အသုံးပြုပုံများ
ချယ်ရီရိုင်းပင် ကို ဘာအတွက်အသုံးပြုကြသလဲ
Wild cherry (ချယ်ရီရိုင်း) ဟာ အပင်တမျိုး ဖြစ်ပြီး သူ့ရဲ့ အခေါက်ကြောကို ဆေးဝါးအဖြစ် သုံးစွဲလေ့ရှိကြပါတယ်။ အောက်ပါရောဂါတွေမှာ အသုံးပြုနိုင်ပါတယ်။
- အအေးမိခြင်း။
- ကြက်ညှာချောင်း။
- လေပြွန်ရောင်ခြင်း။
- အခြားသော အဆုတ်ပြဿနာများ။
- ဝမ်းလျှောခြင်း။
- ဂေါက်ရောဂါ။
- အစာချေခြင်းဆိုင်ရာ ပြဿနာများ။။
- နာကျင်ကိုက်ခဲခြင်း။
- ကင်ဆာရောဂါများ။
၎င်း၏ ငိုက်မျဉ်းစေခြင်း၊ချွဲပျော်စေခြင်း၊ချောင်းဆိုးသက်သာစေခြင်း စသည့်အာနိသင်များကြောင့် ချယ်ရီရိုင်းကို ချောင်းဆိုးပျောက်ဆေးရည်များတွင်လည်း ဟည့်သွင်းအသုံးပြုလေ့ရှိပါသည်။
ဘယ်လိုအလုပ်လုပ်လဲ
ယခု ဆေးဖက်ဝင်အပင် ဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိရှိနိုင်ဖို့အတွက် လုံလောက်တဲ့ လေ့လာမှုတွေ မပြုလုပ်ရသေးပါ။ အသေးစိတ် ထပ်မံသိရှိဖို့အတွက် ဆရာဝန် ဒါမှမဟုတ် သဘာဝဆေးဖက်ဝင်ပစ္စည်းများဆိုင်ရာ ကျွမ်းကျင်သူကို မေးမြန်းပါ။ ဒါပေမယ့် ချယ်ရီရိုင်းပင်မှာ ပါဝင်တဲ့ ဓါတ်ပစ္စည်းတမျိုးဟာ ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိုင်ပြီး တစ်ရှူးတွေကို ကျုံ့စေနိုင်တဲ့ ဂုဏ်သတ္တိရှိတာကိုတော့ လေ့လာချက်တွေအရ သိရှိရပါတယ်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
ချယ်ရီရိုင်းပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အောက်ပါအချက်များရှိပါက ဆရာဝန်ကို အသိပေးပါ။
သင့်တွင် ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ရှိနေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန်တွင် ဆရာဝန်ညွှန်ကြားထားသော ဆေးများကိုသာ သုံးစွဲသင့်သောကြောင့် ဖြစ်ပါသည်။
အခြားသော ဆေးများကို သုံးစွဲနေလျှင်(ဆရာဝန်ဆေးစာမပါဘဲ သုံးစွဲနိုင်သောဆေးများ ဖြစ်ကြသည့် သဘာဝသစ်ဥသစ်ဖုများမှ ထုတ်လုပ်ထားသော ဆေးများ သို့မဟုတ် တိုင်းရင်းဆေးများလည်း ပါဝင်ပါသည်)။
ချယ်ရီရိုင်း သို့မဟုတ် အခြားဆေးများ သို့မဟုတ် သဘာဝဆေးဖက်ဝင်အပင်များနှင့် ဓါတ်မတည့်ခြင်းများရှိလျှင်။
အခြားသော ဖျားနာမှု၊ရောဂါဝေဒနာ သို့မဟုတ် ကျန်းမာရေးပြဿနာများရှိလျှင်။
အခြားသော အစားအစာများ၊အစားအစာသုံး ဆိုးဆေးများ၊အစားအစာများကို တာရှည်ခံအောင် အသုံးပြုသော ဓါတုပစ္စည်းများ သို့မဟုတ် တိရ စ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများ ရှိလျှင်။
ဖြည့်စွက်အားဆေးများအတွက် ချမှတ်ထားသော စည်းမျဉ်းဥပဒေများမှာ ဆေးဝါးများလောက် တင်းကျပ်မှုမရှိပါ။ ယခုဆေး၏ လုံခြုံစိတ်ချရမှုကို သိရှိနိုင်ရန်အတွက် လေ့လာမှုများ ထပ်မံပြုလုပ်ရန် လိုအပ်ပါသေးတယ်။ ဆေးကို အသုံးမပြုခင်မှာ ကောင်းကျိုးဆိုးပြစ်တွေကို သေချာစွာ ချိန်ဆရပါမယ်။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်ထံ မေးမြန်းနိုင်ပါတယ်။
ချယ်ရီရိုင်းပင် က ဘယ်လောက်စိတ်ချရလဲ
ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်နေချိန် :
ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာ ချယ်ရီရိုင်းကို သုံးစွဲခြင်းဟာ စိတ်ချရမှုရှိမရှိနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်များ မရှိသေးပါ။ ဒါကြောင့် စိတ်ချရအောင် မသုံးဘဲနေတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
ဘေးထွက်ဆိုးကျိုးများ
ချယ်ရီရိုင်းပင် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ
