အသားပိုတွေကြောင့် အလှမပျက်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 13, 2020 . 1 min read
Share now

အရေပြားပေါ်မှာ အသားပိုလေးတွေဖြစ်နေလို့ စိတ်ညစ်နေသူလေးတွေရှိလား…….. ဒါဆိုရင်တော့ အလှပျက်စေတဲ့ အသားပိုလေးတွေကို ဒီနည်းလမ်းလေးတွေသုံးပြီး ဖြေရှင်းလိုက်ရအောင်လား……….

အသားပို ဆိုတာ

အသားပိုဆိုတာက အရေပြားပေါ်မှာ တွယ်ကပ်နေတဲ့ အသားစလေးတွေပါ အရိုးတွေ၊ အကြောတွေ လုံးဝပါမနေတဲ့ အသားသက်သက် အလုံးလေးတွေပေါ့။ လူကို ဒုက္ခမပေးတတ်ပါဘူး။ အရွယ်သေးရင်တော့ အခုပြောပြမယ့်နည်းလေးတွေက အဆင်ပြေစေမှာပါ။

အသားပိုတွေ ဖယ်ရှားပေးမယ့် သဘာဝနည်းလမ်းတွေ

အသားပိုတွေကို ဖယ်ရှားပေးနိုင်မယ့် သဘာဝပစ္စည်းတွေက

Tea tree oil

Tea tree oil မှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားအတွက် အသုံးပြုဖို့ သင့်တော်ပါတယ်။ ဂွမ်းစမှာ Tea tree oil  ကိုစွတ်လို့ အသားပိုနေရာမှာ လိမ်းပေးပြီး နှိပ်နယ်ပေးပါ။ ပြီးရင် ပတ်တီးလေးနဲ့စည်းလို့ တစ်ညထားပါ။ အသားပို မခြောက်မချင်း ညတိုင်းလုပ်ပေးပါ။ အသားပိုက ခြောက်ပြီး ကြွေကျသွားပါလိမ့်မယ်။

ငှက်ပျောခွံ

ငှက်ပျောသီးစားပြီးတဲ့အခါ ငှက်ပျောခွံကို လွှင့်မပစ်ပါနဲ့။ အရေပြားပေါ်က အသားပိုတွေအတွက် အသုံးပြုပေးလို့ရပါတယ်။ ငှက်ပျောခွံက အသားပိုတွေကို ခြောက်စေနိုင်ပါတယ်။

ဒါကြောင့် အသားပိုပေါ်မှာ ငှက်ပျောခွံကို ကပ်လို့ ပတ်တီးလေးနဲ့စည်းပြီး ညတိုင်း ကပ်အိပ်ပါ။ အသားပိုက ခြောက်ပြီး ကြွေသွာပါလိမ့်မယ်။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ထဲကို ဂွမ်းစလေးစိမ်လို့ ရတလာတဲ့ ဂွမ်းစကို အသားပိုပေါ်မှာ ကပ်ပါ။ ပတ်တီးလေးအပေးက ထပ်စည်းလို့ ၁၅ မိနစ် ကနေ နာရီဝက်လောက် ထာားပေးပါ။ ပြီးရင် ရေဆေးချလိုက်ပါ။ ၂ ပတ်၊ ၃ ပတ်လောက် ဆက်တိုက်လုပ်ပေးပါ။ အသားပို ကြွေကျသွားပါလိမ့်မယ်။

ဗီတာမင် E

အသက်အရွယ်ရလာတဲ့အခါ အသားပိုတွေဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် ဗီတာမင် E  သုံးပေးလို့ရပါတယ်။ အသားပိုကို ဗီတာမင် E ပုံမှန်လိမ်းပေးလို့ နှိပ်နယ်ပေးမယ်ဆိုရင် အသားပိုတွေကို ခြောက်သွေ့ပြီး ကြွေကျစေမှာပါ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ အရွယ်တင်စေနိုင်တဲ့ အာနိသင်ရှိပြီး အသားအရေ ရောင်ရမ်းတာကို လျော့ကျစေနိုင်ပါတယ်။ အသားပိုတွေကို ဖယ်ရှားဖို့လည်း အသုံးပြုပေးလို့ရပါတယ်။ ညအိပ်ခါနီးတိုင်း  ကြိတ်ခြေထားတဲ့ ကြက်သွန်ဖြူကို အသားပိုပေါ်မှာ အုံလို့ ပတ်တီးစည်းထားပါ။ မနက်ခင်းမှာ ရေဆေးချလိုက်ပါ။ ညတိုင်းလုပ်ပေးလို့ရပါတယ်။

အသားအရေက ထိခိုက်တုံ့ပြန်လွယ်တဲ့သူတွေဆိုရင်တော့ သေချာလေး စမ်းကြည့်ပြီးမှ လုပ်သင့်ပါတယ်။ အသားပိုက ကြီးလွန်းတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီးမှ ဖယ်ရှားသင့်ပါတယ်။

ကဲ…အသားပိုတွေကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့……… အခုပြောပြတဲ့နည်းလေးတွေကို အသုံးပြုကြည့်လိုက်နော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု က ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ အမျိုးအမျိုးသော အခြေအနေတွေနဲ့ ဖြစ်နိုင်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အမျိုးမျိုးပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

Eye Sunburn နေပူရှိန်ပြင်းပြင်းထဲ အချိန်အကြာကြီး ရပ်နေမိရင် မျက်လုံးတွေ ပြာဝေပြီး မူးသလိုလို မော်သလိုလို ဖြစ်လာတာကို Eye Sunburn လို့ ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဖိနပ်ပေါက် တာက အမျိုးသားရော အမျိုးသမီးပါ ကြုံဖူးမယ့် ပြဿနာပါ။ ဒီပြဿနာကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ဖြေရျင်းမလဲဆိုတာကို ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read