COVID-19 နှင့် အတူတကွယှဉ်တွဲနေထိုင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
Share now

ယနေ့ခေတ်ကမ္ဘာပါ်မှာနေထိုင်နေကြတဲ့ လူတစ်ဦးတစ်ယောက်ချင်းဆီကို လိုက်မေးကြည့်ပါ။

သင်တို့ယခုအကြောက်ဆုံးဟာ ဘာဖြစ်မလဲလို့။

ပြန်ဖြေတဲ့ဘာသာစကားသာမတူဘဲနေရင်နေပါမယ်။ အဖြေကတော့ တစ်မျိုးထဲပါပဲ။

ဟုတ်ပါတယ်။

COVID-19 လို့ပဲပြန်ဖြေကြမှာပါ။

COVID-19 ရောဂါဖြစ်ပွားသူဦးရေဟာလည်းတစ်နေ့တစ်ခြားတိုးပွားလျက်ရှိနေဆဲပါပဲ။ ဒါပေမဲ့ ဒီကပ်ရောဂါကြီးစဖြစ်ခဲ့တုန်းကလောက်တော့ လူတွေဟာ သိပ်တုန်လှုပ်ခြင်းမရှိကြတော့ပါဘူး။

မြန်မာနိုင်ငံမှာဆိုရင်လည်း COVID ပထမလှိုင်းဝင်ခဲ့တုန်းက လူတွေဟာအလွန်တရာကိုမှကြောက်ရွံ့ခဲ့ကြပြီး Panic Buying ဆိုတဲ့ အသည်းအသန် ပစ္စည်းဝယ်ယူစုဆောင်းမှုတွေလုပ်ခဲ့ကြပါတယ်။ အဲ့ဒီအခါ အမြတ်ကြီးစားသူစျေးဆိုင်ရှင်တွေက စျေးများများနဲ့ ရောင်းချခဲ့ကြပါတယ်။ ယခု ရခိုင်ဒုတိယလှိုင်းမှာတော့ အတွေ့အကြုံရှိခဲ့ပြီးပြီမို့ အဲ့ဒီလိုမလုပ်ကြတော့ပါဘူး။ အမြတ်ကြီးစားတဲ့သူတွေတော့ရှိနေပါသေးတယ်။

ကဲ ကျန်းမာရေးရှုထောင့်ကိုသွားကြည့်ရအောင်

COVID စဖြစ်ဖြစ်ချင်းမှာ လူတွေဟာ ကြောက်ကြတာမို့ အိမ်ထဲကအိမ်ပြင်မထွက်ကြတော့ပါဘူး။သာမန်လူအိမ်အပြင်မထွက်တာကောင်းတဲ့ကိစ္စဆိုပေမဲ့ အမှန်တကယ်နာမကျန်းသူတွေကတော့ ဆေးရုံဆေးခန်းကို ကျိန်းသေပေါက် သွားပြရပါမယ်။ COVID တစ်ခုတည်းသာရောဂါမဟုတ်ပါ။ COVID ထက် ကြောက်ဖို့ကောင်းတဲ့ရောဂါတွေမှအများကြီးပါ။ ဆရာဝန်ဆီက မှန်ကန်တဲ့ နည်းလမ်းတေွနဲ့မှ ကုသနိုင်မယ့်ရောဂါတွေရှိပါတယ် (ဉပမာ သွေးတိုး၊ ဆီးချို စသဖြင့်)။ ပထမလှိုင်းငြိမ်သွားတဲ့ အချိန်ကြောက်ရွံ့မှုနည်းသွားပေမဲ့ အခုဒုတိယလှိုင်းမှာလည်း ဒီအတိုင်းပြန်ဖြစ်လာတော့မှာပါ။

COVID-19 ဖြစ်တဲ့အခါ အချို့ရပ်ကွက်ထဲက ဆေးခန်းတွေ မဖွင့်တာရှိပါတယ်။ ဒါက ရှင်းပါတယ်။ COVID-19 အတွက် အဆင်သင့်မဖြစ်နိုင်တဲ့ ဆေးခန်းတေွရှိနိုင်ပါတယ်။ (ဉပမာ နေရာကျဉ်းတာ၊ လူနာထားရာနေရာကို စနစ်တကျ ပိုးသတ်ဖို့ အခက်အခဲရှိတာ၊ ဆရာဝန်ကိုယ်တိုင်ကိုက အသက်ကြီးသူမို့ ဒီအချိန်မှာ Risk မယူချင်တာ စသဖြင့်ပါ)။ ဒီလိုဆေးခန်းတွေကိုက ရောဂါဖြန့်ဖြူးရာနေရာဖြစ်မှာစိုးတဲ့အတွက် ပိတ်ထားနိုင်ပါတယ်။ ဒီအခါ လူနာတွေအနေနဲ့ ဆေးခန်းအလွယ်တကူမရှိတဲ့အခါ မပြတော့ပါဘူး။ ဒီလိုနည်းနဲ့ရှိရင်းစွဲရောဂါလက္ခဏာတွေဟာပိုဆိုးလာရပါတော့တယ်။ တစ်ရက်နေတယ်၊ သက်သာမလားစောင့်တယ် မသက်သာပါဘူး။ နောက်တစ်ရက်နေတယ်၊ မသက်သာပါဘူး။ ဒီလို နဲ့ COVID-19 ကိုကြောက်ရင်း ဆေးခန်းမသွားရင်းကနေ အသက်ဆုံးရှုံးသည်အထိဖြစ်လာရပါတယ်။ တကယ်ဖြစ်ခဲ့တဲ့ သာဓကတွေအများကြီးပါ။

