing

ဒီစစ်ဆေးမှုက အစောပိုင်း စစ်ဆေးမှုနဲ့ ခပ်ဆင်ဆင်တူပါတယ်။  ဒီစစ်ဆေးမှုမှာ သောက်ရတဲ့ သကြားရည်က သကြာားပါဝင်မှု ပိုများပါတယ်။ ပြိးရင် သွေးတွင်း သကြားဓာတ်ကို တစ်နာရီတစ်ခါ နဲ့ ၃ နာရီ ဆက်တိုက် စစ်ဆေးပါမယ်။

စစ်ဆေးမှု ရလဒ် ၃ ကြိမ်မှာ ၂ ကြိမ်က ရှိသင့်တဲ့ သွေးတွင်းသကြားဓာတ်ထက် မြင့်နေမယ်ဆိုရင် ကိုယ်ဝန်ဆောင်ဆီးချို ရှိနေပြီလို့ ယူဆရမှာပါ။

ကိုယ်ဝန်ဆောင်ဆီးချို မဖြစ်စေဖို့

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆောင်ဆီးချို မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းတွေက အများကြီးပါ။ အရေးအကြီးဆုံး တစ်ချက်က မေမေရော ဘေဘီလေးအတွက်ပါ အာဟာရ ပြည့်ဝလုံလောက်အောင် စားသုံးတာပါ။ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရ ပြည့်ဝအောင် စားသောက်တဲ့ပုံစံက အကောင်းဆုံး ကာကွယ်နည်းပေါ့။

အခြားနည်းလမ်းတွေ အနေနဲ့ကတော့ လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ။ သွေးတွင်းသကြားဓာတ်ကို ထိန်းပါ။ တစ်နေ့ကို မိနစ် ၃၀ လောက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ။

တကယ်လို့ ကိုယ်ဝန်ဆောင် ဆီးချို ခံစားရပြီဆိုရင် သွေးတွင်းသကြားဓာတ်ကိုသေချာ ထိန်းညှိဖို့ လိုပါမယ်။ လိုအပ်ရင် ဆရာယန်က အင်ဆူလင် ဖိုးဖို့၊ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ ဆေးဝါးတွေ သောက်သုံးဖို့ ညွှန်ကြားပေးပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်ဆီးချိုကြောင့် နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်လဲ…………

ကိုယ်ဝန်ဆောင် ဆီးချိုကြောင့် မေမေရော ဘေဘီလေးမှာပါ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချို ခံစားရတဲ့အခါ

  • ကလေးက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေတာ
  • လမစေ့ဘဲ မွေးဖွားတာ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ခံစားရတာ
  • ဘေဘီလေးမှာ သွေးတွင်းသကြားဓာတ် ကျဆင်းတာ
  • မေမေ အနေနဲ့ အဝလွန်တာ
  • မေမေ့မှာ အမျိုးအစား -၂ ဆီးချို ခံစားရနိုင်တာ
  • ကလေး အသေမွေးတာ
  • မွေးကင်းစအရွယ်မှာ သေဆုံးတာတွေလိုမျိုး ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။
ဒါတွေအပြင် ရေမြွှာရည်များလွန်းတာ၊ ကိုယ်ဝန်ဆောင်သွေးတိုးစတဲ့ ကျန်းမာရေး ပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

တစ်နေ့ ပန်းသီးတစ်လုံးစားရင် သင်ဘယ်လောက်အထိတောင် ကျန်းမာလာမလဲ

ပန်းသီးချိုချိုမွမွလေးတွေ ကြိုက်တတ်သူတွေ ရှိကြလား။ ပန်းသီးတစ်နေ့ တစ်လုံးမှီဝဲပေးမယ်ဆိုရင် နေ့စဉ်လူနေမှုဘဝမှာ အရမ်းကို ကျန်းမာစေတတ်ပါတယ်တဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

လိင်တံ ဘာလို့ယားယံနေရတာလဲ

လူကြားသူကြားထဲမှာ လိင်တံယားကျိကျိဖြစ်နေရင် အတော်လေးနေရထိုင်ရခက်မှာ အသေချာပါပဲ။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုတဝိုက်အရေပြားက ခန္ဓာကိုယ်မှာအစကတည်းက စိုထိုင်းစများတဲ့နေရာဖြစ်တဲ့အတွက် အရေပြားပေါ်မှာအစိုဓာတ်အောင်းပြီး မှိုတွေပေါက်ပွားလာနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ကိုယ်ရေ အာသာဖြေတာ အန္တရာယ်ရှိ၊ မရှိ

ကိုယ်ဝန်ဆောင်ချိန်မှာမှ စိတ်ဆန္ဒပိုပြင်းပြလာတတ်တဲ့ အမျိုးသမီးတချို့အတွက် တစ်ကိုယ်ရေ အာသာဖြေခြင်း နဲ့ပတ်သက်ပြီး သိသင့်တာတွေကိုပြောပြပေးချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

သင့်ရဲ့ စိတ်လေး ကျန်းမာပါစ။

သင့်ရဲ့ စိတ်လေး ကျန်းမာပါစ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 2 mins read
ဆံပင်သန်စေတယ်လို့ သတင်းကြီးတဲ့ ထောလပတ်ရွက်ရဲ့ ကျန်းမာရေးအာနိသင်

ဆံပင်သန်စေတယ်လို့ သတင်းကြီးတဲ့ ထောလပတ်ရွက်ရဲ့ ကျန်းမာရေးအာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 2 mins read
ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား........................

ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား……………………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 1 min read
ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့

ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read