backup og meta

ကြောင်လျှာပွင့်လေးတွေ ကဆေးဖက်ဝင်လား .....

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြောင်လျှာပွင့်လေးတွေ ကဆေးဖက်ဝင်လား .....

    ကြောင်လျှာသီးကို လူတော်တော်များများက စားကြပေမယ့် ကြောင်လျှာပွင့်လေးတွေ ကိုတော့ စားတဲ့လူက သိပ်မများကြပါဘူး။ တကယ်ကတော့ ကြောင်လျှာသီးက စားကောင်းသလို ကြောင်လျှာပွင့်လေးတွေကလည်း စားလို့ ကောင်းပါတယ်။

    အတို့အမြှုပ်အနေနဲ့ စားလို့ကောင်းတဲ့ ကြောင်လျှာပွင့်လေးက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

    ကြောင်လျှာပွင့် ဆိုတာ

    ကြောင်လျှာပွင့် ဆိုတာက ကြောင်လျှာပင်ရဲ့ အပွင့်ပါ။ ပန်းပွင့် အတွင်းပိုင်းက အဝါရောင်ဖျော့ဖျော့လေးနဲ့ အပြင်ဘက်ကတော့ အနီရောင် ခပ်ဖျော့ဖျော့လေး ရှိပါတယ်။

    အသားထူထူလေးနဲ့ စားလိုက်ရင် ထုတ်ထုတ်နဲ့ စားကောင်းလှပါတယ်။ ပြုတ်ပြီး ငပိရည်နဲ့ တို့လို့ ရသလို ပြုတ်ပြီး ပါးပါးလှီး ဆီချက်၊ မြေပဲထောင်း၊ ကြက်သွန်စိမ်း၊ နှမ်း၊ ပုစွန်ခြောက်မှုန့်တို့နဲ့ သံပုရာရည်လေး ညှစ်ပြီး သုပ်စားရင်လည်း စားလို့ ကောင်းပါတယ်။

    ထမင်းနဲ့ တွဲစားလို့ ရသလို အခါး ကြိုက်သူတွေအတွက်ကတော့ အဆာပြေ ရေနွေးကြမ်းလေးနဲ့ တွဲသောက်လို့လည်း ရပါတယ်။

    ကြောင်လျှာပွင့်လေးက ဆေးဖက်ဝင်လား ……

    ကြောင်လျှာပွင့်လေးကလည်း ကြောင်လျှာသီး၊ ကြောင်လျှာရွက်တို့လိုပဲ ဆေးဖက်ဝင် အာနိသင်လေးတွေ ရှိပါတယ်။ ဘယ်လို ဆေးဖက်ဝင်တာလဲဆိုတော့ ကြောင်လျှာပွင့်ကို စားပေးတာက

    သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတယ်

    သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချိုရှိသူတွေ စားသုံးပေးလို့ရပါတယ်။ ဆီးချိုကို သက်သာစေနိုင်သလို ကာကွယ်ဖို့အတွက်လည်း စားပေးလို့ရပါတယ်။ သွေးတွင်းသကြားဓာတ် ကျတတ်သူတွေကတော့ အများကြီး မစားသင့်ပါဘူး။

    ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်

    ကျန်းမာနေစေဖို့ဆိုရင် ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်ဖို့ လိုပါမယ်။ ဒီတော့ ဇီဝကမ္မ ဖြစ်စဉ် ကောင်းမွန်စေဖို့ ကြောင်လျှာပွင့်ကို စားပေးလို့ ရပါတယ်။ ကြောင်လျှာပွင့်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို ဇီဝကမ္မဖြစ်စဉ်ကိုလည်း တိုးတက်ကောင်းမွန် စေနိုင်ပါတယ်။

    အစာခြေစနစ် ကျန်းမာစေတယ်

    ကြောင်လျှာပွင့်ရဲ့ နောက်ထပ်အာနိသင်တစ်ခုက အစာခြေစနစ်ကို ကျန်းမာစေတာပါ။ အူနံရံတွေ၊ အစာအိမ်နံရံတွေက ဆဲလ်တွေကို ကျန်းမာစေပြီး အစာအိမ် အနာဖြစ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    အူနံရံတွေကို အာဟာရ ကောင်းကောင်း စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။

    ဓာတ်မတည့်မှုကို သက်သာစေနိုင်တယ်

    ကြောင်လျှာပွင့် ကို အရေပြား ဓာတ်မတည့်မှုတွေကိုလည်း သက်သာစေနိုင်ပြီး ဝက်ခြံ အပါအဝင် အရေပြားပြဿနာတွေကြောင့် ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။