ချယ်ရီရိုင်းပမာဏအနည်းငယ်ကို ကာလတိုသုံးစွဲမယ်ဆိုရင် ဘာအန္တရာယ်မှမရှိနိုင်ပေမယ့် ပမာဏအများအပြားကို ကာလကြာရှည်သုံးစွဲမယ်ဆိုရင်တော့ အသက်အန္တရာယ်ပေးနိုင်လောက်တဲ့အထိ အဆိပ်သင့်စေပါလိမ့်မယ်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
ချယ်ရီရိုင်းပင် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ
wild cherry ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေ ဒါမှမဟုတ် လက်ရှိခံစားနေရတဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်တဲ့အတွက် မသုံးစွဲခင်မှာ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ရပါမယ် (အထူးသဖြင့် အသည်းကနေ ချေဖျက်ပြောင်းလဲပေးရတဲ့ ဆေးတွေကို သင့်အနေနဲ့ သုံးစွဲနေရင်)။ ဘာလို့လဲဆိုတော့ ချယ်ရီရိုင်းက အဆိုပါဆေးတွေရဲ့ အာနိသင်နဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုလာစေနိုင်လို့ ဖြစ်ပါတယ်။lovastatin (Mevacor), ketoconazole (Nizoral), itraconazole (Sporanox), fexofenadine (Allegra), triazolam (Halcion) တို့အပါအဝင် အခြားသော ဆေးများစွာကို အသည်းကချေဖျက် ပြောင်းလဲပေးရပါတယ်။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
သောက်သုံးရန်အညွှန်း
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
ချယ်ရီရိုင်းပင် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ
ချယ်ရီရိုင်း လက်ဖက်ရည်ကြမ်း :
ရေနွေးပူပူတခွက်ထဲမှာ ချယ်ရီရိုင်းအခေါက် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းစာကို ထည့်ပြီး ဆယ်မိနစ်လောက် အရင်နှပ်ပြီးမှ သောက်ရပါမယ်။ တနေ့ကို အကြမ်းဖျဉ်း သုံးခွက်လောက်သောက်ရင် အန္တရာယ်မရှိပါဘူး။
ချယ်ရီရိုင်း တင်ချာ :
အပင်ရဲ့ ဘယ်အပိုင်းကမဆို ရရှိတဲ့ တင်ချာ အစက် ၃၀ – ၆၀ လောက်ကို တနေ့သုံးကြိမ်လောက် အသုံးပြုပေးမယ်ဆိုရင် အဆင်ပြေပါတယ်။
ချယ်ရီရိုင်းအခေါက်ပြုတ်ရည် :
(လိုအပ်လျှင် လိုအပ်သလို) နှစ်နာရီခြားတခါ သောက်ပါ။
အရွယ်ရောက်ပြီးသူတွေမှာ စားပွဲတင်ဇွန်းတဇွန်း (၁၅စီစီခန့်) သောက်နိုင်ပါတယ်။၂၄နာရီအတွင်းမှာ ခြောက်ကြိမ်ထက် ပိုမသောက်ရပါ။
ချယ်ရီရိုင်းလိမ်းဆေးရည် :
မနက်တခါ၊ညနေတခါ လိမ်းပါ သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်အတိုင်း သုံးစွဲပါ။ ဂွမ်းစိုစိုလေး ဒါမှမဟုတ် သင့်လက်ထိတ်လေးတွေကို သုံးပြီး လိုအပ်တဲ့ နေရာကို လိမ်းပေးပါ။ ပြီးရင် ဆေးလိမ်းထားတဲ့ နေရာကို အသာအယာ ပွတ်သပ်နှိပ်နယ်ပေးပါ။
လူနာတယောက်နဲ့ တယောက် သုံးစွဲရမယ့် ဆေးပမာဏက တူချင်မှ တူမှာ ဖြစ်ပါတယ်။ သင့်အသက်အရွယ်၊ကျန်းမာရေးအခြေအနေနဲ့ အခြားရောဂါတွေ ရှိမရှိပေါ်ကို မူတည်ပြီး ဆေးပမာဏ ကွာခြားပါလိမ့်မယ်။ ဒီဖြည့်စွက်အားဆေးတွေဟာ အမြဲတမ်းလုံခြုံစိတ်ချရတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် သင့်လျော်တဲ့ ဆေးပမာဏကို သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ဆွေးနွေးရပါမယ်။
ချယ်ရီရိုင်းပင် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ
ချယ်ရီရိုင်းကို ဘယ်လို ပုံစံတွေနဲ့ ရရှိနိုင်သလဲ။
အောက်ပါပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။
- ချယ်ရီရိုင်း လက်ဖက်ရည်ကြမ်း။
- ချယ်ရီရိုင်း အရည်။
- ချယ်ရီရိုင်း အခေါက်ပြုတ်ရည်။
ချယ်ရီရိုင်း အခေါက်လိမ်းဆေးရည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။