ဒါကြောင့်ပြနေကျ ဆေးခန်းမရှိလည်းရှိတဲ့နေရာပြပါ။ အရေးပေါ် အခြေအနေဆိုရင် ဆေးရုံသာပြေးပါ။ အကာအကွယ် (နှာခေါင်းစည်း၊ Face shield) တော့အသေအချာဝတ်ဆင်ပါ။ဆေးရုံတွေဟာကျန်းမာရေးစောင့်ရှောက်မှုကို အမြဲတစေပေးနေရာနေရာပါ။ အဓိကကတော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တွေ့ဖို့ပါ။ မိမိသဘော (သို့) ရမ်းကုတွေနဲ့ ကြိတ်ကုနေလို့မရပါဘူးနော်။ သို့သော် တကယ်လိုအပ်မှသွားပါ။ မလိုအပ်ဘဲ သွားရင်လည်း ကျန်းမာရေးဝန်ထမ်းတွေအတွက် အလုပ်ပိုနေနိုင်သလို COVID ကူးစက်ဖို့အခွင့်အလမ်းလည်း များပါသေးတယ်။

အဓိကပြောချင်တာကတော့ ကျွန်မတို့ဟာ COVID နဲ့အတူတကွယှဉ်တွဲနေထိုင်တတ်ရပါတော့မယ်။နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုလည်း ပြုလုပ်ရင်း ကျန်းမာရေးဝန်ကြီးဌာနကညွှန်ကြားတဲ့အတိုင်း ပြုမူနေထိုင်တတ်ရပါတော့မယ်။

  • လူစုလူဝေးဖြစ်နိုင်တဲ့ နေရာတွေကို ရှောင်ရပါမယ်။
  • ရေနှင့်ဆပ်ပြာတို့ကို အသုံးပြုကာ လက်ကိုခဏခဏ ဆေးကြောရပါမယ်။
  • Alcohol ပါတဲ့ လက်သန့်ဆေးရည်နဲ့လည်း ဆေးနိုင်ပါတယ်။
  • နှာချေ၊ ချောင်းဆိုးရင်တစ်သျှူးအသုံးပြုကာအုပ်ထားရပါမယ်။
  • ဖျားနာ၊ နှာချေ၊ ချောင်းဆိုးနေသူတွေနဲ့ ဝေးဝေးနေပါ။
  • တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှာနေပါ။
  • မလိုအပ်လျှင် အပြင်မသွားပါနဲ့။ အပြင်သွားချိန်ကို အကြိမ်ရေလျှော့လိုက်ပါ။ (ဉပမာ ဈေးသွားတာမျိုး)
  • အပြင်ထွက်ရာမှာလည်း နှာခေါင်းစည်းFace Shield တို့မဖြစ်မနေတပ်ပါ။
  • ဆေးရုံဆေးခန်းကိုတော့ လိုအပ်လာလျှင်သွားကိုသွားရပါမယ်။ မသွားလို့မဖြစ်ပါ။ အစိုးရကလည်း Lock down ချထားရာ ရခိုင်ပြည်နယ်မှာတောင် ဒါကိုခွင့်ပြုထားပြီးသားပါ။ နှစ်ဦးထက်တော့ပိုမသွားသင့်ပါ။ လူနာနဲ့ လူနာကိုလိုက်လံပြသပေးမယ့်လူတစ်ယောက်ပါ။
  • အလုပ်သွားရမယ့် လူများအနေနဲ့ တတ်နိုင်သလောက် Risk ကိုလျှော့ပါ။ လမ်းလျှောက်သွားလို့ရရင်သွားပါ။ စက်ဘီး၊ ဆိုင်ကယ် စီးလို့ရရင်စီးပါ။ အများသုံးဘတ်စ်ကားကို တတ်နိုင်သလောက်မစီးပါနဲ့။ မစီးမဖြစ်စီးရမယ့်သူတွေမှာလည်း လူနည်းချိန်စောသွားတာမျိုး၊ နောက်ကျသွားတာမျိုးရွေးချယ်ပါ၊ အလုပ်အပေါ်တော့မူတည်နိုင်ပါတယ်။ ဘတ်စ်ပေါ်မှာလည်း Mask၊ Face Shield တပ်ပါ။ တတ်နိုင်ရင် အခြားသူနဲ့ခြား၍နေပါ။

COVID-19 ကပ်ရောဂါကာလဟာဘယ်ချိန်ပြီးမလဲမသိနိုင်တာကြောင့် ကပ်ရောဂါရန်မှကာကွယ်ရင်း မိမိရှိရင်းစွဲရောဂါကိုလည်းပိုမဆိုးသွားအောင် ၊ သက်သာလာအောင်နေထိုင်တတ်ရပါမယ်။ ငယ်ရွယ်သူတွေအနေနဲ့လည်း မိမိရော၊ မိမိ မိသားစုရဲ့ ကျန်းမာရေးကိုပါ စောင့်ရှောက်ရင်း နေထိုင်သင့်ပါတယ်။ အခြားရောဂါတွေရဲ့ ရန်ကိုလည်းအတတ်နိုင်ဆုံး ဉာဏ်ယှဉ်ကာ ကာကွယ်တတ်ရပါတော့မယ်။

ကဲ ကျွန်မတို့လည်း COVID-19 နဲ့ အတူတကွ ယှဉ်တွဲနေထိုင်လိုက်ရအောင်လား။

ရေးသားသူ: ဒေါက်တာမှူးခင်

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘယ် ကိုဗစ်ကာကွယ်ဆေးက အစွမ်းအထက်ဆုံးလဲ

အသုံးပြုလို့ရနေပြီဖြစ်တဲ့ဆေးဝါးတွေရော ဈေးကွက်ထဲကိုဝင်ဖို့ရှိနေတဲ့ ဆေးဝါးတွေမှာပါ ကာကွယ်နိုင်စွမ်းနဲ့ စိတ်ချရမှုအပိုင်း ကွာခြားချက်အနည်းငယ်စီရှိနေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အာဆီယံတိုင်းပြည်တွေ ဖန်တီးတဲ့ COVID-19 ကာကွယ်ဆေးထွက်ပေါ်လာတော့မလား

အာဆီယံတိုင်းပြည်တစ်ချို့ဟာ ကာကွယ်ဆေး ဝယ်ယူဖို့ စီစဉ်နေကြသလို Home-growth Vaccine ကို ကိုယ်တိုင် ဖန်တီးထုတ်လုပ်ဖို့အထိပါ ခြေလှမ်းနေကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

COVID-19 ကူးစက်ခံရနိုင်ခြေ အမြင့်ဆုံး သက်ရှိမျိုးစိတ် ၁၀ မျိုး

SARS-CoV-2 လို့ ခေါ်တဲ့COVID-19 ရောဂါပိုးဟာ လူသားတွေကိုသာမက တခြားသော တိရိစ္ဆာန်တွေကိုပါ ကပ်ငြိကူးစက်နိုင်တယ်လို့ ဖော်ထုတ်နိုင်ခဲ့တာပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Pfizer/BioNTech ရဲ့ COVID-19 ကာကွယ်ဆေးအကြောင်း သိထားသင့်တဲ့အချက် ၈ ချက်

အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမန်သုတေသနကုမ္ပဏီ BioNTech တု့ိ ပူးပေါင်းဖန်တီးထားတဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကပ်ဘေးအတွင်းမှာ ဘယ်သူတွေ အထီးကျန်အဆန်ဆုံးဖြစ်နေလဲ

ကိုဗစ်ကပ်ဘေးကြောင့် ပိုကြီးမားလာတဲ့ နောက်ထပ်ကပ်ဘေးတစ်ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 8, 2021 . 3 mins read
အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 3 mins read
COVID ပိုးအသစ်နဲ့ နယူးရီးယားကြောင့် တတိယလှိုင်းဖြစ်လာနိုင်သလား

COVID ပိုးအသစ်နဲ့ နယူးရီးယားကြောင့် တတိယလှိုင်းဖြစ်လာနိုင်သလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 28, 2020 . 2 mins read
COVID-19 ကာကွယ်ဆေးတွေက မျိုးစိတ်သစ်တွေကိုရော ကာကွယ်ပေးမှာလား

COVID-19 ကာကွယ်ဆေးတွေက မျိုးစိတ်သစ်တွေကိုရော ကာကွယ်ပေးမှာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 26, 2020 . 2 mins read