    ဆီးရွှင်စေတယ်

    ကြောင်လျှာပွင့် ရဲ့ နောက်ထပ် ဆေးဖက်ဝင်မှု တစ်ခုက ဆီးရွှင်စေတာပါ။ ဆီးနည်းနေသူတွေ ဆီးသွားရခက်နေသူတွေ စားသုံးပေးလို့ ရပါတယ်။

    သွေးတွင်း ကိုလက်စထရော ကျဆင်းစေနိုင်ပါတယ်

    သွေးထဲမှာ ကိုလက်စထရော များတာက သွေးကြောကျဉ်းတာ၊ နှလုံး ကျန်းမာရေး ထိခိုက်စေတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရောတွေကို လျှော့ချဖို့ဆိုရင် သဘာဝဆေးနည်း တစ်ခုက ကြောင်လျှာပွင့် စားပေးတာပါ။

    သည်းခြေရည် ထွက်စေနိုင်တယ်

    ကြောင်လျှာပွင့် စားပေးရင်း ရရှိမယ့် နောက်ထပ် အကျိုးကျေးဇူးတစ်ရပ်က အူသိမ်ဦးပိုင်းကို သည်းခြေရည်ရောက်ရှိမှု ကောင်းစေဖို့အတွက် သည်းခြေအိတ်ကနေ သည်းခြေရည် များများ ထွက်ရှိအောင် လှုံ့ဆော်ပေးတာပါ။

    ဒါတွေအပြင် ကြောင်လျှာပွင့်က

    • အဆစ်ရောင်တာတွေ သက်သာစေဖို့
    • ကပ်ပါးပိုးတွေ အန္တရာယ်ကနေ ကာကွယ်ဖို့
    • ဝမ်းမှန်စေဖို့
    • အသက်ရှူ လမ်းကြောင်း ကျန်းမာစေဖို့
    • မှိုပိုးတွေကို ဖယ်ရှားဖို့
    • လိပ်ခေါင်း သက်သာစေဖို့
    • ဝမ်းပျက်ဝမ်းလျှောတာ သက်သာစေဖို့
    • လေပြွန်ရောင်တာ သက်သာစေဖို့
    • လည်ချောင်းနာတာ သက်သာစေဖို့
    • ပါးစပ်ထဲက အနာ သက်သာစေဖို့
    • ခေါင်းကိုက်တာ သက်သာစေဖို့
    • အနာ ကျက်စေဖို့
    • ကိုယ်ခံအားကောင်းဖို့
    • အဖျား သက်သာစေဖို့
    • အစားစားချင်စိတ်ဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    ကဲ …. ကြောင်လျှာပွင့်လေးတွေ ကလည်း အခုလိုလေးတွေ ဆေးဖက်ဝင်ပါတယ်။

    ဘေးထွက်ဆိုးကျိုးများ

    ကြောင်လျှာပွင့်က ပုံမှန်အားဖြင့် အသုံးပြုဖို့ ဘေးကင်းပါတယ်။ ရေတိုမှာပေါ့။ ဒါပေမယ့် ကြောင်လျှာပွင့်ကို အခြားကျန်းမာရေးပြဿနာတွေအတွက် ဆေးသောက်နေရတာရှိရင် တွဲသောက်တာမျိုး မလုပ်ပါနဲ့။။

    သတိပြုရန် အချက်များ

    • နို့စို့ကလေးတွေ နဲ့ ကလေးငယ်လေးတွေကို အသုံးမပြုခိုင်းပါတဲ့။
    • ကိုယ်ဝန်ဆောင်တွေ နို့တိုက်မိခင်တွေ အသုံးပြုလို့ မရပါဘူး။
    • သွေးပေါင်ကျတတ်သူတွေ၊ သွေးချိုကျတတ်သူတွေ အသုံးမပြုသင့်ပါဘူး။
    • ဆီးချိူအတွက် ဆေးသောက်နေရသူတွေ နဲ့
    • သွေးကျဆေးသောက်နေရသူတွေအနေနဲ့လည်း အသုံးမပြုသင့်ပါဘူး။

    ကြောင်လျှာပွင့်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် အလွန်အကျွံ သုံးစွဲတာ သေချာသန့်စင်တာမျိုး မရှိဘူးဆိုရင် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement