အနောက်တိုင်းဆေးပညာကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြတဲ့ တခြားတစ်ဖက်မှာ အနောက်တိုင်းဆေးတွေက ပြင်းတယ်။ ဘေးထွက်ဆိုးကျိုးများတယ်ဆိုပြီး တခြားဆေးနည်း ပြောင်းသုံးကြသူတွေလည်း ရှိပါတယ်။ ဒီနည်းလမ်းတွေထဲမှာ သဘာဝဆေးဖက်ဝင်အပင်များ နဲ့ ရိုးရာဆေးနည်းများကို တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။ ဘယ်လို နည်းလမ်းနဲ့ပဲဖြစ်ဖြစ် နည်းလမ်းမှန်မှန်၊ ကျွမ်းကျင်သူတွေနဲ့ ကုသမယ်ဆိုရင် သက်သာလာနိုင်ပါတယ်။